ဗွီအိုအေမြန်မာပိုင်း
၂၀ ဒီဇင်ဘာ၊ ၂၀၂၂
UNSC meeting- Myanmar: Briefing One Year After the Start of the Refugee Crisis
မြန်မာ့အရေး လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်းကို ဗြိတိသျှနိုင်ငံက ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း တင် သွင်းခဲ့တာဖြစ်ပြီး၊ မူကြမ်းစာသားကို အဖွဲ့ဝင်တွေအကြား ညှိုနှိုင်းနေခဲ့တာပါ။ မူလ မူကြမ်းထဲမှာပါဝင်တဲ့ မြန်မာ နိုင်ငံကို လက်နက်တင်ပို့မှုတွေ ပိတ်ပင်တားဆီးဖို့ဆိုတဲ့အချက်ကတော့၊ ပြန်ညှိုနှိုင်းပြီး နောက်ဆုံးထွက်လာတဲ့ မူကြမ်းထဲမှာ ပါမလာတော့ပါဘူး။ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တရပ်ရဖို့ဆိုရင် အဖွဲ့ဝင် ၉နိုင်ငံထက်မနည်း ထောက်ခံဖို့လိုသလို၊ အမေရိကန် ပြင်သစ် ဗြိတိန် တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးကန့်ကွက်တာမဖြစ်ဖို့ လိုပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးကတော့ ဒီမူကြမ်းကို ညှိုနှိုင်းနေဆဲရှိပြီး၊ ဒီဆုံးဖြတ်ချက်ကို မြန်မာအာ ဏာ ပိုင်တွေဖက်က လက်မခံရင် ပူးပေါင်းဆောင်ရွက်မှုရှိမလာမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။ ဒီမူကြမ်းနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကိုယ်စားလှယ်ရုံးက တစုံတရာတုန့်ပြန်တာမရှိပေမယ့်၊ နောက်ဆုံးမူကြမ်းကိုတော့ သဘောတူညီထားပုံရပါတယ်။ ရရှိထားတဲ့ နောက်ဆုံးမူကြမ်းထဲမှာတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းယူမှုကြောင့် မြန်မာပြည်သူတွေအပေါ် ကြီးကြီးမားမားထိခိုက်သက်ရောက်မှုရှိတာကို အလွန်အမင်းစိုး ရိမ် ကြောင်းဖော်ပြပြီး၊ ASEAN အသင်းကြီးက သဘောတူထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပါတယ်။
Link: Here
.png)
No comments:
Post a Comment