နေပြည်တော်သတင်း
17 DEC 2019
နေပြည်တော်၊ဒီဇင်ဘာလ-၁၇ ရက်။ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းမှု တွေကို ဗီယနမ်နိုင်ငံအနေနဲ့ နားလည်ပြီး ရခိုင်အရေးကိစ္စအပါအဝင် နိုင်ငံရဲ့အခြားအခက်အခဲတွေ အဆင် ပြေစွာဖြေရှင်းနိုင်ဖို့ ထောက်ခံဆောင်ရွက်သွားမယ်လို့ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုက ပြောကြားလိုက်တယ်လို့ သိရပါတယ်။
ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်မှာ သည်ကနေ့ နံနက်ပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုတို့ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမမှာ တွေ့ဆုံခဲ့ကြကာ တွေ့ဆုံအပြီးမှာ နှစ်နိုင်ငံ ပူးတွဲသတင်း စာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
ဗီယနမ် ဝန်ကြီးချုပ်က ရခိုင်အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းမှု များကို ဗီယက်နမ်နိုင်ငံအနေနဲ့ နားလည်ပါကြောင်း နဲ့ ရခိုင်အရေးကိစ္စအပါအဝင် အခြားအခက်အခဲများကို အ ဆင်ပြေစွာဖြေရှင်းနိုင်ဖို့ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အခြေခံကာ ထောက်ခံ
ဆောင် ရွက်သွားမယ်လို့ ပြောကြားခဲ့ကြောင်း အတိုင်ပင်ခံရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဝန်ကြီးချုပ်ရဲ့ မြန်မာပြည် ခရီးစဉ်မှာ နိုင်ငံ အကြား နားလည်မှုစာချွန်လွှာ နှစ်ခုကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။သည် စာချွန်လွှာနှစ်ခုကတော့လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ နဲ့ နှစ်နိုင်ငံ ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အကောင်အထည်ဖော်မှု လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၄)နှင့် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာတို့ဖြစ်ပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံ သာမန်နိုင်ငံကူးလက်မှတ် ကိုင် ဆောင်သူများအတွက် ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်မှုကို ၁၄ ရက်မှ ရက် ၃၀ အထိ တိုးမြှင့်တဲ့သံတမန်စာကို လဲလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဗီယက်နမ်နိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့်၂၀၂၀ပြည့်နှစ်မှာ သည်ကာလအတွင်း ဗီယက်နမ်နိုင်ငံသို့ လာရောက်လည်ပတ်ဖို့ ဝန်ကြီး ချုပ်က ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်းနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက် လိုကြောင်း ၊ သံခင်းတမန်ခင်း၊ စစ်ဘက်နှင့် လုံခြုံရေးနယ်ပယ်များအပြင် အထူးသဖြင့် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုများမှာ မြန်မာနိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်လိုကြောင်း နဲ့ အခြား ကိစ္စရပ်တွေကို ပြောကြားခဲ့တယ်လို့ အတိုင်ပင်ခံရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
Author:
မာရီခိုင်
Link : Here
No comments:
Post a Comment