" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, January 27, 2020

ရခိုင်အရေး ကုလကို ဘယ်လောက်ယုံကြည်လို့ရနိုင်မလဲ

မြန်မာတိုင်းမ်နေ့စဉ်
27 JAN 2020
ဇန်နဝါရီ ၂၃ ရက်က သည်ဟိတ်ရှိ အပြည်ပြည်ဆိုင်တရားရုံး၌ တရားသူကြီးများကိုတွေ့ရစဉ်။ ဓာတ်ပုံ -အီးပီအေ

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအရေးနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ လူသိရှင်ကြား ဖြစ်ခဲ့ခြင်းနှင့်ယင်းနေ ရပ်စွန့်ခွာသူများအရေး ပြင်းပြင်းထန်ထန် လှုပ်ရှားဆောင်ရွက်မှုများ ကြောင့် ဇန်နဝါရီ ၂၃ ရက်တွင် သည်ဟိတ်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က မြန်မာ အစိုးရအား ကြားဖြတ်စီမံဆောင်ရွက်ချက်များ ပြုလုပ်ရန် ညွှန်ကြား ချက်ထုတ်ပြန်လိုက်ခြင်းသည် အံ့သြစရာတော့ သိပ်မရှိခဲ့ချေ။
ကုလသမဂ္ဂ၏ အဓိကတရားရေးလက်တံ တစ်ခုဖြစ်သော ICJ က မြန်မာအစိုးရသည် ဘင်္ဂါလီများကို ဆက်လက် သတ်ဖြတ်မှု၊ အန္တရာယ်ပေးမှုများကို မလုပ်ဆောင်ရန်နှင့် လူမျိုးတုံး သတ်ဖြတ်မှုမရှိစေရေးအတွက် အတတ်နိုင် ဆုံး ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

မြန်မာစစ်တပ်မှ လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်စေရန်နှင့် လူမျိုးတုံးသတ်ဖြတ်မှုတို့ တွင် ပူးပေါင်းပါဝင်ခြင်း မရှိစေရန် မြန်မာအစိုးရ က တာဝန်ယူရမည်ဖြစ်ကြောင်း အိုင်စီဂျေ (ICJ)က ညွှန်ကြားခဲ့သည်။ တစ်ချိန်တည်းမှာ ပင် ယခု ကနဦးဆုံးဖြတ်ချက်သည် အမှု၏ အဓိက အချက်နှင့်ပတ်သက်၍ ဆုံးဖြတ်ခြင်းမဟုတ်ကြောင်း ခက်ခဲ နက်နဲသော ဥပဒေစကားလုံး များဖြင့် အိုင်စီဂျေတရားသူကြီးများ ပြောဆိုခဲ့ သည်။ အရှင်း ဆုံးပြောရလျှင် လူမျိုး တုံးသတ်ဖြတ် မှုကျူးလွန်သည် မလွန်သည်အပေါ် မဆုံးဖြတ် ရသေးကြောင်း ဆို လိုလိုက်ခြင်းဖြစ်သည်။

နိုင်ငံတကာအစ္စလာမ္မစ်ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့(အိုအိုင်စီ)ကိုယ်စား မြန်မာကို တရားစွဲဆိုခဲ့သည့် ဂမ်ဘီယာ က တောင်းဆိုထား သည်ထက်ပင် အိုင်စီဂျေက ပိုမိုလုပ်ဆောင်ပေး ခဲ့သေးသည်။ မြန်မာနှင့် ဂမ်ဘီယာနှစ်နိုင်ငံ မှ ကြားဖြတ်စီမံဆောင်ရွက်ချက်များနှင့်ပတ်သက် သည့် ဆောင်ရွက်ထားရှိမှု အစီရင်ခံစာအား ကြားဖြတ်စီမံ ဆောင်ရွက်ချက်များ စတင် ချမှတ်သည့်နေ့မှစ၍ လေးလထက် နောက်မကျ စေဘဲ မြန်မာ အစိုးရက တရားရုံး သို့တင်သွင်း ရန်၊ ထို့နောက်တွင် တရားရုံးက နောက်ဆုံး ဆုံးဖြတ်ချက်မချမှတ်မီ ကာလ အထိ ခြောက်လ ပြည့် တိုင်း အစီရင်ခံစာတင်သွင်းရန် တရားရုံးက ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

ကနဦးစီရင်ချက်ကြောင့် ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေးချိုးဖောက်ခဲ့သူများ၎င်းတို့၏လုပ်ရပ်များအတွက် တာဝန်ယူလာ ရေး မြန်မာအစိုးရအပေါ် နိုင်ငံတကာက ပိုမို ဖိအားပေးလာနိုင်သလို မြန်မာခေါင်းဆောင် များက လည်း ငြင်းဆန်မှုကို ပိုမိုခေါင်းမာမာဖြင့် ပြုလုပ်လာနိုင်ခြေလည်း ရှိလာပြန်သည်။

ထို့ပြင် ကနဦးစီရင်ချက်ကြောင့် ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ဘက်မလိုက် မှုနှင့် ယုံကြည်စရာ ကောင်းမှုတို့အပေါ် မြန်မာနိုင်ငံသားများက သံသယရှိနေမှုလည်း ပိုမိုကြီးထွားလာ နိုင် သည်။ ကုလ၏ အမှားအယွင်းနှင့် ရှေ့နောက်မညီ သောသုံးသပ်ချက်များ၊ ထုတ်ပြန်မှုများကြောင့် မယုံ ကြည် မှုများ ရှိလာခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယိုမာနာလို ဦးဆောင်သော လွတ်လပ် သောစုံစမ်းစစ်ဆေး ရေး ကော်မရှင်(ICOE)၏ အစီရင်ခံစာကိုပင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနကလည်း ဇန်နဝါရီ ၂၃ ရက်တွင် သံ ယောင် လိုက် ထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီ ၂၁ ရက်တွင် လူသိရှင်ကြားထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ ၂၀၁၇ ခု နှစ် တွင် မြန်မာစစ်တပ်သည် ရခိုင် ပြည်နယ်၌ နယ်မြေရှင်းလင်းရေးစစ်ဆင်မှု အတွင်း အရပ်သား များကို သတ် ဖြတ်ခဲ့သော်လည်း လူမျိုးတုံးသတ်ဖြတ်ခဲ့ရာ မရောက်ကြောင်း ဖော်ပြထားသည်။

စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သော် လည်း ယင်းတို့ကို မြန်မာတရားရေးစနစ်ဖြင့် စုံစမ်းစစ်ဆေး အပြစ်ပေး ခဲ့ ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။ ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သောအချက်အလက် ရှာဖွေရေးမစ်ရှင်(IIFFMM)၏ အစီရင်ခံစာ တွင် ဘင်္ဂါ လီ များသည် လူမျိုးတုံးသတ်ဖြတ်ခံရ နိုင်ခြေရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားသဖြင့် ယင်းသည် ICOE နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန တို့၏ ထုတ်ပြန်ချက်များနှင့် ပြောင်ပြောင်ကြီး ကွဲလွဲနေသည်။

ယခုအချိန်အထိ ICJ ၏ကနဦးစီရင်ချက်သည် အလုပ်မပါသည့် အပြောစကားလုံး သက်သက်အဆင့်သာ ရှိနေ သည်။ တစ်ချိန်တည်းမှာပင် ကုလ၏စုံစမ်းစစ်ဆေးသူများနှင့် သုံးသပ်သူများကိုလည်း မြန်မာနိုင်ငံတွင်း ရှိ ဝေဖန် ပိုင်းခြားနိုင်စွမ်းရှိသော သတင်းသမားများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGOs)ကလည်း သံသယရှိရှိဖြင့် ရှုမြင်လာ ခဲ့သည်။

IIFFMM ၏ နားလည်ရခက်သော စာရင်း အင်းတွက်ချက်မှုများကို ပထမဆုံး သံသယ ဝင်လာခြင်းဖြစ်သည်။ ဘင်္ဂ လားဒေ့ရှ်၌ ဘင်္ဂါလီ တစ်သန်းနီးပါးရှိနေပြီး ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ ၆၀ဝဝဝ၀ ခန့်ကျန် ရှိနေ သေးကြောင်း ကုလစုံစမ်းစစ်ဆေးရေးအဖွဲ့က ဖော်ပြခဲ့သည်။ ရခိုင်ပြည်နယ်ရှိ မွတ်စလင်အများစု ဘင်္ဂါလီ ၆၀ဝဝဝ၀ ကို အစိုးရ က နိုင်ငံတွင်းမှဖယ်ရှားရန် ကြိုးပမ်းနိုင်ခြေရှိနေကြောင်း UN News က ယမန်နှစ် စက် တင်ဘာ ၁၆ ရက်က ဖော် ပြခဲ့သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့တွင် ဘင်္ဂါလီ ၁ ဒသမ ၆ သန်းရော တကယ်ရှိနေ တာလားဟု မေးခွန်း ထုတ် စရာ ရှိလာပြန် သည်။ ထို့ပြင် ကုလသမဂ္ဂသည် မွတ်စလင် အများစု ဘင်္ဂါလီဟု မည်သည့်အတွက်ကြောင့်သုံးစွဲရ သနည်း။ ဒါဖြင့် အခြားဘင်္ဂါလီများရှိနေ သလားဟု ဆက်လက်မေးခွန်းထုတ်စရာ ရှိလာ ခဲ့သည်။

ကုလ၏ ထွေပြားသော ထုတ်ပြန်ချက် ကြောင့် မြန်မာရှိ အများပြည်သူက ကုလစုံစမ်း စစ်ဆေးမှုအပေါ်နှင့်အိုင်စီ ဂျေ၏ဆုံးဖြတ်ချက်တို့အပေါ် သံသယပွားမှုများ ရှိလာနိုင်သည်။ ၂၀၁၇ ခုနှစ် ဒုက္ခသည်အကျပ်အတည်း အတွင်း နိုင်ငံတကာမီဒီယာများတွင် ဟိန္ဒူရိုဟင်ဂျာ ဆိုသည့် အသုံးအနှုန်းရှိလာခဲ့သည်။ ယင်းမှာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် များအနက် ဘင်္ဂါလီ စကားပြော ဟိန္ဒူများရှိနေခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

ဟိန္ဒူရိုဟင်ဂျာဆိုသည့် စကားလုံးသည် မြန်မာ ဟိန္ဒူသမိုင်းတစ်လျှောက်တွင် တစ်ခါမျှမရှိခဲ့ဖူးကြောင်းမြန်မာနိုင် ငံရှိ ဟိန္ဒူခေါင်းဆောင် တစ်ဦးက ဧရာဝတီသတင်းဌာနသို့ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃ရက်တွင်ပြောဆိုခဲ့သည်။ ရခိုင်ပြည် ရိုဟင်ဂျာကယ်တင်ခြင်း တပ်မတော်(ARSA)က ဟိန္ဒူများအား သတ်ဖြတ်မှုကို မြန်မာရှိ ဟိန္ဒူ အဖွဲ့ အစည်းများက ပြစ်တင်ရှုတ်ချခဲ့သည်။

ကုလက ဘင်္ဂါလီများအား ဘာသာရေးအရ အသိုင်းအဝိုင်းတစ်ခု မဟုတ်ဘဲ လူမျိုးရေးအရ လူနည်းစုဝင် တစ်စု ဟု သတ်မှတ်လိုက်ခြင်းဟု ယူဆစရာရှိလာခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခ သည်စခန်းများ တွင်နေ ထိုင်ကြသည့် ဟိန္ဒူများ ကလည်း ၎င်းတို့ကိုယ်၎င်းတို့ ဘင်္ဂါလီများအဖြစ် မသတ်မှတ်ကြောင်း ပြောဆို ခဲ့ကြပြီးဖြစ်သည်။

ဘင်္ဂါလီဦးရေနှင့်ပတ်သက်၍ အစ္စရေးပညာ ရှင်ဖြစ်သလို သံတမန်ဟောင်းလည်းဖြစ်သည့် မိုရှေယဲဂါက ၁၉၇၂ ခုနှစ်တွင်ထွက်ရှိခဲ့သည့် The Muslims of Burma စာအုပ်တွင် ယနေ့တွင် ရခိုင်ဟုခေါ်ဆိုနေ သည့် နေ ရာ၏ မြောက်ပိုင်းတွင် ဘင်္ဂါလီ ၃၀ဝဝဝ၀ ခန့်နေထိုင်ကြောင်း ရေးသားဖော်ပြခဲ့သည်။

ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအတွင်း ဘင်္ဂါလီစကားလက်အောက်ရှိ စစ်တကောင်း၊ ဒေသိယစကားကို ပြောဆို သူများရှိနေပြီး ယင်းကဲ့သို့ပြောဆိုသူ ထောင်သောင်းချီ၍ရှိနေ ကြောင်း တောင်ကယ်လီဖိုးနီး ယား တက္ကသိုလ်မှ ဘာသာဗေဒပါမောက္ခ အန်ဒရူးဆင်ပ်ဆွန်၏ ၂၀ဝ၇ ခုနှစ်တွင်ထွက်ရှိခဲ့သည့် Language and Identity in Asia ဆိုသည့်လေ့လာမှုတွင် ရေးသားဖော်ပြခဲ့သည်။

ယခုအကျပ်အတည်းမစတင်မီက ဘင်္ဂါလီ တစ်သန်းကျော်ရှိနေကြောင်း ပြည်ပတွင်နေ ထိုင်နေသည့် ဘင်္ဂါ လီ များမှလွဲ၍ မည်သူကမျှ ဆိုမည်မဟုတ်ချေ။ ကုလ၏ ဘင်္ဂါလီ ၁ ဒသမ ၅ သန်း ရှိနေသည်ဆိုသည့် ခန့်မှန်းချက် သာ မှန်ကန် မည်ဆိုပါက ရခိုင်ရှိ စုစုပေါင်းလူဦးရေ၏ထက်ဝက်ကျော်မှာ ဘင်္ဂါလီများဖြစ်နေမည် ဖြစ်သည်။ ယခုအကျပ်အတည်း မစတင်မီ ၂၀၁၄ ခုနှစ်တွင် ရခိုင်စုစုပေါင်းလူဦးရေသည် ၃ ဒသမ ၂ သန်း လောက်သာ ရှိ နေသည်။

ကုလ၏ခန့်မှန်းချက်အရဆိုပါက ဘင်္ဂါလီ ဦးရေသည် အဓိကတိုင်းရင်းသားမျိုးနွယ်များ ဖြစ်သော ကချင်၊ ချင်း၊ ကယား၊ ပလောင်၊ ပအို့နှင့် ဝတို့ထက်ပင်ပိုမိုများပြားနေပြီး ရှမ်းနှင့် ကရင်ပြီးနောက် တတိယ လူဦးရေ အများဆုံး အုပ်စုဖြစ်နေမည်ဖြစ်သည်။

ဒါကလည်း မဖြစ်နိုင်ခြေ။ ကုလကိုယ်စားလှယ်အချို့ကပင် ဦးရေကိုချဲ့ကားပြောဆိုထား ကြောင်း သူတို့အ ချင်း ချင်းကြား ဝန်ခံထားပြီး ဖြစ်သည်။ သို့သော် ယင်းစာရင်းကိုပင် ကုလက အသုံးပြုနေပြီး နိုင်ငံတကာ မီဒီယာများ ကလည်း ဆက်လက်ကိုးကား ဖော်ပြနေဆဲဖြစ်သည်။ မြန်မာရှိ တိုင်းရင်းသားနှင့် ဘာသာရေး ပဋိ ပက္ခများနှင့် ပတ်သက်၍ ဗဟုသုတနှင့် လေးနက်သောအမြင်များ မရှိကြောင်းကို (IIFFMM) အဖွဲ့ဝင် တစ် ဦးဖြစ်သော သီရိ လင်္ကာ ရှေ့နေ ရာဓိကကုမာရာဆွာမီ၏ ပြောဆိုရေးသားချက်များက သက်သေ ခံ ခဲ့ပြီး ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံညီလာခံကို ခေါ်ယူပြီး ယင်းတွင် အစိုးရသည် ဘင်္ဂါလီများ အပါအဝင် လူနည်း စု ဝင်တိုင်းရင်းသားများနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်တည်ထောင်ရန် ဆွေးနွေးခဲ့ကြောင်း ကုမာရဆွာမိက ၂၀၁၈ ခုနှစ် ဇွန် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် စာတမ်းတစ်စောင်တွင် ရေးသားခဲ့သည်။ ပင်လုံ ညီလာ ခံကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ဗြိတိန်ထံမှ လွတ်လပ် ရေးရရှိ ခဲ့သည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် မတိုင်မီ တစ်နှစ်အလို တွင်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး မရရှိ မီတွင် ဗိုလ် ချုပ်အောင်ဆန်းလုပ်ကြံသတ်ဖြတ် ခြင်းခံခဲ့ရသည်။ ထို့ပြင် ပင်လုံညီလာခံသို့ ဘင်္ဂါလီ များတက် ရောက်ခဲ့ သည် ဆိုသည့် သမိုင်း အထောက်အထားများလည်း မရှိခဲ့ချေ။

၁၉၄၇ ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေ အရ မည်သည့်ပြည်နယ်မဆို ပြည်ထောင်စုမှ ခွဲထွက်နိုင်ပြီး ယင်း အခွင့် အရေးကို ၁၉၅၇ ခုနှစ်မှစ၍ကျင့်သုံးနိုင်ကြောင်း ကုမာရဆွာမိ၏ ၂၀၁၈ ခုနှစ် မေ ၁၄ ရက်တွင် ထုတ်ပြန် ခဲ့သည့် စာတမ်းတစ်စောင်တွင် ဖော်ပြထားပြန်သည်။ တကယ်တမ်းမှာမူ ပြည်ထောင်စုမှ ခွဲထွက်နိုင် သည့်အခွင့်အရေး ကို ရှမ်းနှင့်ကရင်နီ(ကယား) ပြည်နယ်များသာရရှိခဲ့ခြင်းဖြစ်ပြီး လွတ်လပ် ရေးရရှိပြီးနောက် ၁၀ နှစ်အကြာ  ဖြစ် သော ကြောင့် ၁၉၅၇ ခုနှစ်မဟုတ်ဘဲ ၁၉၅၈ ခုနှစ် ကျမှသာ ဖြစ်ရမည်ဖြစ်သည်။

ယင်းအမှားများကို သာမန်အချက်အလက် အမှားဟု ယူဆနိုင်သော်လည်း ယင်းအမှား များကို မြန်မာနိုင် ငံသား များက ပေါ့ပေါ့လေး တွေးနေမည်မဟုတ်ချေ။

အိုင်စီဂျေ၏ဆုံးဖြတ်ချက်ကြောင့် မြန်မာ နိုင်ငံအတွင်းရှိ မွတ်စလင်များအတွက် စိုးရိမ်စရာ များရှိလာနိုင်ကြောင်း ပြောဆိုမှုများလည်း ရှိနေပြန်သည်။ မည်သည့်အရာများ ဆက်လက် ဖြစ်ပျက်သည်ဖြစ်စေ အိုင်စီ ဂျေ၏ ဇန်နဝါရီ ၂၃ ရက်စီရင်ချက်သည် ရှည်လျားပြီး ပျင်းစရာ ကောင်းသော တရားရေးဖြစ်စဉ်၏ အစသာ ရှိနေသေးသည်။ သို့ သော် သေချာသည့်အချက် မှာ ကုလက မြန်မာ၏ နိုင်ငံတကာရပ်တည် ချက်နှင့် ဂုဏ် သိက္ခာကို နောက်ဆုံး ထိုး နှက် ချက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီ(မူရင်း အခေါ် ရိုဟင်ဂျာ)များစွာကို မြန်မာသို့ပြန်လည် ခေါ်ယူ ရေး သည် ယခင်ကထက် ပိုမိုဝေးကွာသွားပြီဆိုသည့်အချက်သာ ဖြစ်ပေသည်။

(Asia Times ပါ Bertil Lintner ၏ ICJ ruling shows Rohingya crisis rights and wrongs ကို ဆီလျော် အောင် ပြန်ဆိုသည်။)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */