" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, February 23, 2019

ပလက်ဝ သံတောင်ရဲစခန်းကို AA ဝင်ရောက်တိုက် ခိုက်ပြီး စခန်းမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်း ဆီးခေါ်ဆောင်သွား

The Myanmar Times
ပန်လှအောင်(မြစ်မခ)  မြန်မာတိုင်းမ်နေ့စဉ်
23 Feb 2019 |

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ သံတောင်ရဲစခန်းကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၃ နာရီခန့်က AA မှ ဝင်ရောက်တိုက်ခိုက်ကာ စခန်းမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။


ဝင်ရောက်တိုက်ခိုက်

အဆိုပါ သံတောင်ရဲစခန်းသည် ပလက်ဝမြို့နှင့်အလှမ်းကွာဝေးကာ လေးမြို့မြစ်ကမ်း နံဘေးတွင်တည်ရှိသော ရဲစခန်းတစ်ခုဖြစ်ပြီး ဝင်ရောက်တိုက်ခိုက်စဉ်တွင် သေနတ်သံ ခုနစ်ချက်ခန့်ကြားရခဲ့ကြောင်း ဒေသခံများ ထံမှ သိ ရသည်။

"စခန်းဘက်က သေနတ်သံတွေ ကြားရတယ်။ နံနက် ၈ နာရီကျော်လောက်မှာလည်း ထပ်ကြားရတယ်။ စခန်းမှူး ဆလိုင်းဘီးဗာနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချားဟော်တို့ကို ဖမ်းခေါ်သွားတယ်။

တခြားထိခိုက်သေဆုံးတာတွေ မကြားမိဘူး"ဟု သံတောင်ကျေးရွာ သားတစ်ဦးက ပြောဆိုသည်။ အဆိုပါ ဝင်စီးခံရသော သံတောင်ရဲစခန်းမှာ မြောက်ဦးမြို့နယ်နှင့် ပိုမိုနီးစပ်ကာ သံတောင်ရွာသည် အိမ်ခြေ ၁၅၀ ခန့်ရှိသည်။

ထွက်ပြေးတိမ်းရှောင်

လက်ရှိတွင် သံတောင်ကျေးရွာမှရွာသားများ ကြောက်လန့်ကာ ဘုန်းတော်ကြီး ကျောင်းနှင့် တခြားကျေး ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။သံတောင်ကျေးရွာ၏မြစ်တစ်ဖက်ခြားဝက်ချောင်း   ကျေးရွာအနီး ငါးမိုင်ခန့်အကွာ တောင်တန်းများတွင် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီခွဲခန့်က မြန်မာ့ တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

Link :Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */