" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 12, 2020

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်စုံစမ်းရေး အဖွဲ့ တောင်းဆိုချက်တွေပေးဖို့ Facebook ငြင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
12 သြဂုတ်၊ 2020
Facebook ကုမ္ပဏီက မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုခင်းဆိုင်ရာ အထောက်အထား တွေကို ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံဆိုင်ရာ သီးခြား လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ (IIMM)ကို မပေးသေးဘူး လို့  IIMM အဖွဲ့ ရဲ့ အကြီးအကဲက ပြောပါတယ်။ ရိုဟင်ဂျာ မွတ်ဆလင်တွေပေါ် အပါအဝင် မြန်မာနိုင်ငံ အတွင်း ဖြစ်ပွားခဲ့တဲ့ ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတဲ့ IIMM နဲ့ ပူးပေါင်း ဆောင်ရွက်မယ် လို့ Facebook က ပြောထားပေမဲ့ အထောက်အထားတွေကို ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ IIMM အဖွဲ့ကို ဦးဆောင်သူ Nicholas Koumjian က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

IIMM က တောင်းဆိုထားတဲ့ အချက်အလက်အသေးစိတ်ကိုတော့ သူက ရိုက်တာကို မပြောပါဘူး။

ကုလသမဂ္ဂ စုံစမ်းရေးမှူးတွေက မြန်မာနိုင်ငံထဲ အမုန်းတရားတွေ လှုံ့ဆော်ရာမှာ Facebook က အဓိက အခန်းကဏ္ဍက ပါဝင်နေတယ်လို့လည်း စွပ်စွဲထားပါတယ်။

၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ မွတ်ဆ လင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူမျိုးတုန်း သတ်ဖြတ်မှု စွပ် စွဲချက်နဲ့ နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာနိုင်ငံ တရားရင်ဆိုင်နေရတာပါ။ ICJ မှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ ဂမ်ဘီယာနိုင်ငံကလည်း တရားရုံးကို တင်ပြနိုင်ရေး မြန်မာနိုင်ငံဆိုင်ရာ အထောက်အထားတွေကို ဝါရှင်တန်ဒီစီ တရားရုံးက တဆင့် Facebook ကို တောင်းဆိုထားပါတယ်။

ဂမ်ဘီယာရဲ့တောင်းဆိုချက်ကိုလည်း Facebook ကုမ္ပဏီက လက်မခံဘဲ တရားရုံးအနေနဲ့ ဂမ်ဘီယာ ရဲ့လျှောက်ထားချက်ကို ပယ်ချပေးဖို့ ပြီးခဲ့တဲ့အပတ်ကပဲ တရားဝင် ပန်ကြားထားပါတယ်။ IIMM နဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ပြောထားပေမဲ့ အခုလို IIMM အကြီးအကဲ Nicholas Koumjian ရဲ့ ပြောကြားချက် အပေါ်မှာတော့ Facebook က အင်္ဂါနေ့က တစ်စုံတရာ တုန့်ပြန်ပြောကြားတာ မရှိပါဘူး။

ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံကတော့ လူမျိုးတုန်း သတ်ဖြတ်မှု စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး မြန်မာ စစ်တပ် အနေနဲ့ ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ လက်နက်ကိုင်တပ်တွေကို ပြန်လှန် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */