" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, July 15, 2023

မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ် အတည်ပြု

RFA
RFA Burmese
2023.07.14

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်စပ်အထိ ထွက်ပြေးနေရသည့် လေးကေ့ကော်ဒေသ ဒုက္ခသည်များကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် တွေ့ရစဉ်။ Citizen Journalist


မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့အပါအဝင် ဆုံး ဖြတ်ချက် ငါးချက်ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဇူလိုင် ၁၄ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အ ရေး ကောင်စီရဲ့ ၅၃ ကြိမ်မြောက် အစည်းအဝေးမှာ ချမှတ်အတည်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ထဲမှာ နိုင်ငံတွင်းက အကြမ်းဖက်မှုတွေ၊ နိုင်ငံတကာဥပဒေ ချိုးဖောက်မှု တွေ အားလုံး ချက်ခြင်းရပ်တန့်ဖို့ စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

ဒါ့ပြင် နိုင်ငံသားအားလုံးရဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးဖို့၊ ကျူးလွန်ခံရသူတွေ တရားမျှတမှု ရရှိ‌ရေးနဲ့ ကျူးလွန်သူတွေကို အရေးယူရေးအတွက် ဆောင်ရွက်သင့်တာအားလုံး လုပ်ဆောင်ဖို့၊ ကုလသမဂ္ဂက ခန့်အပ် တာဝန်ပေးလိုက်တဲ့ ပုဂ္ဂိုလ်တွေ လူ့အခွင့်အရေးလုပ်ငန်းစဉ်တွေကို လွတ်လွတ်လပ်လပ် ကန့်သတ်ချုပ်ချယ်မှုမရှိ လုပ်ဆောင်ခွင့်ပြုဖို့နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့လည်း တောင်းဆိုထားပါတယ်။

အတင်းအကျပ် အိုးအိမ်‌‌ရွှေ့ပြောင်းခံရတဲ့ ရိုဟင်ဂျာမွတ်ဆလင်နဲ့ တခြားလူနည်းစုတွေအားလုံး နေရပ်ပြန်နိုင်တဲ့ အထိ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်အောင် ဘင်္ဂလား‌ဒေ့ရှ်အစိုးရကို ဆက်ပြီးကူညီကြဖို့လည်း နိုင်ငံ တကာကို တိုက်တွန်းထားပါတယ်။

ဒါ့ပြင်ပြည်တွင်း လူမှုအသိုက်အဝန်းအသီးသီးက အိုးအိမ်စွန့်ခွာရသူအားလုံးကို လူသားချင်းစာနာမှု အကူအညီ တွေ ပေးနိုင်အောင် မြန်မာနိုင်ငံကို ကူညီဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ထူးခြားတိုးတက်မှုနဲ့ ပတ်သက်ပြီး လာမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ၅၈ ကြိမ်နဲ့ ၅၉ ကြိမ်မြောက် အစည်းအဝေးတွေမှာ လူ့အခွင့်အရေးမဟာမင်းကြီးက နှုတ်နဲ့၊ စာနဲ့အစီရင် ခံတင်ပြပြီး အပြန်အလှန်ဆွေးနွေးကြဖို့၊ အဲဒီနောက် ၇၉ ကြိမ်မြောက် အထွေထွေညီလာခံကို အစီရင်ခံတင်ပြဖို့ လည်း ဆုံးဖြတ်လိုက်ပါတယ်။

လုံခြုံရေးကောင်စီ အပါအဝင် သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာ မှုဆိုင်ရာပြဿနာတွေကို ဖြေရှင်း‌နိုင်ရေးအတွက် လက်ဆုပ်လက်ကိုင်ရှိတဲ့ အစီအစဉ်တွေ ချမှတ်ဖို့လည်းဆုံးဖြတ် ချက်မှာ တောင်းဆိုထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */