" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 22, 2023

မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်နှင့် ဆက်သွယ် မေးမြန်းချက်

RFA
စန်းမော်အောင်(ဝါရှင်တန်ဒီစီ)
2023.11.21 

==

မြန်မာနိုင်ငံမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့အခြေအနေကို စစ်တမ်းပြုစုထားတဲ့ "အသက်ရှင်ရေးတွက် ရုန်းကန်ရခြင်း" လို့ အမည်ရတဲ့ အစီရင်ခံစာတစ်စောင်ကို ဗြိတိန်နိုင်ငံ ၊ လန်ဒန်မြို့အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်းက နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ တိုက်ပွဲပြင်းထန်လာတဲ့ ရခိုင် ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာရေးအထောက်အပံ့တွေ မရအောင် မြန်မာ စစ်တပ်က တားဆီးပိတ်ပင်နေတာတွေနဲ့ စစ်တပ်က အကြမ်းဖက်တာတွေကို အစီရင်ခံစာမှာ ဖော်ပြ ထား ပါတယ်လို့ မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။ ဦးထွန်းခင်ကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။
RFA- ဦးထွန်းခင်တို့ BROUK က အစီရင်ခံစာအသစ်တစ်စောင်ထုတ်ပြန်လိုက်တာမှာ ဘာကိုအဓိ က ထားပြီး ထုတ်ပြန်လိုက်တာလဲဆိုတာကို ပြောပြပေးပါရှင့်။

ဦးထွန်းခင် - ကျွန်တော်တို့ ရိုဟင်ဂျာတွေက ရခိုင်ပြည်နယ်မှာ အင်မတန်မှ ဆိုးဝါးတဲ့ အခြေအနေတွေ ကြုံတွေ့နေရတာကို ကျွန်တော်တို့ရေးသားထားပါတယ်။ အထူးသဖြင့် လူမျိုးတုံးသတ်ဖြတ်မှု ဒီနေ့ ထက်ထိ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိုးတွေခံနေရတုန်းဆိုတာကို ကျွန်တော်တို့ အထူးသဖြင့် High Light လုပ်ထားပါတယ်။ ရိုဟင်ဂျာအမျိုးသမီးတွေ ကလေးတွေ Humanitarian Aid လို့ခေါ်တဲ့ လူ သားချင်းစာနာမှုထောက်ပံ့မှုတွေ မရကြဘူး။ တစ်ရွာကနေ တစ်ရွာကိုသွားဖို့ ကန့်သတ်မှုတွေရှိ နေ တယ်။ ပြီးတော့ ဆိုင်ကလုန်းမိုခါဖြစ်ခဲ့တဲ့နောက်ပိုင်းမှာ ရိုဟင်ဂျာတွေက လေးသောင်းခုနှစ် ထောင် ကျော် အခုထိ ခိုလှုံခွင့်မရှိဘဲ နေနေရတဲ့အနေအထားမှာရှိနေတယ်။ ပြီးတော့ တစ်သိန်းလေးသောင်း ရိုဟင်ဂျာတွေ IDP Camp မှာရှိနေတဲ့ စစ်တွေက ရိုဟင်ဂျာတွေဟာ သူတို့ရဲ့အခြေအနေတွေက... စား ဝတ်နေရေး သူတို့စားသောက်ဖို့ အစားအသောက်တွေလုံလုံလောက်လောက်မရှိတာရယ်။ သူတို့နေ ထိုင်ဖို့ကို တဲအိမ်တစ်အိမ်လောက်တောင် သူတို့မှာမရှိဘူး။ ပြီးတော့ လူသားချင်းစာနာမှုတွေ နှောင့် နှေး ကြန့်ကြာအောင် အကြမ်းဖက်စစ်တပ်ကလုပ်နေတာတွေ ပြီးတော့ ဆေးရုံတွေ သွားလာခွင့်ပိတ် ပင်ထားတာတွေ ပြီးတော့ အစအစရှိတဲ့ ဂျီနိုဆိုက်လို့ခေါ်တဲ့ လူမျိုးတစ်မျိုးကို တကယ်ကိုစနစ် တကျ သုတ်သင်ရှင်းလင်းတဲ့စီမံကိန်းတစ်ခုပေါ်မှာ ရိုဟင်ဂျာတွေက ခံနေရတယ်ဆိုတာကို ကျွန်တော်တို့က ဖော်ပြထားပါတယ်။

RFA - ဒီအစီရင်ခံစာထဲမှာပေါ့နော်။ ARSA ရဲ့ လှုပ်ရှားမှုကိုလည်း ဖော်ပြထားတာကိုလည်း တွေ့ရ ပါတယ်ရှင့်။ ဒီအတွက် ရခိုင်ပြည်နယ်မှာရှိနေတဲ့ရိုဟင်ဂျာတွေရောရခိုင်တိုင်းရင်းသားတွေအတွက် ပါ လုံခြုံရေးအတွက် စိုးရိမ်နေရတာတွေ့နေရပါတယ်လို့လည်း ပြောထားပါတယ်ရှင့်။ ဒါနဲ့ပတ် သက်လို့ရော ဘာများပြောချင်ပါလဲရှင့်။

ဦးထွန်းခင် - ရိုဟင်ဂျာတွေက ကြားညှပ်ခံနေရတယ်။ Arakan Army လို့ခေါ်တဲ့ AAနဲ့လည်းတိုက်ခိုက် မှု တွေရှိနေတယ်။ တစ်ဖက်မှာ ARSA ရှိနေတယ်။ ဒီလိုကြားထဲမှာ ကျွန်တော်တို့ ရိုဟင်ဂျာပြည်သူတွေ က ကြားညှပ်ပြီး အန္တရာယ်ရှိတဲ့အနေအထားမှာရောက်နေပါတယ်။ အဲဒီ့အတွက်ကြောင့် အရမ်းကို စိုး ရိမ်ပူပန်စရာရှိနေတဲ့အကြောင်း ကျွန်တော်တို့ ဖော်ပြထားပါတယ်ခင်ဗျ ။

RFA - ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေတင်မကဘူးပေါ့နော်။ အခုဆိုရင် စစ်ကောင်စီကိုဆန့်ကျင်တဲ့ သူမှန်သမျှကို ဖိနှိပ်နေတာပေါ့နော်။ ဒါတွေအဆုံးသတ်ဖို့က ဘာတွေဆောင်ရွက်ဖို့ သင့်ပါသလဲရှင့်။

ဦးထွန်းခင် - အဆုံးသတ်ဖို့ကတော့ အဓိကကတော့ စစ်ကောင်စီကို ကျွန်တော်တို့က ရာဇဝတ်မှုကျူး လွန် ထားတဲ့ ဂျီနိုဆိုက်လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ကျုးလွန်ထားတဲ့ လူသားမျိုးနွယ်အပေါ်မှာ ရာဇဝတ်မှုကျူးလွန်ထားတဲ့ စစ်တပ်ကိုအရေးယူဖို့ အရေးတကြီးလိုအပ်နေပါပြီဆိုတာကို နိုင်ငံတကာ ကို ကျွန်တော်တို့ ပြောထားတယ်။ တိုက်တွန်းထားပါတယ်။ နောက်တစ်ခုကျတော့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာအပါအဝင် တခြားလူမျိုးစုတွေအားလုံးအနေနဲ့ လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့မှု တွေရဖို့ လိုအပ်တယ်။ ကျွန်တော်တို့နိုင်ငံမှာ စစ်တပ်ဟာ ရိုဟင်ဂျာအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ လူမျိုးစုအားလုံးတွေကို ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ လုပ်နေတယ်။ ရိုဟင်ဂျာတွေဆိုရင် လူမျိုး တုံးသတ်ဖြတ်မှုတွေခံနေရတယ်။ တခြားလူနည်းစုတွေဆိုရင် တစ်နိုင်ငံလုံးမှာ နေ့စဉ်နဲ့အမျှ စစ်တပ်က အကြမ်းဖက် ရက်ရက်စက်စက်ကြမ်းကြုပ်မှုတွေ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ အဲဒါကြောင့် နိုင် ငံတကာအနေနဲ့ အခုရှိနေတဲ့ ဖိအားနဲ့မဖြစ်ဘူး။ နိုင်ငံတကာအနေနဲ့ အထူးသဖြင့် ဒီစစ်တပ်ကို တရား ခွင်ပေါ်မှာအရေးယူဖို့၊ ပြီးတော့ တရားမျှတမှု ရိုဟင်ဂျာအပါအဝင် နိုင်ငံသားတိုင်းအားလုံးတရားမျှ တ မှုရဖို့၊ စစ်တပ်သည် ကျွန်တော်တို့နိုင်ငံကို ကိုယ်စားမပြုဘူးဗျ။ ကျွန်တော်တို့ နိုင်ငံမှာ အခုတိုင်းရင်း သားအားလုံးညီညွတ်တဲ့ လူမျိုးစုအားလုံးညီညွတ်တဲ့ တကယ့်ကိုစစ်တပ်အနေနဲ့ ဖိအားတွေအများကြီး ရှိပြီးတော့ ဒီစစ်တပ်ကလုံးဝကို ရက်စက်မှုတွေလည်း ကမ်းကုန်နေပြီ။ ဒီစစ်တပ်ကို နိုင်ငံသူ နိုင်ငံသား အားလုံး တကယ်ကို ဒီနွေဦးတော်လှန်ရေးနဲ့ ဆန့်ကျင်တိုက်ခိုက်တဲ့အပေါ်မှာ နိုင်ငံတကာအား ပေးမှု လည်း လိုပါတယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့ တောင်းဆိုနေပါတယ်။

RFA - တရားမျှတမှုအတွက် နိုင်ငံတကာက ဖိအားပေးဖို့ ဘာတွေများလိုအပ်ချက်များရှိနေလဲလို့ ပြောချင်ပါလဲရှင့်။

ဦးထွန်းခင် -ဒီတရားမျှတမှုအတွက် နိုင်ငံတကာကနေ အကြမ်းဖက်စစ်ကောင်စီကို အရေးယူဖို့ဆို တဲ့ နေရာမှာ ICC ကို Refer လုပ်ရမယ်။ ပြီးတော့ ရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့ အမှုတွေမှာ နိုင်ငံတကာ ကနေ ပိုပြီး အားပေးအားမြှောက်ဖို့လိုပါလိမ့်မယ်။ ဒီ့ထက်မက အခု ကူညီအားပေးမှုတွေရှိနေတယ်။ လွန်ခဲ့တဲ့တစ်ပတ်ကဆိုရင် ICJ ဆိုတဲ့ International Court of Justice တရားရုံးမှာ ဂမ်ဘီယာ ကစွဲထားတဲ့ ရိုဟင်ဂျာအမှုမှာဆိုရင် နိုင်ငံပေါင်း ခုနစ်နိုင်ငံအထိကို ပါလာနေပြီ။ ပြီးတော့ ဒီ့ထက်မ က ပိုပြီး အားပေးမှုတွေရှိဖို့လိုတယ်။လုံခြုံရေးကောင်စီမှာလည်းအစည်းအဝေးထိုင်ပြီးတော့မြန်မာ့အရေး ကို ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်မှု ၊ မြန်မာတစ်နိုင်ငံလုံးမှာ Crime Against Humanity လို့ ခေါ် တဲ့ လူသားမျိုးနွယ်အပေါ်မှာ ရာဇဝတ်မှုတွေကျူးလွန်နေတဲ့အတွက်ကြောင့် အရေးယူဖို့ အရေး တကြီးလိုအပ်နေပြီ။ အဲဒါတွေကို Action ယူဖို့ လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့ တောင်းဆို ထား ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */