VOA
ဗွီအိုအေ (မြန်မာဌာန)
19 ဇွန်၊ 2020
ကိုနိုင်ကွန်းအိန်
19 ဇွန်၊ 2020
ကိုနိုင်ကွန်းအိန်
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်က မြင်ရတဲ့ တရုတ် - မြန်မာနယ်စပ် စစ်ဆေးရေးဂိတ်။ (မေ ၂၅၊ ၂၀၁၂)
COVID-19 ကူးစက်ရောဂါဖြစ်ပွါးမှု မြင့်မားနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ လာ အိုနိုင်ငံက တရားမဝင်ခိုးဝင်လာသူတွေနဲ့ လူပွဲစားတွေကို လူဝင်မှု ကြီးကြပ်ရေးဥပဒေနဲ့ အရေးယူ သွားမယ် လို့ နိုင်ငံ တော် သမ္မတရုံးကနေ ပြောဆိုခဲ့တဲ့အကြောင်းတင်ဆက်ပေးမှာပါ။ ဒီအကြောင်းဗွီအိုအေမြန်မာပိုင်း သတင်း ထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ မောင်တောမြို့နယ်ကတဆင့် တရားမ ဝင်ဝင်ရောက်မှုတွေက COVID-19 ရောဂါကူးစက်မှုအတွက် စိုးရိမ်စရာ အနေအထား ရှိနေတာပါ။ အစိုးရ အနေနဲ့ ဘင်္ဂလားနယ်စပ်ကနေ တရား မ ဝင်ခိုးဝင်လာသူတွေကို အရေးယူသွားမယ်လို့ ထုတ်ပြန်ပေ မဲ့ ဝင် ရောက်မှုကတော့ရှိနေဆဲ အခြေအနေမှာ ရှိနေတယ်လို့ ဦးဇော်ဌေးကပြောပါတယ်။
သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေး (ဓာတ်ပုံ - Myanmar President Office/Handout) (ဇွန် ၁၉၊ ၂၀၂၀)
မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူတွေနဲ့ လက်ခံထားတဲ့ သူ တွေ ကို အရေးယူသွားမယ်လို့ နိုင်ငံတော် သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဒီကနေ့ကျင်းပတဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။
“တနိုင်ငံလုံးမှာရှိတဲ့ နယ်စပ်ဂိတ်တွေကနေပြီးတော့ တရားဝင်ဂိတ်တွေ မဟုတ်ဘဲနဲ့ တရားမဝင်ခိုးဝင် လာ ရင် ကျနော် အရေးယူမယ်။ ကူးစက်ရောဂါနဲ့ ကျနော်တို့ အရေးမယူဘူး၊ လဝကအက်နဲ့ အရေးယူမယ်။ အဲဒီ မှာလက်ခံထားတဲ့ လူကိုလည်း သိရက်နဲ့ပေါ့နော် ဒီလူသည်ခိုးဝင်မှန်းသိသိနဲ့ လက်ခံထားတဲ့လူလည်း ကျ နော် တို့ အရေးယူမယ်။ အဲဒါလည်း ကျနော်တို့ ကြေညာထားပြီးဖြစ်တယ်။ အဲဒါက ကျနော်တို့ ရခိုင်ပြည် နယ်ရော၊ ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်၊ အိန္ဒိယနယ်စပ်၊ လာအိုနယ်စပ် အကုန်ပါပါတယ်။”
“ဘင်္ဂလားဒေ့ရှ်က ဝင်လာတဲ့ကိစ္စ။ အဲဒါလည်း ကျနော်တို့ဘက်က Border ပိတ်ထားတယ်။ ဟိုဘက်က လည်း ပိတ်ထားတယ်။ သို့သော်ချောင်းပေါက်မြောင်းပေါက်တွေ ရှိတယ်။ ကျနော်တို့ ခြံစည်းရိုးအပြည့်၀ ကာ လို့ မရဘူး။ အဲဒီ ချောင်းပေါက်မြောင်းပေါက်မှာ လှေတွေဘာတွေ ဝင်ထွက်ဖို့ ပေးရတယ်။ နို့မို့ရင် ဘယ်သူမှ သားရှာ၊ ဖားရှာသွားလို့ မရတော့ဘူး။ ကျနော်တို့ဘက်မှာ အဲဒီလိုမျိုးသံတိုင်တွေနဲ့ ရေလယ်ပေါ် မှာ ပိတ်တဲ့စနစ် လုပ်ထားတာမဟုတ်ဘူး။ ခြံစည်းရိုးပဲ ကာတယ်။ ခြံစည်းရိုး ကာပြီးရင်တောင်မှ ခုန ကပြော တဲ့အပေါက်တွေက ရှိနေသေးတယ်။ ဒါကမြေပြင် အခြေအနေပေါ့နော်။ အဲဒီအပေါက်တွေက ခိုးဝင်ခိုး ထွက် တွေရှိတယ်လို့ သတင်းတွေလဲကြားတယ်။ သတင်းတွေလည်း ရတယ်။ ရတဲ့နေရာက ကျနော်တို့ ပိတ်ဆို့ ဖို့လည်း လုပ်တယ်။ အဲဒီမှာလဲပွင့်ပွင့်လင်းလင်းပြောရရင် လူမှောင်ခိုပွဲစားတွေ ရှိတယ်။ တပ်ဘက်က၊ လုံခြုံ ရေး ဘက်က တာဝန်ရှိသူတွေနဲ့ ပေါင်းပြီး လူသွင်းတာတို့ မူးယစ်ဆေးဝါးသွင်းတာတို့ လုပ်တဲ့အတွက် သ တင်းတွေကြားတော့ ကျနော်တို့ အရေးယူခိုင်းတယ်။ လူပွဲစားက ထွက်ပြေးတယ်။ ဒါလေးဖြစ်စဉ်က ရှိခဲ့တာ ပေါ့နော်။ အဲဒီဘက်မှာလည်း ကျနော်တို့ တရားမဝင်ခိုးဝင်လာရင် ကျနော်တို့ အရေးယူမယ်။”
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တချို့ နိုင်ငံတွင်းကို တရားမဝင် နယ်စပ်ဖြတ်ကျော် ပြန်လည် ဝင်လာတာတွေရှိပြီး သူတို့ကို ဖမ်းဆီး ကယ်ဆယ်ရေးစခန်းထဲမှာ လတ်တလော နေရာချထားပေး ပါ တယ်။ မြန်မာအစိုးရအနေနဲ့က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမဲ့ ဒီဒုက္ခသည်တွေစီစစ်လက် ခံ သွားမယ်လို့ ဂတိပေးထားပြီးသားပါ။ ဒါပေမဲ့ ကပ်ရောဂါကာလအတွင်း ဒုက္ခသည်ပြန်လည်လက်ခံရေး အစီအစဉ်ကို ဆိုင်းငံထားပါတယ်။
ဒီလိုအချိန်မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ဖြစ်စေတဲ့ လူပို့ဆောင်နေတဲ့ ပွဲစားတွေကို အရေးယူဖို့ ဖော် ထုတ်နေတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကပြောပါတယ်။
“စုံစမ်းဖေါ်ထုတ်ဖို့အခြေအနေလုပ်နေတယ်လေ ကျနော်တို့က။ ဝင်လာတဲ့လူကို ပို့ပါတယ်ဆိုတဲ့လူ။ ဒီမှာ လှေနဲ့ ပို့တယ် အဲဒီလူမျိုးကို။ ရေလမ်းကြောင်းအပေါက်ကနေ ဝင်ထွက်ပြီးတော့ လာတာပဲ။”
လတ်တလောမှာတော့ သရက်အုပ်ကျေးရွာအုပ်စု မင်္ဂလာကြီးကျေးရွာက ကူးတို့လှေသမားတစ်ဦးကို လူ ကုန်ကူးနဲ့ အမှုဖွင့်ဖို့ လုပ်ဆောင်နေသလို တရားမဝင် ဝင်ရောက်လာခဲ့တဲ့ လမ်းကြောင်းတွေကိုလည်း စိစစ်နေတယ်လို့ သူကဆိုပါတယ်။
မောင်တောဒေသမှာ COVID-19 ရောဂါအကြောင်း သိရှိမှု အားနည်းနေသလို လုံခြုံရေးအတွက်စီစစ်မှု အားနည်းနေတယ်လို့ မောင်တောမြို့ခံ ကိုထွန်းမြင့်ဦးက သူ့အတွေ့အကြုံကိုအခုလိုပြောပါတယ်။
“လက်ရှိဒီမောင်တောဒေသမှာက ဒီ COVID-19 ရောဂါရဲ့ ဟိုဟာကို သူတို့သေသေချာချာမသိကြဘူး။ ကျနော် ပထမဆုံးပေါ့။ မောင်တောမှာ နှစ်ယောက်သွားတွေ့တယ်။ ကျနော်က အဲဒီအနားမှာရှိတဲ့ ဘင်္ဂလီ တချို့တွေနဲ့ စကားသွားပြော ကြည့်တယ်။ ကျနော်က ပြောတယ်။ မင်းတို့ အခုရွာတွေကနေ ဟိုဘက်နိုင် ငံက ဝင်လာတဲ့လူနှစ်ယောက်ကို အခုရောဂါ ကူးလို့ ဆေးရုံမှာ တင်ထားတယ်ဆို သူတို့ကဘာပြောလဲ ဆို တော့ မဟုတ်ဘူးတဲ့။ အဲတာပိုက်ဆံမပေးနိုင်လို့ ဖမ်းထားတာတဲ့။ ပြောရမယ်ဆိုအဲဒီမှာ နှစ်ချက် ကျနော် တွေ့ရတယ်။ တစ်အချက်က သူတို့ပါးစပ်ထဲမှာ ပိုက်ဆံမပေးနိုင်လို့ဖမ်းထားတယ်လို့ပြောတာကိုက ရှေ့ မှာ ဒါမျိုးဖြစ်စဉ် ဖြစ်ခဲ့ဘူးလို့သာ သူတို့ပြောတယ်လို့ပဲ ယေဘူယျသုံးသပ်လို့ရတယ်။ နှစ်အချက်ကကျ သူတို့က ဒီရောဂါသည် တကယ့်ကို လူတွေကို ထိခိုက်နိုင်တဲ့ရောဂါဖြစ်တယ်ဆိုတဲ့ဟာကို သူတို့တွေမှာ အသိမရှိဘူး။”
မောင်တောဒေသနဲ့ နတ်မြစ်တစ်ခုတည်းသာခြားထားတဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်က ရိုဟင်ဂျာ ဒုက္ခ သည်စခန်းထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ များပြားလာလို့ စိုးရိမ်စိတ်ဖြစ်ပြီး၊ မြန်မာနိုင်ငံ ဘက် ခြမ်း ကို တရားမဝင် ပြန်ဝင်လာတဲ့သူများပြားနေတယ်လို့ သူကဆိုပါတယ်။
ကိုဗစ်ကာလအတွင်း တဘက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမှုကို အစိုးရက ပိတ်ပင်ထားပေမဲ့ တရားမဝင် ဝင်ရောက်လာသူ ၉၀ ကျော် ရှိနေတယ်လို့ တာဝန်ရှိသူတွေက VOA ကို ပြောထားပါတယ်။
ကိုဗစ်ကာလအတွင်း တဘက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမှုကို အစိုးရက ပိတ်ပင်ထားပေမဲ့ တရားမဝင် ဝင်ရောက်လာသူ ၉၀ ကျော် ရှိနေတယ်လို့ တာဝန်ရှိသူတွေက VOA ကို ပြောထားပါတယ်။
ရခိုင်ပြည်နယ်မှာ၂၀၁၇ ခုနှစ်တုန်းက အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ဒေသခံ ရိုဟင်ဂျာ မွတ်လင် သိန်းဂဏန်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှထဲ ထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။
Link: Here




No comments:
Post a Comment