Tuesday, January 20, 2026

ရိုဟင်ဂျာရှင်းလင်းရေးအတွက် ရေရှည်စီမံကိန်း

◼︎ ရိုဟင်ဂျာရှင်းလင်းရေးအတွက် ရေရှည်စီမံကိန်း

Long Road to Rohingya Cleansing

(ဘယ်သူတွေပြသနာစခဲ့သလဲ့၊ ဘယ်သူကအစွန်းရောက်ခဲ့သလဲ့။ဘယ်သူတွေက အစွန်းရောက်ဘာ သာဝင်လဲ့။ မူစလင်တွေက အကြိမ်ကြိမ် မတရား နှိပ်ကွပ်ခံရသော်လည်း terrorist မဖြစ်ခဲ့ဘူး။ မြန်မာကအကြိမ်ကြိမ်ရန်စပြီး Terrorist State အဖြစ်နာမည်ဆိုးလာသောအခါ၊ သူရဆိုတဲ့ ငတုံးတွေက လမ်းဘေးစကားပြော၊ ရိုဟင်ဂျာကို ပိုမို တိုက်ခိုက်လာတယ်၊ ဘင်္ဂလီဇာတ်သွင်းလာတယ်၊ ရိုဟင်ဂျာနေရာတွင်အခြားလူမျိ ုး တစ်မျိုးဆိုလျင် နိုင်ငံတော်ကို terrorist attacks မြောက်မြားစွာ ပြုလုပ်မည် ဧကန်မလွဲဖြစ်ပြီး၊ ဒီလောက်ထိ နှိပ်စက်ခံရသူတွေက ခုခံတိုက်ခိုက်လျင်လည်း reaction အဖြစ်မြင်ရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် Action and re-action are equal and they act on two different objects. Newton´s third law).

Terrorists လည်းသူတို့၊ ARSA ကိုမွေးပေးသူလည်းသူတို့၊ tight security ကြား နယ်မြေရဲစခန်းတွေကို တိုက်တာလည်းသူတို့၊ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ပြီး အကြမ်းဖက်တာလည်းသူတို့၊ ICC တက်ရမှာလည်းသူတို့၊ အရုပ်ဆိုးဆုံး state terrorists လည်းသူတို့ ဖြစ်ပြီး မူစလင်တွေကို terrorists ခေါ်နေတာလည်းသူတို့ ဘဲဖြစ်ပြီး လူမွဲတိုင်းပြည်သို့ ဘယ်ဘင်္ဂလီမှ ခိုးမဝင်ဘူး ဆိုတာတော့ သဘောမပေါက်ဘူး။

  • 1785 တွင်ဗမာဘုရင်ဘိုးတော်ဘုရားကရခိုင်နန်းတော်ကိုသိမ်းပိုက်သည်။ 
  • 1824-26 အင်္ဂလိပ်-ဗမာစစ်ပွဲ၊ အာရကံ(ရခိုင်) ဒေသသည် ဗြိတိသျှအိန္ဒီယလက်ထဲသို့ရောက်ရှိသွားသည်။ 
  • 1942-3 ဗြိတိသျှလိုလား-မူစလင် နှင့် ဂျပန်လိုလား-ရခိုင် အကြားပဋိပက္ခဖြစ်ခဲ့သည်။ နှစ်ဘက်စလုံးတွင်သေဆုံးမှုရှိခဲ့သည်။ မူစလင်တွေကမြောက်ပိုင်းသို့ ထွက်ပြေးကြပြီး ရခိုင်တွေက တောင်ပိုင်းသို့ ထွက်ပြေးကြသည်။ 
  • 1948: ဗြိတိသျှထံမှမြန်မာလွတ်လပ်ရေးရသည်၊ ဦးနုက ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာသည်။ 
  • 1959: ဗမာပထမဆုံးသမ္မတ စောရွှှေထိုက်သည် "အာရကန်ဒေသမှမူစလင်များသည် ဧကန်မလွဲ မြန်မာတိုင်းရင်းသားများဖြစ်ကြောင်း ထုတ်ဖော်ကျေညာသည်။ 
  • 1960: ရိုဟင်ဂျာများ ရွေးကောက်ပွဲ မဲထည့်ကြသည်။ 
  • 1962: ဦးနေဝင်းအုပ်စိုးသော စစ်တပ်မှ တိုင်းရင်းသား လူနည်းစုများအားခွဲခြားဆက်ဆံ ဖိနှိပ်မူကို အရှိန်မြင့်ခဲ့သည်။ 
  • 1974: ရခိုင်ပြည်နယ်ပေးအပ်ခြင်းခံရသည်။ 
  • 1977-78: နိုင်ငံတစ်ဝှမ်းတစ်ရာမဝင် အခြေချသူများအားဖြိုခွင်းရာ ရိုဟင်ဂျာ ၂၀၀,၀၀၀ ဘင်္ဂလားဒေရ်ှသို့ ထွက်ပြေးသွားပြီး နောင်နှစ်များတွင် အများစုပြန်လည် ရောက်ရှိလာသည်။ 
  • 1982:နိုင်ငံသားဥပဒေတွင် နိုင်ငံတော်၏ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးရေးသားပြီး ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခြင်းကိုဖြုတ်ချလိုက်သည်။ 
  • 1989: ဗမာကိုမြန်မာပြောင်း၊ အာရကန်ကိုရခိုင်ပြောင်း၍ နိုင်ငံသားစီစစ်ရေးကဒ် ထုတ်ပေးခဲ့ပြီး ရိုဟင်ဂျာအများစုကို နိုင်ငံသားစီစစ်ရေးကဒ် ထုတ်ပေးခဲ့ခြင်းမရှိ။ 
  • 1990: ရွေးကောက်ပွဲကျင်းပသည်၊ ရိုဟင်ဂျာနှင့်ကမန် ပါတီများ ရွေးကောက်ပွဲဝင်သည်။ ရိုဟင်ဂျာလွတ်တော် ကိုယ်စားလှယ်များ အနိုင်လည်းရရှိခဲ့သည်။ 
  • 1991-1992: ပြည်တော်သာစစ်တပ်စစ်ဆင်ရေးကို မြောက်ပိုင်း ရခိုင်ပြည်နယ်တွင် ပြုလုပ်ရာ ၂၅၀,၀၀၀ ဘင်္ဂလားဒေရ်ှသို့ ထွက်ပြေးသွားသည်။ 
  • Sept,1990 : နိုင်ငံတော်တရားခံ၊ ထောက်လှမ်းရေးဖြုတ် ခင်ညွန့်၏ လျှိုဝှက်အမိန့်ဖြင့် ရိုဟင်ဂျာများအား လေယာဉ်စီးခရီးသွားခြင်း၊ ရခိုင်ပြည်နယ်ပြင်ပသို့ ထွက်ခွာခြင်းကို ခိုးကြောင်ခိုးဝှက် လုပ်လာခဲ့၍ အောင်မြင်လာရာ ထိုအမိန့်ကို ဒေသန္တရဥပဒေဟုခေါ်တွင်လာသည်။ 
  • 1992: ရခိုင်ပြည်မြောက်ပိုင်းတွင် နစက စစ်/နယ်စပ်လုံခြုံရေးတပ်ဖွဲ့ ဖွဲ့စည်းခဲ့ပြီး အာဏာအလွဲသုံးစား၍ နာမည်ဆိုးဖြင့်ကျော်ကြားလာသည်။ 
  • 1993-95: ပြည်သာယာစစ်ဆင်ရေးကြောင်း ထွက်ပြေးသွားသောသူများအား ကုလသမ္မဂ္ဂဒုက္ခ သည်များ ဆိုင်ရာမဟာမင်းကြီးရုံး၏ စောင့်ရှောက်မူအောက်တွင် ပြန်လည်ပို့ဆောင်ခဲ့သည်။ 
  • 1993: နယ်စပ်ဒေသလူဝင်မူကြီးကြပ်ရေးဌာနအမိန့်ဖြင့် ရိုဟင်ဂျာများလက်ထပ်အိမ်ထောင်ပြု ခြင်းကိုကန့်သတ်မူပြု လာသည်။ 
  • 1994: ရိုဟင်ဂျာကလေးများအား မွေးစာရင်း ထုတ်ပေးမူကို ရပ်စဲလိုက်သည်။ 
  • 1997: စစ်တွေလူဝင်မူကြီးကြပ်ရေးဌာနချ ုပ်မှ ရိုဟင်ဂျာများသူတို့၏နေထိုင်ရာမြို့နယ်ပြင်ပသို့ ခရီးသွားခွင့်ကို ပိတ်ပင်ခဲ့သည်။ 
  • 2001: မောင်တောမြို့တွင် အစ္စလမ်ဝတ်ပြုအဆောက်အအုံများနှင့် အစ္စလာမ်စာသင်ကျောင်းပေါင်း ၂၈လုံးကို ပျက်စီးဖြိုးခွင်လိုက်သည်။ 
  • 2005: မောင်တောမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးမှ ရိုဟင်ဂျာကလေးမွေးဖွားမူကို ထိန်းချုပ်ခဲ့သည်။ 
  • 2008: ရိုဟင်ဂျာများအား ယာယီစီစစ်ရေးကပ်ပြာများ ပေးအပ်ပြီး မဲပေးပိုင်ခွင့်ပေးခဲ့၍ ဖွဲ့စည်းပုံဥပဒေအရ ဆန္ဒခံယူပွဲကို ရုပ်ဆိုးစေသည်။ 
  • 2008-9: ရိုဟင်ဂျာနေအိမ်များကို ရုတ်တရက်ဝင်စီးခြင်းဖြင့် သွားလာလှုပ်ရှားမူကို ကန့်သတ်ခဲ့သည်။ 
  • 2010: မြန်မာရွေးကောက်ပွဲတွင် ရိုဟင်ဂျာများအား မဲဆန္ဒပေးခွင့်ပြုတယ်။ 
  • 2012: ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာဝင်များ နှင့် မူစလင်အကြား တိုက်ခိုက်မူများဖြစ်လာသည်။ 
  • 2014 March: ရခိုင်မျိုးချစ်အစွန်းရောက်တွေက စစ်တွေမြို့ရှိ အစိုးရမဟုတ်သောနိုင်ငံတကာရုံးများအား တိုက်ခိုက်ပျက်စီးသည်။ 
  • 2014 April: ရိုဟင်ဂျာများကို တစ်နိုင်ငံလုံး သန်းခေါင် စာရင်း ကောက်ယူခြင်းမှ ဖယ်ရှားခဲ့သည်။ 
  • 2015 February : ပါလီမန်က ဥပဒေပြင်ဆင်ချက်ဖြင့် ယာယီစီစစ်ရေးကဒ်ပေး (ရိုဟင်ဂျာကိုသာ အများစုပေး) ခဲ့ပြီး မဲဆန္ဒပေးခွင့်ပေးသည်။ သမ္မတကဆုံဖြတ်ချက်ပြန်ပြောင်းသွားသော အခါ အဖြူကဒ်တရားမဝင်ကြောင်း သတ်မှတ်ပေးသည်။ 
  • May,2015: ကပ္ပလီပင်လယ်တစ်လျှောက် ရိုဟင်ဂျာဒုက္ခသည်များ အကြောင်း နိုင်ငံတကာသတင်းများတွင် တွင်ကျယ်လာသည်။ 
  • June,2015:၂၀၁၂ ဇန်နဝါရီလမှစတင်၍ ၂၀၁၅ ဇွန်လထိ မြန်မာ/ဘင်္ဂလားဒေရ်ှဒေသအနီးမှ ၁၅၀,၀၀၀ ထိ ဘင်္ဂလားဒေရ်ှနိုင်ငံသို့ ထွက်ပြေးခိုလှုံသည်ဟု UNHCR ကခန့်မှန်းသည်။ 
  • August,2015: ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာကိုယ်စားလှယ် ဦးရွှေမောင်ကို ရွေးကောက်ပွဲ ဝင်ခွင့်မှ တားမြစ်ခဲ့သည်။

ဘယ်သူဘယ်ဝါမှန်းမသိတဲ့ ARSA ဆိုတဲ့အဖွဲ့အစည်း နာမည်တပ်၍ နယ်မြေရဲကင်းတစ်ချို့ကို တိုက် ခိုက်စေပြီး လူဆိုး/လူကောင်း မခွဲခြား၊ ကလေးသူငယ် မခွဲခြားဘဲ မီးရှီုးသတ်ဖြတ်လုယက် မောင်းထုတ်ခဲ့တယ်။

ရိုဟင်ဂျာတွေကို အတင်းဘင်္ဂလီဇာတ်သွင်းပြီး၊ Passport ရုံးတွင် ဘင်္ဂလီပါတာနဲ့ Passport ထုတ်မပေးဘဲ Passport တစ်အုပ်စီအတွက် ငွေ ၅သိန်း အနည်းဆုံး မပေးမချင်း passport ထုတ်မပေးဘဲ ဗမာလူဆိုးအရာရှိတွေအတွက် အဂတီလိုက်စား ငွေစားရန် လမ်းဖွင့်ပေးထားသည်။

မြန်မာပြည်သူ လူပြိန်း လူမွဲအများဆုံးဖြစ်သည်ကို အခွင့်ကောင်းယူ၍ မူစလင်များကို ခိုးဝင်ဘင်္ဂလီဟု မိုင်းတိုက်ပြီး မူစလင်မုန်းတီးရေးကို အရှိန်မြင့်တင်ကာ ဒေါ်စုလည်း သာမန်ပြည်သူတွေရဲ မဲကို အား ကိုးရသည်အတွက် ဒေါ်စုလည်း အမှန်တရားဘက်မှ ပြောင်းပြန် ဖြစ်သွားပြီး လူပြိန်းကြိုက်လမ်းကို ရွေးချယ်လိုက်သည်။
Nick Sampson
12 December 2018.

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */