RFA
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးမှာ လွှတ်တော်တွင်းက တပ်မတော် သား ကိုယ်စားလှယ်တွေကို ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့ ကိုယ်စားလှယ်တချို့ရှိပေမယ့် အင်န်အယ်လ်ဒီ ပါတီကတော့ တဆင့်ချင်း လျှော့ချဖို့ အကြံပြုတာတွေ ရှိတယ်လို့ ကော်မတီဝင်တချို့က RFA ကို ပြော ပါတယ်။
လွတ်လပ်တဲ့ အာရှအသံ
2019-03-18
၀င်းကိုကိုလတ်
တပ်မတော်သား ကိုယ်စားလှယ်တွေကို တွေ့ရစဉ်
ဒါနဲ့ပတ်သက်လို့ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကို မေးမြန်းရာမှာတော့ တရား ဝင်ထုတ်ဖော်ပြောဆိုလို့ မရသေးကြောင်း ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဟာ လွှတ်တော်ဖွဲ့စည်းပုံတွေနဲ့ပတ်သက်တဲ့ အခန်း ၄ ဥပဒေပြုရေးပါ ပုဒ်မ တစ်ဝက်လောက်ကို သုံးသပ်ပြီးဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၄၄၀ ဦးမှာ တပ်မတော် သား ၂၅ ရာခိုင်နှုန်းပါဝင်မှုအရ အယောက် ၁၁၀၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၂၂၄ ဦး မှာ တပ်မတော်သား ဦးရေ ၅၆ ဦးထက်မပိုတဲ့ အရေအတွက်နဲ့ ဖွဲ့စည်းရမယ်လို့ ပြဌာန်းထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။
Link : Here
No comments:
Post a Comment