စနစ်တကျ ကြိုတင်စီစဉ်ခဲ့တဲ့ ရိုဟင်ဂျာ ဂျီနိုဆိုက်
စနစ်တကျ ကြိုတင်စီစဉ်ခဲ့တဲ့ ရိုဟင်ဂျာ ဂျီနိုဆိုက်
"Well Planned road to The Rohingya Genocide
ရိုဟင်ဂျာပြဿနာအကြောင်းကို မပြောခင် ကျွန်တော်တို့ ဆယ်စုနှစ် တစ်ခုလောက် နောက်ပြန်ဆုတ် လိုက်ရအောင်။
၂၀၁၀ ရွေးကောက်ပွဲမှာ ဦးသိန်းစိန် အရပ်ဘက်ပြောင်းပြီး သမ္မတတက်လုပ်တယ်။ ဦးသိန်းစိန် သမ္မ တ ဖြစ်ပြီးတဲ့အခါမှာ အရင်ဆုံး ရင်ဆိုင်ရတာက မြစ်ဆုံကိစ္စ။
ဒီမိုကရေစီအော်ပြီး တက်လာတော့ မြစ်ဆုံကိစ္စကို လူထုက လက်မခံတဲ့အခါ မြစ်ဆုံပြဿနာက သူတို့အတွက် ကြီးမားတဲ့ အခက်အခဲ တစ်ခုဖြစ်လာတာပေါ့။
ရိုဟင်ဂျာကိစ္စဆိုပြီး မြစ်ဆုံက ဘာလို့ အဆက်အစပ် မရှိပဲ ပါလာတာလဲ ဆိုပြီးတော့ စိတ်ညစ်မသွားနဲ့ဦး။
ကဲ...ဆက်ပြောရအောင်။
