Tuesday, April 2, 2019

(သတင်းဌာနများထံခြိမ်းခြောက်သတိပေးစာများပေးပို့ခြင်းမရှိဟုAAတုန့်ပြန်)

K.K.P. ဧပြီ.၂ .၂၀၁၉

ရက္ခိုင့်တပ်မတော်(AA)အမည်သုံး၍ ပြည်တွင်းသတင်းဌာနများကို ခြိမ်းခြောက်သတိပေးစာ များပေးပို့ခဲ့ ခြင်းဖြစ်စဉ်သည် ယင်းတို့ AA တပ်ဖွဲ့နှင့် မသက်ဆိုင်ကြောင်း တပ်ဖွဲ့ပြောခွင့်ရသူ ခိုင်သုခက ငြင်းဆိုလိုက်ပါတယ်
၎င်းတို့အနေဖြင့် မြန်မာမီဒီယာများ၏ လွတ်လပ်စွာသတင်းရယူခွင့် ကန့်သတ်ခံရသည့် အခက်အခဲကို နား လည်သဖြင့် တက်နိုင်သမျှ မြေပြင်သတင်းရယူမှုလုပ်ငန်းများကို ကူညီမည့်အကြောင်းကိုလည်း သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သူက ပြောသည်။ လက်ရှိ သတင်းဌာနများထံ သူတို့အမည်သုံး၍ ပျံ့နှံ့လာသည့် ခြိမ်းခြောက်မှုများသည် တပ်မတော်၊ စိတ်ဓါတ်စစ်ဆင်ရေးဌာန၏ လက်ချက်ဖြစ်နိုင်ကြောင်း သူက စွပ်စွဲ သည်။

“ သတင်းဌာနတွေနဲ့ကျွန်တော်တို့ကို ရန်တိုက်ပေးချင်တဲ့သဘောနဲ့ သူတို့ဘက်က ဒီလိုလုပ်နေတာလို့ ကျွန်တော်ကတော့ ထင်တယ်” ဟု ခိုင်သုခမှ ပြောသည်။

သတင်းရေးသားတင်ပြမှုများနှင့်ပတ်သက်ပြီး ခြမ်းခြောက်သည့် သတိပေးစာ လက်ခံရရှိခဲ့သော မဇ္ဇျိမသ တင်း ဌာနက အယ်ဒီတာတစ်ဦးဖြစ်သူ ဦးမျိုးသန့်ကလည်း သူတို့ထံသို့ လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက AA အမည်ဖြင့် ပေးပို့ ခြိမ်း ခြောက်လာခြင်းဖြစ်သော်လည်း သတင်းတုတစ်ခုအဖြစ်သာ သတ်မှတ်ကြောင်း ဆိုသည်။ မဇ္ဇျိမ သတင်းဌာနကဲ့သို့ပင် အခြား သတင်းဌာနများဖြစ်သော 7 Days သတင်းဌာန၊ DVB သတင်း ဌာနများလည်း ခြိမ်းခြောက်စာများကို လက်ခံရရှိခဲ့သည်။ ခြိမ်းခြောက်သည့် သတိပေးစာ ပေးပို့သူသည် လူ မှု ကွန်ယက်အကောင့် အတုများ၊ အီးမေးလ်များအသုံးပြုကာ သတင်းဌာနများ၏ အီးမေးလ်နှင့် လူမှုကွန် ယက်များထံ ပေးပို့ခဲ့ခြင်းဖြစ် သည်။ အထူးသဖြင့် တပ်မတော်ဘက်က သတင်းထုတ်ပြန်သမျှ ဖော်ပြ သည့် လုပ်ရပ်များကို ရပ်တန့်ရန် ခြိမ်းခြောက်သည့် သတိပေးစာတွင် ရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။

လက်ရှိဖြစ်ရပ်သည် တပ်မတော်စိတ်ဓါတ်စစ်ဆင်ရေးဌာန၏ လုပ်ရပ်ဟု ခိုင်သုခ စွပ်စွဲမှုကို ပြန်လည် ရှင်းလင်းပြောကြား နိုင်ရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောခွင့်ရသူတစ်ဦးဖြစ်သည့် ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းထံ ဆက်သွယ် သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါ။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */