Friday, November 18, 2016

( 17.11.2016 ) HRW ၏ အစီရင်ခံစာပါ အချက် အလက် များကို ရှင်းလင်း တင်ပြခြင်း

HRW ၏အစီရင်ခံစာပါ အချက်အလက်များကို ရှင်းလင်းတင်ပြခြင်း
                                                    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
                                      နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ
                                                 သတင်းထုတ်ပြန်ချက်အမှတ် ၁/၂၀၁၆
                                         ၁၃၇၈ ခုနှစ်၊တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်
                                                  (၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်)


၁။ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်ထုတ် Bangkok Post သတင်းစာ ပါ မောင်ေ တာနယ်မြေ အတွင်း လူနေ အဆောက်အဦများ မီးရှို့ဖျက်ဆီးခံရသည့် သတင်းနှင့်ပတ်သက်၍ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့၏ ထုတ်ပြန်ချက်အား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့ထုတ် နိုင်ငံ ပိုင်သတင်းစာများ တွင် သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

၂။ ၎င်းသတင်းနှင့်ပတ်သက်၍ တိကျစွာထုတ်ပြန်နိုင်ရန် တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ဝါး ပိတ်ကျေးရွာ ၊ ကြက်ရိုးပြင်ကျေးရွာ၊ဒါးကြီးဇားကျေးရွာနှင့် ပတ်ဝန်းကျင်နယ်မြေများအား လှည့် လည်၍ ဓာတ်ပုံရိုက်ခြင်း၊ မျက်မြင်စစ် ဆေးခြင်းတို့အား နိုဝင်ဘာ ၁၅ ရက် ညနေပိုင်း၌ ဆော င်ရွက်ခဲ့ရာ ဝါးပိတ် ကျေးရွာ၌ အဆောက် အဦ ၁၀၅ လုံးခန့် ၊ ကြက်ရိုးပြင်ကျေးရွာ၌ အဆောက်အ ဦ ၃၀ လုံးခန့်၊ ဒါးကြီးဇား ကျေးရွာ၌ အဆောက်အဦ ၃၀လုံးခန့် ၊ ပြောင်ပိုက်ကျေး ရွာ၌ အဆောက်အဦ ၂၀လုံးခန့်မီးလောင်ပျက်စီးခဲ့ကြောင်း စစ်ဆေးတွေ့ ရှိရ သည်။

၃။ ဝါးပိတ်ရွာ၌ နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းတွင် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၁၀ ဦးခန့် ဝင်ရောက်လာ
ကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးအဖွဲ့များက သွားရောက်ရှင်းလင်းရာ အကြမ်း ဖက် တိုက်ခိုက် သူများသည် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးပြီး ထွက်ပြေး သွားခဲ့ကြောင်း နိုဝင်ဘာ ၁၄ ရက်ထုတ် မြဝတီသတင်းစာနှင့် မြဝတီရုပ်မြင်သံကြား၌ ဖော်ပြခဲ့ပြီးဖြ စ်သည်။ Bangkok Post သတင်းစာ၌ HRW- Human Rights Watch က ထုတ်ပြန်ထားသည့် ဂြိုလ်တုသတင်းဓာတ်ပုံများ အား အခြေခံ၍ သ တင်းရေးသားထားသဖြင့် နိုဝင်ဘာ ၁၃ ရက်နေ့ မတိုင်မီကတည်းကပင် ဝါးပိတ် ကျေးရွာ၌ အဆောက် အဦ ၁၀၀ ခန့်မီးရှို့ခံရကြောင်း စွပ်စွဲဖော် ပြ ထားကြောင်းတွေ့ရှိရသည်။ ၎င်း ကျေးရွာ၌ HRW ၏ သ တင်းဖော်ပြ ချက်မတိုင်မီ မီးလောင်ပျ က်စီး အဆောက်အဦ ၂၅ လုံးသာရှိကြောင်း အောက်တို ဘာ ၁၃ ရက်နေ့ထုတ် မြဝတီ သတင်း စာနှင့် မြဝတီရုပ်မြင်သံကြားတို့၌လည်းသတင်း ဖော်ပြပြီးဖြစ်ပါသည်။ ထို့ကြောင့် စစ်ဆေး တွေ့ ရှိချက်များအရ ဝါးပိတ်ကျေးရွာ တွင် မူလရှိရင်း အဆောက် အဦ ၂၆၁ လုံး၊ မီးလောင်ပျက်စီး မှု အဆောက်အဦ ၁၀၅ လုံး ရှိကြောင်းတွေ့ရှိရသည်။ Bangkok Post ၌ ကြက်ရိုး ပြင်ကျေးရွာတွင် အဆောက် အဦ ၂၄၅ လုံးမီးရှို့ဖျက်ဆီးခံရကြောင်း ဖော်ပြ ခဲ့သော်လည်း စစ်ဆေးချက်များ အရ ၎င်းကျေး ရွာ၌ မူလရှိရင်း အဆောက်အဦ ၃၆၂ လုံးရှိပြီး ၃၀ လုံးခန့်သာ မီးလောင် ပျက်စီးကြောင်း တွေ့ရ သည်။ အ လားတူ ၇၀၀ လုံး မီးရှို့ဖျက်ဆီးခံရကြောင်း စွပ်စွဲဖော်ပြခဲ့သော ဒါးကြီးဇားကျေးရွာ၌ မူလရှိရင်း အဆောက်အဦ ၃၃၀ လုံးသာ ရှိခဲ့ပြီး စစ်ဆေးချက်များအရ အဆောက်အဦ ၃၀ လုံးခန့်သာ မီးလောင် ပျက်စီးကြောင်း မြေပြင်၌တွေ့ ရ သည်။ HRW ၌ ပြောင်ပိုက်ကျေး ရွာတွင် အဆောက်အဦ ၈၅ လုံး မီးလောင် ခဲ့ကြောင်း ဖော်ပြထားသော် လည်း စစ်ဆေးချက်များအရ ၂၀ လုံးသာ မီးလောင်ပျ က်စီးမှု ရှိကြောင်းတွေ့ ရှိရသည်။ ၎င်းမီးလောင်ပျက်စီး မှုမှာလည်း အကြမ်းဖက်သ မားများ၏ ရှို့မီးကြောင့် သာြ ဖစ်ကြောင်း သ တင်း ထုတ်ပြန်ပြီးဖြစ်သည်။

၄။ ရဟတ်ယာဉ်ဖြင့် မီးလောင်ပျက်စီးမှုများအား ဝေဟင်မှ ကြည့်ရှုစစ်ဆေးရာတွင် ညနေ ၃ နာရီခန့် ၌ ရေ ခပ်ချောင်းဂွဆုံကျေးရွာသို့ ရောက်ရှိစဉ် အဆောက်အဦတချို့ မီးလောင်နေကြောင်း တွေ့ရှိရသဖြင့် ပတ် ဝန်းကျင်တွင်လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းများ သို့အကြောင်းကြား၍ ဝိုင်း ဝန်း မီးငြှိမ်းသတ်စေခဲ့ရာ အဆောက်အဦ ၁၇ လုံး မီးလောင်ခဲ့ ကြောင်း သိရှိရသည်။

၅။ မောင်တောနယ်မြေအတွင်း အကြမ်းဖက်လှုပ်ရှားနေသော အကြမ်းဖက်သမားများ အနေဖြင့် နယ်မြေ ရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များအပေါ် အထင်အမြင် လွဲ မှား စေရေး ၊ ကျေးရွာ များ အား မီးရှို့ဖျက် ဆီးလျက်ရှိကြောင်းနှင့် ထိုသို့ဆောင်ရွက်ပြီးပါက အချို့ သတင်း မီဒီယာများဖြင့် ချိတ် ဆက် ၍ လိမ်လည်သတင်းဖြန့်ချိခြင်း၊ နိုင်ငံတကာမှ အထောက်အ ပံ့များရ ရှိအောင် လုပ်ကြံဖန် တီးခြင်း များ ပြုလုပ် လျက်ရှိကြောင်းတွေ့ရှိရသည်။ မောင်တောနယ် မြေအတွင်းနယ်မြေရှင်း လင်းရေးဆောင် ရွက်နေမှု များ အား အချိန်နှင့်တစ်ပြေးညီထုတ်ပြန်သွား မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။


----------------------------------------------------------------------------------------------------------------

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */