Showing posts with label ရိုဟင်ဂျာ. Show all posts
Showing posts with label ရိုဟင်ဂျာ. Show all posts

Thursday, October 2, 2025

အကူအညီ ဖြတ်တောက်မှုကြား တရားမျှတမှုကို ရိုဟင်ဂျာများ ကုလသမဂ္ဂတွင် တောင်းဆို

ဧရာဝတီ
2 October 2025

၂၀၁၉ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတခုအတွင်း ၂၀၁၇ သတ်ဖြတ်မှုများ ၂ နှစ်ပြည့် အခမ်းအနားကျင်းပစဉ်/AFP

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဉ် မြန်မာမှ တိုက်ခိုက်မှုများကြောင့် ထွက်ပြေးလာသည့် ရိုဟင်ဂျာ လူမှုအသိုက်အဝန်းဝင်များသည် ဖိနှိပ်ခံ မွတ်ဆလင်လူနည်းစု၏ ဒုက္ခများကို အာ ရုံစိုက်မှုရရန်အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြသည်။

Wednesday, October 1, 2025

စစ်တပ်က ရိုဟင်ဂျာများ၏ ကျေးရွာများ၊ ဗလီများ၊ မြေယာ၊အိုးအိမ်၊ ပိုင်ဆိုင်မှုများကို စနစ်တကျ ဖျက်ဆီးပြီး နယ်ခြားစောင့်တပ်စခန်းများ ဆောက်လုပ်ခဲ့၊ အေးရှားဝေါလ် ၊ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ အပါအဝင် စီးပွား ရေးလုပ်ငန်းများက အကျိုးအမြတ်ရယူခဲ့

လူထုနွေဦး
Yangon Khit Thit News Agency
September 30, 2025

ဓာတ်ပုံ- Reuters ။

ရခိုင်ပြည်တွင် အကြမ်းဖက်စစ်တပ်က ရိုဟင်ဂျာများ၏ ကျေးရွာများ၊ ဗလီများ၊ မြေယာ၊အိုးအိမ်၊ ပိုင်ဆိုင်မှုများကို စနစ်တကျ ဖျက်ဆီး သိမ်းယူပြီး နယ်ခြားစောင့်တပ်စခန်းများ ဆောက်လုပ်ခဲ့ပြီး ယင်းသို့ လုပ်ဆောင်ခြင်းမှ အကျိုး အမြတ်ရရှိခဲ့သည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား-IIMM ၏ အစီရင်ခံစာတွင် တရားဝင် ထုတ်ဖော်ထားသည်။

Tuesday, September 30, 2025

စစ်တပ်ဖျက်ဆီးခဲ့တဲ့ ရိုဟင်ဂျာတွေရဲ့ မြေယာနဲ့ အိုးအိမ်တွေကနေ အကျိုးအမြတ်ရရှိခဲ့တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို IIMM ထုတ်ပြန်

လူထုနွေဦး
စက်တင်ဘာ-၃၀၊၂၀၂၅

၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့ နယ်​မြေရှင်းလင်း​ရေး​ခေါင်းစဥ်ဖြင့် ရိုဟင်ဂျာများကို သတ်ဖြတ်ခြင်း၊​နေအိမ်များမီးရှို့ခြင်း ၊ အဓမ္မပြုကျင့်ခြင်းစ​သော လူမျိုးတုံးသတ်ဖြတ်မှုများ​ကြောင့် ဘဂ်လား​ဒေရှ်သို့ထွက်​ပြေး​နေ​သော ရိုဟင်ဂျာများ။ဓါတ်ပုံ-AP

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ၂၀၁၇ခုနှစ်အကြမ်းဖက်မှုတွေအတွင်း ရိုဟင်ဂျာတွေရဲ့ မြေယာနဲ့ အိုးအိမ်တွေကို ဖျက်ဆီးခြင်း၊ သိမ်းယူခြင်းကနေ အကျိုးအမြတ်ရရှိခဲ့တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ကုလ သမဂ္ဂရဲ့ မြန်မာယန္တရား(IIMM)အစီရင်ခံစာအသစ်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

ရခိုင်မှာ ရိုဟင်ဂျာတွေ နေခဲ့တဲ့နေရာတွေမှာ စစ်တပ်က စစ်ဘက်ဆိုင်ရာနေရာ တည်ဆောက်အစားထိုးခဲ့ -IIMM

BBC
၃၀ စက်တင်ဘာ ၂၀၂၅

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတုန်းက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အမျိုးသားတစ်ဦး ကန်သင်းရိုးပေါ် လမ်းလျှောက်နေတဲ့မြင်ကွင်းဖြစ်ပါတယ်
 

မြန်မာစစ်တပ်ဟာ သူတို့ ဖျက်စီးခဲ့တဲ့ ရိုဟင်ဂျာ ကျေးရွာတွေနဲ့ ရိုဟင်ဂျာတို့ရဲ့ နေအိမ်တွေနေရာမှာ စစ်ဘက်ဆိုင်ရာ နေရာထိုင်ခင်းတွေ၊ အခြေခံ အဆောက်အအုံ တွေနဲ့ အစားထိုးခဲ့တယ်ဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်း ပြသနေတဲ့ သက်သေ အထောက်အထားတွေ ရရှိထားတယ်ဆိုပြီး ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ လွတ်လပ်တဲ့ စုံစမ်း‌ရေး ယန္တရား IIMM က ထုတ်ပြန်ပါတယ်။

Monday, September 29, 2025

ရိုဟင်ဂျာပြည်သူတွေအတွက် တရားမျှတမှု မရမချင်း အခြားနေရာတွေမှာလည်း အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုသံသရာ ဆက်ရှိနေလိမ့်မယ်လို့ SAC-M ပြော

လူထုနွေဦး
ဩဂုတ် 26, 2025

Thursday, September 25, 2025

AA နှင့် ရိုဟင်ဂျာ မွတ်စလင်အရေး လေ့လာကြည့်ခြင်း

ဧရာဝတီ
ဗညားအောင်
သူ့အတွေး သူ့အမြင်
24 September 2025

ဩဂုတ်လ ၃၀ ရက်က ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် မွတ်စလင်အသိုင်းအဝိုင်း ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်/Arakan Princess Media

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) / ရက္ခိုင့်တပ်တော် (AA) သည် စစ်အာဏာရှင်များကို စစ်ရေးအရ တိုက်ခိုက်ချေမှုန်းရန် သူ၏ အင်အားများကို စည်းရုံး၊ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်ပြီး ရခိုင်ပြည်နယ်သို့ စွန့်လွှတ်စွန့်စား ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခြင်းကို တဆင့်ချင်း အပင်ပန်းအဆင်းရဲခံ လုပ်ဆောင်ခဲ့ရသည်။

Wednesday, September 3, 2025

မြန်မာလက်ရှိအခြေအနေဟာ ၂၀၁၇ ရိုဟင်ဂျာတွေတုန်းကလို ဖြစ်နေဟု ကုလလူ့အခွင့်အရေး မဟာမင်းကြီးပြော

DVB
September 3, 2025

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေလိုမျိုး ဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က ပြောလိုက်တဲ့အကြောင်း AFP သတင်းမှာ စက်တင်ဘာ ၂ ရက်က ဖော်ပြပါတယ်။

Tuesday, August 26, 2025

ရိုဟင်ဂျာများ “လုံခြုံစွာ အိမ်ပြန်ရေး” ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် တိုက်တွန်း

ဧရာဝတီ
26 August 2025

ဘင်္ဂလားဒေ့ရှ်အစိုးရခေါင်းဆောင် မိုဟာမက်ယူနွတ်

ဘင်္ဂလားဒေ့ရှ်အစိုးရခေါင်းဆောင် မိုဟာမက်ယူနွတ်က ၂၀၁၇ ခုနှစ်က ဖြိုခွဲမှုကြောင့် မြန်မာမှ ထွက်ပြေးလာသည့် ရိုဟင်ဂျာ ၁.၅ သန်း “လုံခြုံစွာ အိမ်ပြန်ရေး” ဒေသတွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဝိုင်းဝန်းလုပ် ဆောင် ကြရန် “အချိန်တန်ပြီ”ဟု ဆော်ဩလိုက်သလို အလှူရှင်များ၏ ကျဆင်းသွားနေသော ရန်ပုံငွေကို “အသက်ကယ် ထောက်ပံ့ရေး” အစီအစဉ်များ ရေရှည်တည်တံ့ရေး တိုးမြှင့်ပံ့ပိုးရန် မရှိမဖြစ် လိုအပ်ကြောင်း အလေးပေးဖော်ပြခဲ့သည်။

Tuesday, July 15, 2025

အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်

မဇ္စျိမ
July 15, 2025 

ပါခွီး

(မဇ္ဈိမ) ။ ။ အာရ်ကန်ပြည်တွင် ရိုဟင်ဂျာလူမျိုးများသည် ဌာနေတိုင်းရင်းသားဖြစ်မှု ၊ မြန်မာ နိုင်ငံသားအဖြစ်အသိ အမှတ်ပြုခံရမှုကို ပြန်လည်ရယူရန်နှင့် ကာကွယ်ရန်အတွက် အာရ်ကန် ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ကို ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်လာသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */