" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 5, 2023

ပြင်သစ်သမ္မတ ဂါဇာတွင် အရပ်သားများ သတ်ဖြတ်မှုကို ဆန့်ကျင်

ABNA
၃ ဒီဇင်ဘာ ၂၀၂၃ 

ပါလက်စတိုင်း အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဟာ အစ္စရေးအတွက် လုံခြုံရေး မပေးနိုင်ဘူးလို့ ပြင်သစ် သမ္မတက အီမန်နျူရယ် မက်ခရွန် ပြောပါတယ်။

Sahar News ၏ သတင်းအထောက်အထားများ အရ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် က ကာတာနိုင်ငံကို မထွက်ခွာခင် ဒူဘိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါလက်စတိုင်းတွေရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက အစ္စရေးရဲ့ လုံခြုံရေးကို အာမခံနိုင်မယ်လို့ ယူဆရင် ဒီအယူအ ဆဟာ လုံးဝမှားယွင်းနေပြီး ဒီလို ဒေသတွင်းမှာ အစ္စရေးဟာ ဘယ်တော့မှ လုံခြုံရေး မရနိုင်ဘူးလို့ ဆိုပါတယ်။
ပြင်သစ်သမ္မတသည် အစောပိုင်းက အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် ကျင်းပသည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစည်းအဝေးတွင် ပြင်သစ်သည် ဂါဇာတွင် စစ်ပွဲပြန်လည်ဖြစ်ပွားလာမှုနှင့် ပတ် သက်၍ အလွန်စိုးရိမ်မိကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရန် ကာတာသို့ လာရောက် ခြင်း ဖြစ်ပြီး ပြန်လည်စတင်ခြင်းအကြောင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အစ္စရေးသည် ၎င်း၏ ရည်မှန်းချက်ကို ဆုံးဖြတ်ရမည်ဖြစ်ပြီး ၎င်း၏အမြင်အရ ဟားမတ်စ်ကို ချေမှုန်း နိုင်မည်မဟုတ်ကြောင်း အီမန်နျူရယ် မက်ခရွန် က ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနှင့် လူထု၏ ဒေါသကြောင့် အစ္စရေးက လုံ ခြုံရေးရရင် ဒေသတွင်းမှာ အစ္စရေးရဲ့ လုံခြုံရေးက ရေရှည်တည်တံ့နိုင်မှာ မဟုတ်ဘူးလို့ ပြင် သစ် သမ္မတက ပြောကြား ခဲ့ပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် သည် ဂါဇာကမ်းမြောင်ဒေသရှိ ဇီယွန်ဝါဒီအစိုးရ၏ လူမဆန် သည့် တိုက်ခိုက်မှုများကို အစ္စရေး၏အခွင့်အရေးအဖြစ် ယခင်က ခေါ်ဆိုခဲ့သူဖြစ်ပါတယ်။ အစ္စရေး သည် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိသည်ဟု ပြောဆိုခဲ့သူလည်း ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */