RFA
မြန်မာဌာန | သတင်းများ
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2021-09-30
ရိုဟင်ဂျာဒုက္ခသည်ခေါင်းဆောင်ကို သတ်ဖြတ်မှု အမြန်ဆုံးဖော်ထုတ်ပေးဖို့ တိုက်တွန်းဦးမိုဟစ်အူလာ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းမှာ၂ဝ၁၉ ခုနှစ်က တွေ့ရစဉ် ၤFile Photo: Reuters
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦး မိုဟစ်အူလာကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းမှာ အမည်မသိသေနတ်သမားတစ်စုက ပစ်ခတ်လုပ်ကြံသွားခဲ့ပါတယ်။ အခုလို ကမ္ဘာကသိတဲ့ ရိုဟင်ဂျာခေါင်း ဆောင်တစ်ဦးကို လုပ်ကြံသတ်ဖြတ်သူတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက စုံစမ်းနေဆဲဖြစ်ပြီး၊ ဦးမိုဟစ် အူလာနဲ့ နီးစပ်သူတွေကတော့ လုပ်ကြံသတ်ဖြတ်ရတဲ့ အကြောင်းရင်းကို အမျိုးမျိုး သုံးသပ်ပြောဆိုနေကြပါ တယ်။