" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, January 31, 2020

ရခိုင်အရေး ASEAN ပူးပေါင်းဆောင်ရွက်မှု ကုလအတွင်း ‌ရေးမှူးချုပ် ကြိုဆို

VOA
31 ဇန်နဝါရီ၊ 2020
ဗွီအိုအေ (မြန်မာဌာန)
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အခြေအနေနဲ့ပတ်သက်လို့ အာဆီယံ ပါဝင်ဆောင်ရွက်လာတာဟာ ကုလသမဂ္ဂအ တွက် လွန်စွာအရေးပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ပြောကြားလိုက်ပါတယ်။

အာဆီယံ-ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီကို မိန့်ခွန်းပြောကြားရာမှာ အတွင်းရေးမှူးချုပ်က အဲဒီလို ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။ အခုအခါ နေရပ်စွန့်ခွာ သွားကြသူ တွေ နဲ့ ဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နိုင်ငံတကာက ပူးပေါင်းအဖြေရှာရေးဟာ မရှိ မ ဖြစ် လိုအပ်ပြီး၊ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ ထောက်ခံတင်ပြချက်တွေနဲ့အညီ အာဆီယံနဲ့ ကုလသမဂ္ဂက ရှေ့တိုးဆောင်ရွက် သွားနိုင်လိမ့်မယ်လို့ ပြောကြားသွားပါတယ်။  
ဒီလို လုပ်ဆောင်နိုင်ဖို့ ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့ဆန္ဒအလျှောက် ဂုဏ်သိက္ခာရှိစွာနဲ့ ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ရေးအတွက် အခြေအနေကောင်းတွေ ဖန်တီးပေးနိုင်ရေးဟာ အပူတပြင်းလိုအပ်နေတယ်လို့ Guterres က ပြောပါတယ်။ ရိုဟင်ဂျာဆိုတာကို မြန်မာအစိုးရက လက်မခံ ငြင်းဆိုထားပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် စိန်ခေါ်မှုတွေ ကြီးထွားလာနေချိန်မှာ ကုလသမဂ္ဂနဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက် မှုအပါအဝင် ဘက်စုံပူးပေါင်းလုပ်ဆောင်မှုတွေဟာ မရှိမဖြစ် လိုအပ်တယ်လို့ အတွင်းရေးမှူးချုပ်က ပြောဆိုသလို၊ ၂၀၂၀ ပြည့်နှစ်အတွက်အာဆီယံ အလှည့်ကျ ဥက္ကဌအဖြစ်ရော၊ ကုလသမ ဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌအဖြစ်ပါ တာဝန်ယူဆောင်ရွက်မယ့် ဗီယက်နမ်နိုင်ငံကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါတယ်။

အာဆီယံနဲ့ ကုလသမဂ္ဂတို့ရဲ့ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုဟာ ၂၀၁၁ မှာ စတင် ခဲ့ချိန်ကစလို့ အရေးပါ လာခဲ့ပြီး အခုလက်ရှိ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ ခွန်အားဖြစ်ထွန်း စေတယ်လို့လည်း ပြောကြားသွားပါတယ်။
  
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */