Tuesday, October 3, 2023

မြန်မာ့အရေး ကုလ ကြိုးပမ်းမှုတွေ အောင်မြင်မှုမရှိကြောင်း SAC-M ပြော

VOA
ဗွီအိုအေ (မြန်မာဌာန)

၀၃ အောက်တိုဘာ၊ ၂၀၂၃ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတခု
 
မြန်မာ့အရေး ဖြေရှင်းဖို့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေဟာ အောင်မြင်မှုမရှိကြောင်း ကုလသမဂ္ဂအရာရှိ ဟောင်းတွေ ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကပြောလိုက်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ၊ အစိုးရတွေရဲ့ ဆွေးနွေးဖြေရှင်းမှုတွေမှာလက်တွေ့အရေးယူဆောင်ရွက် တာတွေ မရှိသလို၊ မြန်မာနိုင်ငံက ကုလသမဂ္ဂရုံးဟာလည်း စစ်အာဏာပိုင်တွေ ကျေနပ်အောင်လုပ်နေ တဲ့ မအောင်မြင်တဲ့ ချဉ်းကပ်မှုတွေကို ထပ်လုပ်နေတယ်လို့လည်း ဒီကနေ့ ထုတ်ပြန်လိုက်တဲ့“မြန်မာနိုင် ငံ အတွက် ကုလသမဂ္ဂက ဘယ်နည်းဘယ်ပုံ ပျက်ကွက်နေသလဲ” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာ မှာ ဖော်ပြလိုက်တာပါ။

အတွင်းရေးမှူးချုပ် António Guterres ဟာလည်း ကုလသမဂ္ဂရဲ့ အကြီးအကဲအဖြစ် မြန်မာပြည်သူ တွေအတွက် တာဝန်ယူဖို့ ပျက်ကွက်ခဲ့တယ်လို့ ဝေဖန်ထားပါတယ်။မြန်မာနိုင်ငံမှာ၂၀၂၁ခုနှစ်ကအရပ် သား အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေအပေါ် စစ်တပ် ရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကြောင့် လူပေါင်း ၂ သန်းလောက် ပြည်တွင်းမှာ ဒုက္ခသည်အဖြစ် နေထိုင်နေ ကြရသလို၊ သန်း ၂၀ လောက် ဟာလည်း စာနာမှု အကူအညီတွေ လိုအပ်နေချိန်မှာ ကုလသမဂ္ဂရဲ့ ကြိုး ပမ်းမှုတွေဟာ အရာမထင်ဘူးလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဆိုင် ရာ ကိုယ်စားလှယ်ဟောင်းတွေ ပါဝင်တဲ့ SAC-M အဖွဲ့က ထောက်ပြထားတာပါ။

ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေဟာ အောင်မြင်မှုမရှိတာကြောင့် ပုံစံသစ်နဲ့ ချဉ်းကပ်ဖို့လည်း တိုက်တွန်း ထားပါတယ်။ မြန်မာစစ်ကောင်စီကို လက်နက်မရောင်းချအောင် တားမြစ်ဖို့၊ စစ်ခေါင်းဆောင်တွေကို ဘဏ္ဍာရေးအရ ပစ်မှတ်ထား ဒဏ်ခတ်ဖို့၊ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ကိုင်တွယ်ဖို့တွေ ပါဝင် တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ လိုတယ် လို့ လည်း ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့လည်း မြန်မာ့အရေး ဖြေရှင်းရာမှာ ထိ ရောက်ပြီး စုစည်းညီညွတ်တဲ့ မဟာဗျုဟာနဲ့ အကောင်အထည်ဖော်ဖို့ လုပ်ငန်းတာဝန်တွေကို ရှင်းရှင်း လင်းလင်း ပေးအပ်ပြီး၊ အကောင်အထည်ဖော်မှု ရှိမရှိ စောင့်ကြည့်ဖို့လည်း SAC-M အစီရင်ခံစာက တိုက်တွန်းထားပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */