BBC
၁၉ ဖေဖော်ဝါရီ ၂၀၂၅
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော် (ပုံဟောင်း)ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အာဂျင်တီးနားဖက်ဒရယ်တရားရုံးကထုတ်လိုက်တဲ့ ဖမ်းဝရမ်းစာရင်းထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင် ကျော်တို့ပါဝင်နေတာကြောင့် ဖမ်းဝရမ်းထုတ် တရားစွဲဆိုတာကနေရုပ်သိမ်းပေးဖို့ အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG) က စာထုတ်တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို တရားခံစာရင်းထဲထည့်လိုက်ပြီး ဖမ်းဝရမ်းထုတ် တာဟာ မှားယွင်းတဲ့စွပ်စွဲဆောင်ရွက်ချက်ဖြစ်တယ်လို့ NUG က ဆိုပါတယ်။
အဲဒီကာလကတည်းကရိုဟင်ဂျာအရေးအတွက် ခိုင်မာကောင်းမွန်ပြီး ရေရှည်ငြိမ်းချမ်းပြေလည်မယ့်အဖြေရရှိ စေဖို့ သမ္မတဟောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ “ကိုဖီအာနန်ကော်မရှင်” ဖွဲ့စည်းခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ NUG က ပြောပါတယ်။
ဒီမှားယွင်းတဲ့စွပ်စွဲချက်ကြောင့် ရိုဟင်ဂျာနဲ့ တခြားပြည်သူတွေကြား နားလည်မှုလွဲနိုင်ပြီး ရေရှည်ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ NUG က ဆိုပါတယ်။
NUG အနေနဲ့ “ရိုဟင်ဂျာမူဝါဒ”တစ်ရပ်ပြဋ္ဌာန်းပြီး ရိုဟင်ဂျာပြည်သူတွေတရားမျှတမှုရှိရေးအတွက် ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်ထဲ ပြောထားပါတယ်။
ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK)ဟာ ဒီအမှုကို ၂၀၁၉ ခုနှစ်မှာ စတင်ဖွင့်ခဲ့တာဖြစ်ပြီး ၆ နှစ်အကြာ ၂၀၂၅ ဖေဖော်ဝါရီဒုတိယအပတ်ထဲမှာ စစ်ခေါင်းဆောင်အပါအဝင် စစ်တပ်အရာရှိ ၂၂ ဦးနဲ့ အရပ်ဖက် ၃ ဦးတို့ကို အာဂျင်တီးနားတရားရုံးကနေ ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်။
အမှုတိုင်ကြားခဲ့တာဟာ ၂၀၁၉ ခုနှစ်အရပ်သားအစိုးရလက်ထက်ဖြစ်ပြီး သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အရပ်သားအစိုးရဦးဆောင်နေတဲ့ကာလဖြစ်ပါတယ်။
ဒါပေမဲ့ ရိုဟင်ဂျာတွေ ကျူးလွန်ခံရချိန် ၂၀၁၇ ခုနှစ်ဟာ သမ္မတဦးထင်ကျော် ဦးဆောင်ခဲ့တဲ့ကာလဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ် BROUK က အမှုစဖွင့်ချိန်မှာ သမ္မတဦးထင်ကျော် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုပါ ထည့်သွင်းအမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ BROUK က ၂၀၂၃ ခုနှစ်မှာ နိုင်ငံရဲ့ အခြေအနေကြောင့် သမ္မတဦးထင်ကျော် နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နာမည်တွေကို ဖြုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၄ ဇွန်လမှာတော့ အာဂျင်တီးနားတရားရုံးရှေ့နေဘက်က အမှုတည်ဆောက်ပြီးဖြစ်တာကြောင့် ဆိုကာဖြုတ်လို့မရကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၅ ဖေဖော်ဝါရီ ဖမ်းဝရမ်းထွက်လာချိန်မှာ သမ္မတဦးထင်ကျော် နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်လာတာဖြစ်ပါတယ်။Link : Here

No comments:
Post a Comment