Saturday, November 30, 2024

အာရှတိုက်မှာ ပထမဆုံး ဝရမ်းထုတ်ခံရတဲ့ ရာဇဝတ်ကောင် ဖြစ်သွားနိုင်တယ် (ရုပ်/သံ)

ဧရာဝတီ
နိုဝင်ဘာ ၃၀၊ ၂၀၂၄

နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်လိုက်ပြီဆိုရင် စစ်ခေါင်းဆောင်ဟာ အာရှတိုက်တခုလုံးရဲ့ ပထမဆုံး ဝရမ်းထုတ်ပြီး ကြေညာခံရနိုင်တဲ့ စစ်ရာဇဝတ်ကောင်ဖြစ်သွားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း က ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားခံရတဲ့အပေါ်မှာ အသိမှတ်ပြုခြင်းမရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဖမ်းဝရမ်းထုတ်ခံခဲ့ရရင်တော့ စစ်ခေါင်းဆောင်ဟာ ရောမဥပဒေ စာချုပ် ချုပ်ဆိုထားတဲ့ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၂၀ ကျော်ကို သွားရောက်ဖို့ ခက်ခဲသွားမှာဖြစ်သလို တခြားနိုင်ငံတွေကလည်း ဝရမ်းပြေးကို လက်ခံတွေ့ဆုံဖို့နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ခက်ခဲသွားမှာ ဖြစ်ပါတယ်။

ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှုဟာပထမဆုံး လျှောက်ထားချက်ဖြစ်သလို နောက်ဆက်တွဲ အရေး ယူမှုတွေလည်း ထပ်မံလာဖို့ ရှိတယ်လို့ဆိုတဲ့အတွက်၊ ဒီ လူမျိုးတုန်းသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်ခဲ့ကြတဲ့ စစ်ခေါင်းဆောင်အချို့နဲ့ အခြားသူတွေကိုလည်း အရေးယူမှုတွေ ရှိလာနိုင်တယ်လို့ လူ့အခွင့် အရေး တက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

 Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */