( 17.11.2016 )
ထိန်းသိမ်းထားသူတစ်ဦး မောင်တောဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများမှ နိုဝင်ဘာ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီ ခွဲတွင် ပွင့်ဖြူချောင်းကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် ဖမ်းဆီးရမိသော အကြမ်းဖက် ဘင်္ဂါလီ (၄၁) ဦးတွင် ပါဝင်သူ ဝက်ပြင်ကျေးရွာနေ မာမက်တာဟတ်(၂၈)နှစ်(ဖ)ဂူရာမျာ သည် မောင်တောမြို့မရဲစခန်း၌ ထိန်းသိမ်း ထားစဉ်ကျန်းမာရေး ချို့တဲ့သဖြင့် နိုဝင်ဘာ (၁၆)ရက်ညနေ(၄)နာရီတွင်မောင်တော မြို့နယ် ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်၍ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။













အောင်မင်္ဂလာကျေးရွာတွင် ကျန်ရှိနေသည့် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ နေအိမ် ကိုစွန့်ခွာ ရန် အသင့်ဖြစ်နေကြပြီ။ ၎င်းတို့ကို လိုက်ပါခွင့်ရနိုင်မည့်ကားကိုမျှော်ကာ အထုပ်အပိုးများကို နေအိမ် ရှေ့တွင်စုပုံထားကြသည်။ အသက်အာမခံချက်မရှိသည့် ယင်းနေရာတွင် နေအိမ်ကို စွန့်ခွာသွားရန်မှအပ အခြား နည်းလမ်း နတ္ထိ။