" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, January 10, 2024

မြန်မာ့အရေးကို ဆက်ပြီးအာရုံစိုက်မယ်လို့ အင်ဒိုနီးရှားပြော

BBC
ဇန္နဝါရီလ ၁၀ ရက် ၂၀၂၄ 

အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ လစ်လပ်နေတဲ့မြန်မာထိုင်ခုံ

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုနဲ့ နိုင်ငံရေးအကျပ်အတည်း အခြေအနေကို အင်ဒိုနီးရှားရဲ့ နိုင်ငံခြားရေးမူဝါဒ မှာ ဆက်ပြီးအာရုံစိုက်မယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်(တ)နို မာဆုဒီက ပြောလာပါတယ်။

ဇန်နဝါရီလ ၈ ရက်မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ ခုနှစ်အတွက် နှစ်စဥ်သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ကြေညာချက်မှာ အခုလို ထည့်သွင်းပြောဆိုလာတာဖြစ်ပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူး ကျော်လွန်သွားပြီဖြစ်ပေမဲ့ ''မြန်မာပြည်တွင်းက အခြေအနေတွေဟာ အင်ဒို နီးရှားအတွက် စိုးရိမ်ချက် အဖြစ် ဆက်ရှိနေတာကြောင့်'' မြန်မာ့အရေး ဆက်ပြီး အလေးထားမယ့်အကြောင်း ပြောလာတာပါ။

''အင်ဒိုနီးရှားနိုင်ငံ အာဆီယံဥက္ကဋ္ဌရာထူး တာဝန်ယူချိန်မှာလည်း မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ် တိုး တက်မှုရှိအောင် သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအားလုံးနဲ့ ထိတွေ့ပြောဆိုဆက်ဆံမှု ၂၆၅ ကြိမ်အထိ ပြုလုပ် ခဲ့တယ်'' လို့လည်း ဝန်ကြီးက ပြောပါတယ်။

ရိုဟင်ဂျာတွေ သိက္ခာရှိရှိနဲ့နေရပ်ပြန်နိုင်ရေးလည်း အရေးကြီးတဲ့ကိစ္စဖြစ်သလို ရိုဟင်ဂျာအရေး ဒေသတွင်းက နိုင်ငံတွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကြား ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်မှု အရေးကြီးတယ်လို့လည်း အင်ဒိုနီးရှားဘက်က ပြောပါတယ်။

လက်ရှိမှာ အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်မှာ မျောနေတဲ့ ရိုဟင်ဂျာစက်လှေတွေကို ကမ်းကပ်ခွင့်ပြုပြီးနောက် ကယ်ဆယ်ခံထားရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အယောက်ထောင်ချီရှိနေပါတယ်။

ဒီဒုက္ခသည်တွေဟာ လူကုန်ကူးသူတွေကြောင့် အင်ဒိုနီးရှားကို ရောက်လာကြတာလို့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက သုံးသပ်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */