RFA
RFA Burmese
2025.02.18
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ် တရားစွဲဆိုထားတာကနေ ဖယ်ရှားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုလိုက်ပါတယ်။
သူတို့နှစ်ဦးကို စစ်ခေါင်းဆောင်တွေနည်းတူ လူမျိုးတုံးသတ်ဖြတ်မှု တရားခံစာရင်းမှာ ထည့်သွင်းပြီး ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းနေတာဟာ မှားယွင်းတဲ့ စွပ်စွဲဆောင်ရွက်ချက်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
၂ဝ၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေကို အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင်နဲ့ အပေါင်း အပါတွေကို ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအသင်းက အာဂျင်တီးနားတရားရုံးကတစ်ဆင့် တရားစွဲဆို ဖမ်းဝရမ်းထုတ်တာကို ကြိုဆိုပေမဲ့ သမ္မတဟောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဖမ်းဝရမ်းထုတ်လိုက်တာဟာ စစ်အာဏာရှင်တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေရုံတင်မက စစ်အာဏာရှင်တွေကိုသာ အကျိုးဖြစ်ထွန်းစေမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ရိုဟင်ဂျာအရေး ဖြေရှင်းဖို့အတွက် "ကိုဖီအာနန်ကော်မရှင်" ဖွဲ့စည်းတာအပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းခဲ့သလို NUG အနေနဲ့လည်း “ရိုဟင်ဂျာမူဝါဒ” တစ်ရပ် ပြဋ္ဌာန်းပြီး ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရဖို့ ဆောင်ရွက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် နည်းမျိုးစုံသုံးပြီး အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့တာဟာ မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ လက်အောက်ခံတပ်ဖွဲ့တွေဖြစ်တာကြောင့် ပြစ်ဒဏ်ကျူးလွန်သူတွေကို ပြစ်ဒဏ်ချမှတ်နိုင်ဖို့နဲ့ ကျူးလွန်ခံခဲ့ရသူတွေအတွက် တရားမျှတမှု ပြန်ရဖို့ နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုနိုင်ရေး ကြိုးပမ်းမှုမှန်သမျှကို NUG အနေနဲ့ ထောက်ခံကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
NUG ရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး စစ်ခေါင်းဆောင်အပါအဝင် မြန်မာစစ်တပ်က အရာရှိကြီး၊ ငယ် ၂၃ ဦးနဲ့ အဲဒီအချိန်က အစိုးရအဖွဲ့ကိုယ်စား တာဝန်ရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ကို အာဂျင်တီးနား တရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်တာ ဖြစ်ပါတယ်။
ဆက်နွယ်သောသတင်းများ

- ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းတွေ လွတ်မြောက်ရေးအစွမ်းကုန်ကြိုးပမ်းဖို့ NLD ဆုံးဖြတ်
- ဒေါ်အောင်ဆန်းစုကြည် နေအိမ် တတိယအကြိမ် လေလံတင် ရောင်းချမှု မအောင်မြင်
- ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ တွေ့ခွင့်ရဖို့ သားဖြစ်သူ ထပ်မံတောင်းဆို
- ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး AAPP တောင်းဆို
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဗြိတိန်ဝန်ကြီးဟောင်းနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ တောင်းဆို
No comments:
Post a Comment