ဗွီအိုအေ(မြန်မာပိုင်း)
01 အောက်တိုဘာ၊ 2021
ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်းခေါင်းဆောင် Mohib Ullah
ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazaar မှာ ရှိတဲ့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah အသတ် ခံရတာအတွက် ပြင်းထန်စွာရှုတ်ချကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ လက် ထာက်ပြောခွင့်ရ Stephanie Tremblay က ကြာသပတေးနေ့မှာ ပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ် Cox’s Bazaar ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah ဗုဒ္ဓဟူးနေ့က အသတ် ခံရတာအတွက် ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ် ဖို့ရော ကျူးလွန်သူကို အပစ်ပေးနိုင်အောင် လုပ်ဖို့ရော ကုလ သမဂ္ဂကတိုက် တွန်းပါတယ်။” လို့ ပြောသွားတာပါ။
ဒါ့အပြင် ဘင်္ဂလာဒေ့ရှ် နိုင်ငံ အပါအဝင် ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် သူတို့ နိုင်ငံမှာရောက်နေတဲ့ ရိုဟင်ဂျာအသိုင်းဝိုင်း ကို နိုင်ငံတကာက ဆက်ပြီး သေသေချာချာ အကူအညီပေးကြဖို့နဲ့ အကာကွယ်တွေ ပေးကြဖို့ လည်း ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ပြည်တွင်း အိုးအိမ်ရွှေ့ပြောင်း နေထိုင်ရတဲ့ IDP တွေသူတို့သ ဘောဆန္ဒအလျှောက်၊ ဂုဏ်သရေရှိရှိနဲ့ လုံခြုံစိတ်ချစွာ ဌာနေ ပြန်နိုင်ရေးကို လုပ်ဆောင်ပေး ဖို့လည်း ကုလ သမဂ္ဂက ဆက်ပြီး တောင်းဆိုကြောင်းလည်း ပြောပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလက်မခံတဲ့ မြန်မာအစိုးရကတော့ ဒီဒုက္ခသည်တွေကို စိစစ်ပြီးမှာ ပြန်လည် ခေါ်ယူမှာ ဖြစ်ကြောင်း ပြောထားပေမယ့် အခုချိန်ထိတော့ သေသေချာချာ မလုပ်ဆောင်နိုင်သေးပါဘူး။
အသတ်ခံခဲ့ရတဲ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာ ရခိုင်ပြည်နယ် ရိုဟင်ဂျာအဖွဲ့ ARSPH ဥက္ကဌ ဦး Mohib Ullah ရဲ့ရုပ်အလောင်းကို ကြာသပတေးနေ့ကပဲ ကုတုပလောင် ဒုက္ခသည်စခန်းသုဿာန်မှာ မြေမြှုပ်သဂြိုဟ် ရာမှာ စခန်းအသီးသီးက ဒုက္ခသည်တွေ သိန်းနဲ့ ချီတက်ရောက်ခဲ့ကြတယ်လို့ စခန်းမှာ နေထိုင်သူတွေက VOA ကို ပြောပါတယ်။ လက်ရှိမှာတော့ ဒုက္ခသည်စခန်းအတွက် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ လုံခြုံရေးတွေ တင်းကြပ်စွာချထားတာ ဖြစ်ပေမယ့် စခန်းမှာနေထိုင်သူတွေကတော့ သူတို့ရဲ့ လုံခြုံရေးကို အထူးစိုးရိမ်နေကြ ကြောင်းလည်း ပြောပါတယ်။
အခုလို ရိုဟင်ဂျာ ခေါင်းဆောင် အသတ်ခံရတာအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့ ကရော နိုင်ငံတ ကာဒုက္ခသည်များဆိုင်ရာ RI အဖွဲ့ကပါ အထူးအံ့သြတုန်လှုပ်ရကြောင်းနဲ့ ဝမ်းနည်းကကြောင်း ပြောကြား ခဲ့ကြပါတယ်။

Link : here
No comments:
Post a Comment