Showing posts with label လွှတ်တော်. Show all posts
Showing posts with label လွှတ်တော်. Show all posts

Wednesday, May 27, 2020

ဗိုလ်ချုပ်ရုပ်ရုင် အတွက် ဘက်ဂျက်တောင်းခံမှုကို ဝန်ကြီး ဌာနပြန်ရှင်း


B B C
ဘီဘီစီ မြန်မာပိုင်း
မေလ ၂၇  ၂၀၂၀
အပြည်ပြည်ဆိုင်ရာပူးပေါင်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင်က ပြန်ရှင်း
 
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖြည့်စွက်ဘတ်ဂျက်တောင်းခံမှုမှာ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအတွက် ဘတ်ဂျက် တောင်းခံမှု ပါဝင်နေတာနဲ့ ပတ်သက်လို့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ တင်ပြ တောင်းခံခဲ့တာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုယ်စား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦး ကျော်တင် မေလ ၂၇ ရက်နေ့ ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းဝေးမှာ ရှင်းလင်းသွားခဲ့ပါ တယ်။

Monday, July 15, 2019

ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းနဲ့ ဘီဘီစီ အင်တာဗျူး

B B C
ဘီဘီစီ မြန်မာပိုင်း
၁၅ ရက် ဇူလိုင် ၂၀၁၉။
ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဦးမြသန်း နဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂအတွင်းရေး မှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရှာရနာဘူဂနာ လာရောက်စဉ် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေ၊ ရခိုင် စစ်ဘေးရှောင်တွေ အပေါ် အကူ အညီပေးရေး လွှတ် တော်ရဲ့ အခန်းကဏ္ဍ၊ တပ်မတော်နဲ့ အေအေ တိုက်ပွဲ ဖြစ်ပွားနေမှု အပေါ် သူရဲ့ သဘော ထားနဲ့ ရိုဟင်ဂျာတွေ ပြန်လည် ခေါ်ယူရေးကိစ္စစတာတွေကို ဘီဘီစီက မေးမြန်းထားပါတယ်။

Saturday, June 15, 2019

မြန်မာစစ်တပ်ကို အရေးယူမယ့် ဥပဒေကြမ်း အောက် လွှတ်တော်မှာ တင်သွင်း

ဗွီအိုအေ (မြန်မာပိုင်း)
13 ဇွန်၊ 2019
ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်ကို ဒဏ်ခတ် အရေး ယူ မယ့် ဥပဒေမူကြမ်း တခုကို အမေရိကန် နိုင်ငံရေး ပါတီကြီး ၂ ခုက ထိပ်တန်းလွှတ်တော် အမတ် ၂ ယောက်က ပူးတွဲအဆိုပြုလိုက်ပါတယ်။

Saturday, April 27, 2019

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အရေးယူဖို့ KOA က အမေရိကန်အစိုးရကို တောင်းဆို

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-04-26



အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေးယိုဆီ ပေးပို့တဲ့ အမေရိကန်ရောက် ကရင်တိုင်းရင်းသားများအဖွဲ့ KOA ရဲ့ ပေးစာ။

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အမေရိကန်အစိုးရအနေနဲ့ အရေး ယူပိတ် ဆို့ဖို့ KOA ခေါ် အမေရိကန်ရောက် ကရင်တိုင်းရင်းသားများအဖွဲ့က မနေ့က တောင်းဆိုလိုက် ပါတယ်။

Monday, March 18, 2019

လွှတ်တော်မှာ တပ်မတော်သားပါဝင်မှု ဖယ်ရှားဖို့ ရခိုင် အမျိုးသားပါတီတင်ပြ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-18
၀င်းကိုကိုလတ်

တပ်မတော်သား ကိုယ်စားလှယ်တွေကို တွေ့ရစဉ်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးမှာ လွှတ်တော်တွင်းက တပ်မတော် သား ကိုယ်စားလှယ်တွေကို ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့ ကိုယ်စားလှယ်တချို့ရှိပေမယ့် အင်န်အယ်လ်ဒီ ပါတီကတော့ တဆင့်ချင်း လျှော့ချဖို့ အကြံပြုတာတွေ ရှိတယ်လို့ ကော်မတီဝင်တချို့က RFA ကို ပြော ပါတယ်။

Wednesday, February 6, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် ဆန္ဒမဲအများစုဖြင့် လွှတ်တော်အတည်ပြု

DVB
By ပိုင်စိုး,  
6 February 2019
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ အရေးကြီးအဆိုကို ဒီကနေ့ ဖေဖော် ဝါရီ ၆ ရက်မနက် ပြည်ထောင်စုလွှတ်တော်မှာ ထောက်ခံမဲအများစုနဲ့ အတည်ပြုလိုက်ပါတယ်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၆၂၁ ဦးအနက် ကိုယ်စားလှယ် ၆၁၁ မဲ ပေးခဲ့ကြရာမှာ ထောက်ခံဆန္ဒမဲပေါင်း ၄၁၄ မဲ၊ ကန့်ကွက်မဲပေါင်း ၁၉၁ မဲ၊ ကြားနေမဲ ၆ မဲပေးခဲ့ကြပြီး ထောက်ခံမဲ များတဲ့ အတွက် ဒီအဆိုကို လွှတ်တော် နာယကက အတည်ပြုလိုက်တာပါ။

Tuesday, January 29, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဖွဲ့ဖို့ အဆို တပ် ကိုယ်စား လှယ်တွေ မတ်တပ်ရပ်ကန့်ကွက်



The Standard Time Daily



ဇန္နဝါရီ-၂၉၊၂၀၁၉
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို ဖွဲ့စည်းဖို့ အရေးကြီးအဆိုကို ဒီချုပ်ပါတီကိုယ်စား လှယ် ဦးအောင်ကြည်ညွန့်က ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

ဦးအောင်ကြည်ညွန့်ရဲ့ အဆိုဟာ ပြည်ထောင်စုလွှတ်တော်ဥပဒေနဲ့ ကိုက်ညီမှုမရှိဘဲ ဥပဒေကို လက်တ လုံးခြား လုပ်တယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှုးချုပ်မောင်မောင်က ပြောကြားခဲ့ပြီး မဲခွဲဆုံးဖြတ်စရာမလိုဘူးလို့လည်း ဆိုပါတယ် ။

တပ်ကိုယ်စားလှယ်ရဲ့ ကန့်ကွက်မှုကို ပြည်ထောင်စုလွှတ်တော်နာယကကလက်မခံဘဲ ပယ်ချခဲ့ပါတယ်။နာယက ရဲ့ ပယ်ချမှုကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံးက တစ်မိနစ်ခန့်ကြာ မတ်တပ်ရပ်ကန့်ကွက်ခဲတာ ပါ။

လွှတ်တော်အစည်းအဝေးခန်းထဲမှာ မတ်တပ်ရပ်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကို လွှတ်တော် စည်း ကမ်း ထိန်သိမ်းရေးအတွက် ပြန်ထိုင်ကြဖို့ ပြည်ထောင်စုလွှတ်တော်နာယကက နှစ်ကြိမ်ပြောကြားပြီး တောင်း ပန်ခဲ့တာပါ။ 

ဒီအဆိုဟာ ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာလည်း အလားတူပုံစံမျီုးနဲ့ ကော်မတီဖွဲ့စည်းပြီး လုပ်ငန်းတွေ ဆောင် ရွက်ခဲ့တဲ့အတွက် ဥပဒေနဲ့ညီညွတ်ကြောင်း ဒီချုပ်ပါတီက ဒေါက်တာမြတ်ဉာဏစိုးက တင်သွင်း ခဲ့ပြီး နောက်မှာ တော့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ထောက်ခံမဲ ၃၉၄ မဲနဲ့ အဆိုကို ဆွေးနွေးဖို့ အ တည်ပြုခဲ့ပါတယ်။

မဲပေးခွင့်ရှိသူပေါင်း ၆၀၁ ဦးမှာ ထောက်ခံမဲ ၃၉၄၊ ကြားနေမဲ ၂မဲ၊ ကန့်ကွက်မဲ ၁၈ မဲရှိခဲ့တဲ့အတွက် မဲလုံးဝ မပေးတဲ့အရေအတွက်က ၁၈၇ ဦးဖြစ်ပါတယ်။

Thursday, February 7, 2013

( 07.02.2013 ) Dr. Aye Maung submitted a proposal at Amyothar Hluttaw


Dr. Aye Maung submitted a proposal at Amyothar Hluttaw (Upper House ) on 7 February 2013. The proposal is "so called Bengali Uprising in Rakhine State ". It was objected by U Hla Swe (USDP Party)
----------------------------------------------------
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */