လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021-07-16
ဗြိတိသျှပါလီမန်ရဲ့ နိုင်ငံခြားရေးရာကော်မတီကနေ မြန်မာနိုင်ငံ အကြပ်အတည်းကို ဗြိတိန်အစိုးရ ရဲ့ တုံ့ပြန် ဆောင် ရွက်မှုများ ဆိုတဲ့ အစီရင်ခံစာတစ်စောင်ကို ဇူလိုင်လ ၁၆ရက် မနေ့က ထုတ်ပြန် လိုက်ပါတယ်။
မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှုနောက်ပိုင်း အာဏာသိမ်းဆန့်ကျင်ရေး တောင်းဆိုဆန္ဒပြသူတွေ ကိုအကြမ်း ဖက်နှိမ်နှင်းခဲ့ပြီး ရာနဲ့ချီတဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးထောင်ချတာ၊ အသက်သေ တဲ့အထိ နှိပ်စက်တာ နဲ့ အစဖျောက် ရှင်းလင်းပစ်တာလို လုပ်ရပ်တွေ လုပ်ခဲ့တဲ့အကြောင်းနဲ့ ဒီလို အကြပ်အတည်း အခြေအနေ အ တွက် မြန်ဆန်ပြီး ညီညွတ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ဖို့လို တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဗြိတိန်နိုင်ငံမှာ အခြေစိုက်ပြီး မြန်မာ့အရေးလုပ်ဆောင်နေတဲ့ Burma Campaign UK အဖွဲ့က Mark Farmaner က ဗြိတိသျှ ပါလီမန် နိုင်ငံခြားရေးရာကော်မတီကနေ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ ဟာ ဗြိတိသျှ အစိုးရက မြန် မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ဆက်လက် လုပ်ဆောင်မယ့် လုပ်ငန်းစဉ် တွေကို ချမှတ်ပေးတဲ့ သဘော ဖြစ်တဲ့ အတွက် အလွန်အရေးကြီးတဲ့အကြောင်း ပြောပါတယ်။
“ဒီအစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီးဗြိတိသျှအစိုးရရဲ့တုံ့ပြန် ဆောင် ရွက်မှုတွေက လုံလောက်မှု မရှိဘူးလို့ သုံးသပ်ထားပါတယ်။ ဒီအထဲမှာ စစ်အစိုးရကို ပိတ်ဆို့ အရေးယူမှုတွေ တိုး လုပ်ဖို့နဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ Burma Campaign UK နဲ့ NUG တို့က တိုက်တွန်း ထားတာ တွေကိုလည်း ထောက်ခံထားပါတယ်။ NUG အစိုးရကိုလည်း government in-waiting လို့ သတ် မှတ် ပြီး လိုအပ် တဲ့အကူအညီတွေ ပေးသွားဖို့လည်း ပြောထား ပါတယ်။ NUG ကို မြန်မာနိုင်ငံရဲ့အစိုးရအဖြစ် အပြည့်အဝ သတ်မှတ်တာမျိုး မလုပ်သေးပေမယ့်၊ စစ်အစိုးရနေရာမှာ အစားထိုးမယ့်အစိုးရအဖြစ် သတ် မှတ် ပြီး ဆက်ဆံဖို့ ပြောထားပါတယ်ဒါ့အပြင် စစ်အစိုးရက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ICC တရားရုံးမှာ ရုံး တင် စစ်ဆေးနိုင်ဖို့ ကြိုးပမ်းတဲ့နေ ရာမှာ ပါဝင်ဖို့လည်း ဗြိတိသျှ ပါလီမန်ကို တိုက်တွန်းထားပါတယ်။
မြန်မာစစ်တပ်ဟာ ကျူးလွန်သမျှ ရာဇဝတ်မှုတွေအတွက် အရေးယူခြင်း မခံရပဲ ရှိနေတာဆယ်စုနှစ် များ စွာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့လည်း သူကျူးလွန်ခဲ့တဲ့ ရာဇ ဝတ်မှုတွေအတွက် ICC တရားရုံးမှာ စီရင်ခံရမယ် ဆိုတာ သိနေရင် ခုလို အာဏာသိမ်းဖို့ လုပ်ဖြစ်မှာ မဟုတ်ဘူးလို့ အစီရင်ခံစာ မှာ သုံးသပ်ထားပါတယ်"
အခုအချိန်မှာ မြန်မာနိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖိနှိပ်သတ်ဖြတ်မှုတွေအပြင် ကို ဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းရဲ့ ရိုက်ခတ်မှုတွေကို ခံရပြီး နိုင်ငံတကာက လူသားချင်းစာနာ ထောက်ထားမှု အကူ အညီတွေကို လိုအပ်နေတဲ့အချိန် ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ ဗြိတိသျှ အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံ အပေါ် လူ သားချင်းစာနာမှု အကူအညီပေးတဲ့ အခြေအနေကို ထိခိုက်မလားဆိုတာကိုလည်း Mark Farmaner က အခု လို ပြောပါတယ်။
“အခု ဗြိတိသျှအစိုးရက ချမှတ်ဖို့ တောင်ဆိုထားတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ မြန်မာနိုင်ငံအပေါ် ပေးအပ်နေ တဲ့ လူသားချင်း စာနာမှု အကူအညီတွေအပေါ် ထိခိုက်မှု မရှိနိုင်ပါဘူး။ တစ်ခုရှိတာက တော့ စစ်အစိုးရက တ ဆင့် ပေးတဲ့ အကူအညီတွေကို ရပ်တန့်ရမယ်လို့ ပါရှိပါတယ်။ ဒါပေမယ့် လွတ်လပ်တဲ့ NGO အဖွဲ့တွေနဲ့ ဒေ သခံ လူမှုအဖွဲ့အစည်းတွေကနေတဆင့် အကူအညီတွေ ပေးအပ် သွားတာမျိုး ဆက်လုပ်ဖို့ ဗြိတိသျှပါလီမန် နိုင်ငံခြားရေးရာ ကော်မတီက တိုက်တွန်းထားပါတယ်”
လက်ရှိ မြန်မာ နိုင်ငံအခြေအနေအတွက် ထိရောက်ခိုင်မာတဲ့ လုပ်ဆောင်မှုတွေ လိုအပ်နေပြီး၊ အ တိတ်က ထိ ရောက်တဲ့ လုပ်ဆောင်မှုတွေ မရှိခဲ့တဲ့အတွက် ဒီနေ့ အခြေအနေကို ရောက်လာခဲ့ တာ ဖြစ်ကြောင်း၊ အနာဂတ် မှာလဲ ဒီလိုပဲ ဆက်ပြီး အရေးယူတုံ့ပြန်မှုမရှိဘဲ နှောင့်နှေးနေဦးမယ်ဆိုရင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေနဲ့ အသက်ဆုံးရှုံးမှုတွေ ထပ်ပြီး ကြုံနေရဦးမယ် လို့ အစီရင်ခံစာမှာ သုံးသပ်ဖော်ပြထား ပါ တယ်။
Link : Here
No comments:
Post a Comment