Tuesday, July 15, 2025

အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်

မဇ္စျိမ
July 15, 2025 

ပါခွီး

(မဇ္ဈိမ) ။ ။ အာရ်ကန်ပြည်တွင် ရိုဟင်ဂျာလူမျိုးများသည် ဌာနေတိုင်းရင်းသားဖြစ်မှု ၊ မြန်မာ နိုင်ငံသားအဖြစ်အသိ အမှတ်ပြုခံရမှုကို ပြန်လည်ရယူရန်နှင့် ကာကွယ်ရန်အတွက် အာရ်ကန် ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ကို ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်လာသည်။

ဆယ်စုနှစ်များစွာ စနစ်တကျဖယ်ထုတ်ချန်လှပ်ခံရခြင်း ၊ ညှင်းပန်းနှိပ်စက်ခံရခြင်းနှင့် ရိုဟင်ဂျာ လူမျိုးတို့၏ဖြစ်တည် မှု အထောက်အထားများ ဖျောက်ဖျက်ကြိုးပမ်းခြင်းများအား တုံ့ပြန်ရန် ရည်ရွယ်သည်ဟုဆိုသည်။

မြန်မာစစ်အာဏာပိုင်များဦးဆောင်ကာ ၂၀၁၇ခုနှစ် တွင် လူမျိုးတုံးသတ်ဖြတ်မှုထိရောက်ရှိခဲ့ပြီး ယခုအချိန်တွင်လည်း အာရ်ကန်ဒေသ အများစုကို ထိန်းချုပ်ထားသော ရက္ခိုင့်တပ်တော်(AA) က ရိုဟင်ဂျာများအပေါ် ပစ်မှတ်ထား၍ ပစ္စည်းဥစ္စာဖျက်ဆီးခြင်း ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းအပါအဝင် နေရာအနှံ့အပြားတွင် အကြမ်း ဖက်မှုများအကြောင့် ရွှေ့ပြောင်းနေရခြင်းတို့ ဆက်လက်ဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြသည်။

အာရက္ခတပ်တော်အောက်ရောက်ရှိပြီးနောက် ရိုဟင်ဂျာလူမျိုး ၂,၅၀၀ကျော် သတ်ဖြတ်ခံရပြီး ၁၅၀,၀၀၀ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရကာ ထောင်ချီသောလူများသည် ပင်လယ်နှင့် နယ်စပ်များဖြတ်ကျော်ကာ ထွက်ပြေးနေကြရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

၎င်းအပြင် ဘူးသီးတောင် ၊ မောင်းတောမြို့နယ်များမှ ကျေးရွာ ဒါဇင်ပေါင်းများစွာကိုမီးရှို့ဖျက်ဆီး ကာ ထွက်ပြေးတိမ်းရှောင်သူများမှာ အစားအစာ ၊ လုံခြုံမှုနှင့် လွတ်လပ်မှုများမရှိဘဲ ကြောက်ရွံ့ စိတ်များနှင့် နေထိုင်နေကြရ ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ရိုဟင်ဂျာလူမျိုးများသည် ဥပဒေကြောင်းအရ ရသင့်ရထိုက်သော အခွင့်အရေးအပြည့်အဝရရှိရေး ၊ လုံခြုံမှု အာ မခံချက်နှင့် နိုင်ငံတကာစောင့်ကြည့်မှုအောက်တွင် ဘိုးဘွားပိုင်မြေသို့ လုံခြုံစွာ၊ ဂုဏ် သိက္ခာရှိစွာဖြင့် အမြန်ဆုံးပြန်နိုင်ရေးကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း ARNC က ဆိုသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ ဆောင်ရွက်နေသည့် ရိုဟင်ဂျာပပျောက်ရေးနှင့် လူမျိုးတုံး သတ်ဖြတ်မှုလုပ်ရပ်များကို တုံ့ပြန်တိုက်ဖျက်သွားမည်ဟုလည်း ဆိုထားသည်။

အနာဂတ်မြန်မာနိုင်ငံ ဖက်ဒရယ် ဒီမိုကရေစီထူထောင်ရေးတွင် ရခိုင်လူထုခေါင်းဆောင်များ၊ မြန်မာ ဒီမိုကရေစီအင်အားစုများ ၊ ရက္ခိုင့်တပ်တော်အပါအဝင် သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဥ်များတွင် ပါဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ကုလသမဂ္ဂ ၊ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၊ အာဆီယံ ၊ ဥရောပသမဂ္ဂ အစရှိသော နိုင်ငံ တ ကာအဖွဲ့အစည်းများတွင် ရိုဟင်ဂျာလူမျိုးများ၏ အခွင့်အရေးအတွက် ကိုယ်စားပြု ပြောဆိုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ဆိတ်ဆိတ်နေခြင်းနှင့် ဖယ်ထုတ်ခံရခြင်းခေတ်ကုန်ဆုံးပြီ ။ ရိုဟင်ဂျာတို့၏ အသံ ကမ္ဘာကကြားရမည်” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားပြီး နိုင်ငံတကာအသိုင်းအဝိုင်း ၊ ဒေသတွင်းအင်အားကြီးနိုင်ငံများ ၊ လူသားချင်းစာနာမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန်နှင့် တရားဝင်နိုင်ငံရေးကိုယ်စားလှယ်များအဖြစ်အသိအမှတ်ပြုရန် ARNC ခေါင်းဆောင်များက တောင်းဆိုသည်။

ရိုဟင်ဂျာလူမျိုးတို့၏ တစုတဝေးဖြစ်သည့်ရည်မှန်းချက်များတိုးတက်အောင်မြင်စေရန် ရည်ရွယ်၍ ARNC ကို မြန်မာနိုင်ငံအတွင်းမှ ကိုယ်စားလှယ်များ ၊ဒုက္ခသည်စခန်းမှ ခေါင်းဆောင်များနှင့် ကမ္ဘာ့အနှံ့အပြားမှ ရိုဟင်ဂျာကိုယ်စားလှယ်များပါဝင်ပြီး ဗဟိုအလုပ်အမှုဆောင် (CEC) ၄၀ ဦး၊ ဗဟိုကော်မတီဝင်(CC) ၆၀ဦးတို့နှင့် ဖွဲ့စည်းထားကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင် 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */