RFA
RFA Burmese
2024.08.13
ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ရေးပဋိပက္ခကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ရာနဲ့ချီသေဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် ရှုတ်ချကြောင်း အမေရိကန်နိုင်ငံက အ ကြီးဆုံး အစ္စလာမ် ဘာသာရေးအဖွဲ့အစည်း အမေရိကန် အစ္စလာမ် ဆက်ဆံရေး ကောင်စီ (CAIR) က ဩဂုတ် ၁၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးဖို့ကြိုး စားနေတဲ့ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ရိုဟင်ဂျာ မိသားစုတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၂၀၀ လောက် သေဆုံးသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောကြားပြီး ဒီတိုက်ခိုက်မှုအတွက် မြန်မာစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အာရက္ခတပ်တော် (AA) မှာ တာဝန်ရှိကြောင်း စွပ်စွဲထားပါတယ်။
ပဋိပက္ခတွေကနေ ထွက်ပြေးလာတဲ့ အပြစ်မဲ့ ပြည်သူတွေအပေါ် တိုက်ခိုက်တာကို ကျွန်တော်တို့ ရှုံ့ချပါတယ်၊ မြန်မာ အစိုးရက လုပ်တာပဲဖြစ်ဖြစ်၊ ဆန့်ကျင်ဘက် အဖွဲ့တွေကလုပ်တာဖြစ်ဖြစ်၊ ရိုဟင်ဂျာ မွတ်စလင်တွေကို ဖိနှိပ်တိုက်ခိုက်မှုတွေကနေ အကာအကွယ်ပေးကြဖို့ နိုင်ငံတကာကို တောင်းဆိုပါတယ်လို့ CAIR ရဲ့ ညွှန်ကြားရေးမှူး နီဟတ် အာဝက်က ကြေညာချက်ထဲမှာ ပြောထားပါတယ်။
မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ရှင်းလင်းရေး စစ်ဆင်ရေးလုပ်ခဲ့တာဟာ လူမျိုးတုန်း သတ်ဖြတ်မှု မြောက်ကြောင်း ဂျိုးဘိုင်ဒင် အစိုးရက ၂၀၂၂ ခုနှစ်က ကြေညာခဲ့တာနဲ့ ပက်သက်လို့လည်း CAIR က ကြိုဆိုကြောင်း ပြောထားပါတယ်။
ဆက်နွယ်သောသတင်းများ
- ရခိုင်မှာ လက်နက်ကိုင်အဖွဲ့တွေ အကြမ်းဖက်မှုကျူးလွန်ကြောင်း HRW ပြော
- မြန်မာနိုင်ငံကရွှေတွေ သယ်လာတဲ့ ရိုဟင်ဂျာနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်ရဲဖမ်းဆီး
- ဘင်္ဂလားဒေ့ရှ်ကို နယ်စပ်ဖြတ်ကျော်ကူးသွားဖို့ ထောင်နဲ့ချီတဲ့ရိုဟင်ဂျာတွေ စောင့်ဆိုင်းနေ
- ရခိုင်ပြည်နယ်ကထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရ
- မောင်တောတိုက်ပွဲမှာ ပိတ်မိနေတဲ့ ရိုဟင်ဂျာရှစ်ရာခန့်ကို AA ကယ်ထုတ်
No comments:
Post a Comment