" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 18, 2016

( 17.11.2016 ) အကြမ်းဖက် မသင်္ကာသူ (၅၉) ဦး မောင်တောမြို့နယ်၌ ထပ်မံဖမ်းဆီးရမိ


            
အကြမ်းဖက် မသင်္ကာသူ (၅၉) ဦး မောင်တောမြို့နယ်၌ ထပ်မံဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျားခေါင်းတောင်ကျေးရွာ၊ ဂွဆုံကျေးရွာ၊ ဒါးကြီးဇား ကျေးရွာများသို့ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးတစ်ဦး ဦးဆောင်သည့် အဖွဲ့သည် နိုဝင်ဘာ လ ၁၆ ရက်၊ နံနက် ၁၀ နာရီက ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက်သမားဟု ယူဆရသော မသင်္ကာသူ ၅၉ ဦးအားဖမ်းဆီးရမိခဲ့သည်။


အဆိုပါ မသင်္ကာသူ ၅၉ ဦးမှ ဂွဆုံကျေးရွာနေ ရှော်ရှီးတာမောက် (၅၂) နှစ်(ဖ) အာဘီအပါအဝင် ဂွဆုံကျေး ရွာ မှ (၂၁) ဦး၊ ကျားခေါင်းတောင်ကျေးရွာမှ ၉ ဦးတို့အားညနေ ၅ နာရီ ၃၅မိနစ်တွင်အမှတ်(၃)နယ်ခြားစောင့် ကွပ်ကဲမှုအဖွဲ့မှူးရုံးတွင် လည်းကောင်း၊ ဂွဆုံကျေးရွာနေ ကျပန်းလုပ်ငန်းလုပ်ကိုင် သည့်ဟာ မတ်ဒူ လာ(၁၅ )နှစ် (ဖ)နုလာရာလ်လောင်အပါအဝင် ဂွကျေးရွာမှ ၁၅ ဦး၊ ကျားခေါင်းတောင်ကျေးရွာမှ ၁၂ ဦး၊ ဒါးကြီး ဇားကျေးရွာမှ ၁ ဦး၊ ဦးဆိန်ကျကျေးရွာမှ ၁ ဦးတို့အားညနေ ၅ နာရီ ၄၅ မိနစ်တွင် အမှတ်(၄) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးတွင် လည်းကောင်း ခေတ္တထိန်းသိမ်းထားရှိကြောင်းသိရှိရသည်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */