" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 27, 2019

ဖမ်းခံရသူ ရဲစခန်းမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး AA ပြန်လွှတ်

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန် ၊27 ဖေဖော်ဝါရီ၊ 2019 
ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)

ရခိုင့်တပ်မတော်ကနေဖမ်းဆီးထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် သံထောင်ကျေးရွာ ရဲစခန်းမှူးနဲ့ ကျေးရွာ အုပ်ချုပ်ရေး မှူးတို့နှစ်ဦး ဒီကနေ့ ညနေပိုင်းမှာပြန်လည်လွတ်မြောက်လာပြီးဖြစ်ပါတယ်။ ဘာ သာရေးခေါင်း ဆောင် တွေကနေလာရောက်ရွေးယူဖို့ AAဘက်ကကမ်းလှမ်းလာပြီးနောက် အခုလိုပြန် လည်လွတ်မြောက်လာတာပါ။ အဖမ်း ခံရသူနှစ်ဦးအနေနဲ့ ညှင်းပန်းမှုမခံရပေမဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တော့ရှိနေတယ်လို့ သွားရောက်ကြည့်ရှုခဲ့တဲ့ ရပ်မိရပ်ဖတဦးကပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထား ပါတယ်။

ဖမ်းဆီးခံရတဲ့ ပလက်ဝမြို့နယ် သံထောင်ကျေးရွာရဲစခန်းမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှစ်ဦးကို အာမခံ နဲ့လာရောက်ရွေးယူဖို့ AAဘက်က ကမ်းလှမ်းလာပြီးတဲ့နောက် ဘာသာရေးခေါင်းဆောင် နှစ်ဦးကနေ သွားရောက်ခေါ်ယူဆောင်လာ တယ်လို့ သံထောင်ရွာရပ်မိရပ်ဖတဦးဖြစ်တဲ့ ပူးရိုနင်ကပြောပါတယ်။

“အခုလေးတင်ရောက်လာတယ်။ (၅)နာရီမထိုးခင်လေးပေါ့နော်။ ကျန်းကျန်းမာမာပါဘဲ။ သူတို့က ဟိုတနေ့ က လာကမ်းလှမ်းတယ်လေ။

ဘုန်းတော်ကြီးတွေနဲ့ရပ်မိရပ်ဖတွေလာရွေးပါဆိုပြီးမှ ကမ်းလှမ်းလာတယ်။ ကမ်းလှမ်း လာတော့ အဲဘုန်း တော် ကြီးနှစ်ပါးကနေပြီးမှ သွားရွေးတယ်။ ဒီနေ့သွားခဲ့တယ်ပေါ့နော။ ပလက်ဝမြို့နယ်ဘူးစင်ရွာ။ဟုတ်ကဲ့ ပူးရိုနင်ရေ။ သူတို့ကိုပြန်လွှတ်ပေးဖို့အတွက် AAဘက်က ဘယ်လို သတိပေးတာမျိုးရှိတယ်လို့ ကြားမိ လဲခင်ဗျ။

ဖြေ။ ။ အဲတာတော့ကျွန်တော်တို့အသေးစိပ်မသိရသေးဘူး။ သူတို့ကလဲသိပ်ပင်ပန်းနေတော့လေ ကျွန် တော် တို့ မေးဖို့လဲအားနာတယ်။”

သူတို့ကိုညှင်းပန်းနှိပ်စက်တာမျိုးခံရတယ်လို့ ပြောဆိုသံကြားမိသေး လားခင်ဗျ။

ဖြေ။ ။ ညှင်းပမ်းနှိပ်စက်တာတော့မရှိလောက်ဘူးလို့ထင်တယ်။

ကျန်းကျန်းမာမာတော့ကျန်းကျန်းမာမာပါဘဲ တွေ့ရ တာတော့။ စိတ်ပိုင်းဆိုင်ရာတော့ ထိခိုက်မှာဘဲ ဒဲဒီတောထဲမှာ (၂)ရက်(၃)ရက်နေရတယ်ဆိုတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတော့ရှိမှာဘဲ။”

သံထောင်ကျေးရွာရဲစခန်းမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေး မှူးတို့နှစ်ဦး ဖမ်းဆီးခံရပြီး(၅)အကြာ ဒီကနေ့မှာ AA
 အဖွဲ့က နေ ဗူးစင်ရွာဘက်မှာပြန်လည်လွှတ်ပေးခဲ့တာပါ။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ(၂၂)ရက်နေ့က ရခိုင်လက်နက်ကိုင်AAအဖွဲ့ကနေ ပလက်ဝမြို့နယ် သံထောင်ကျေးရွာ ရဲကင်း စခန်းမှူးဆလိုင်းဘီးဖာနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချားဟော်တို့ကို ဖမ်းဆီးသွားခဲ့ပြီး ရဲစခန်းကိုလဲ တိုက်ခိုက်ခဲ့ တဲ့ဖြစ်စဉ်ဖြစ်ပွါးခဲ့ပါတယ်။

ရခိုင့်တပ်မတော်ဘက်က ကတော့ ရဲစခန်းမှူးအနေနဲ့ ကျေးရွာသားတွေအပေါ် နိုင်ထက်စီးနင်းမှုတွေပြု လုပ်နေတဲ့ အတွက် ပညာပေးတဲ့အဆင့်အနေနဲ့ ဖမ်းဆီးခေါ်ဆောင်တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ကျေးရွာသား တ ဦးဖြစ်တဲ့ခိုင်ဒူဝံကတော့ အခုလိုလွတ်မြောက်လာတဲ့အတွက် ဝမ်းမြောက်ကြောင်း ဆိုပါ တယ်။

“ဘာဘဲဖြစ်ဖြစ်လေ အသက်မသေဘဲနဲ့ပြန်လွတ်မြောက်လာတာကိုက ကျွန်တော်တို့က ကျေနပ်ပါတယ်။”

ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့အကြား တိုက် ပွဲဖြစ် ပွါးမှုကြောင့် ရှင်းလက်ဝနဲ့ခမောင်းဝကျေးရွာအုပ်စုတွေကဒေသခံရွာသား(၈၀၀)ကျော် ဘင်္ဂလားဒေ့ရ်ှ နယ်စပ်နဲ့ နီးစပ်ရွာကျေး ရွာ တွေမှာခိုလှုံနေရပါတယ်။

တိုက်ပွဲဖြစ်စဉ်အတွင်း နှစ်ဖက်တပ်ဖွဲ့တွေကနေ ရွာသားတွေကိုအပြန်အလှန်ဖမ်းဆီးမှုတွေလဲရှိနေပါတယ်။

ပြီးခဲ့တဲ့ဇန္နာဝါရီလတုန်းက မြန်မာစစ်တပ်နဲ့AAအဖွဲ့တို့ ရှင်းလက်ဝကျေးရွာအထက်ဘက် တိုက်ပွဲဖြစ်ပွါး အပြီး နယ်မြေခံ မြန်မာစစ်တပ်ကနေကျေးရွာသား(၃)ဦးကိုဖမ်းဆီးမှုတွေဖြစ်ပွါးခဲ့တယ်လို့ဒေသခံတွေ ကပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ကျောက်တော်ဘက်ကိုတိမ်းရှောင်လာတဲ့ ရှင်းလက်ဝရွာသား(၂၆)ဦးကို တပ်မတော် ကနေ ဒီလ(၄)ရက်နေ့မှာ မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့တရားစွဲဆိုခဲ့ပြီး (၁၃)ဦးပြန်လည် လွတ် မြောက် ခဲ့ပေမဲ့ လက်ရှိ(၁၃)ဦးအမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */