BBC
၂ အောက်တိုဘာ ၂၀၂၅
မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ ရခိုင်ပြည်နယ်(မြောက်ပိုင်း)က မောင်တောမြို့နယ်၊ အထက်အင်းချောင်းရွာအနီးမှာ ဘယ်သူဘယ်ဝါနာမည်မဖော်နိုင်သေးတဲ့အလောင်း ၆ လောင်းကို တွေ့ထားတယ်လို့ အဲဒီဒေသကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(အေအေ)က အောက်တိုဘာလ ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီအလောင်းတွေဟာ မောင်တောနယ်စပ်က တမန်းရွာသားနဲ့ ဒုံးညိုရွာတို့က ပျောက်ဆုံးနေတဲ့ဒေသခံ ၁၀ ဦးထဲက ၆ ဦးဖြစ်နိုင်တယ်လို့ ကနဦးခန့်မှန်းထားကြောင်း အေအေက ပြောပါတယ်။
အဲဒီအနီးနားက အေအေစခန်းတွေကို လာတိုက်ခိုက်ချိန် အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်(ARSA)အဖွဲ့ဝင်တွေ ဒီရွာသားတွေကို ဖမ်းသွားတာလို့ ဒေသခံတွေက လူပျောက်တိုင်ကြားထားတဲ့အကြောင်း အေအေက ပြောပါတယ်။
“အဖမ်းခံလိုက်ရသူတွေထဲမှာ ကုန်သည်တွေနဲ့ ဟင်းရှာ၊ ထင်းခုတ်ဖို့လာတဲ့ အရပ်သားတွေပါ။ မြိုနဲ့ ခမီ အမျိုးသားတွေ ပါတယ်” လို့ မြေပြင်အခြေအနေသိတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ထပ်ပြောပါတယ်။
ဒ့ါအပြင် အာဆာအဖွဲ့ဟာ မောင်တောမြိုနယ်ထဲက အေအေထိန်းချုပ်ထားတဲ့ နယ်စပ်မှတ်တိုင် ၅၆ နဲ့ ၅၇ ကြား ပွိုင့် ၆၀၁ ကုန်းက စခန်းနဲ့ ဒုံးညိုရွာက စခန်း စတဲ့ နယ်စပ်လုံခြုံရေးတပ်စခန်းတွေကို သိမ်းပိုက်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကနေ ရခိုင်၊ မောင်တောမြို့နယ်ထဲကို နတ်မြစ်နဲ့ မယူတောင်လမ်း ကြောင်းတွေကနေ စိမ့်ဝင်ထိုးဖောက်လာခဲ့ကြတာလို့ အေအေက ရေးသားထားပါတယ်။
အေအေရဲ့အပြောအရ ဒီစခန်း ၂ ခုကို သိမ်းဖို့ကြိုးစားနေတဲ့ စက်တင်ဘာလလယ်ပိုင်းမှာ အာဆာအဖွဲ့က စခန်းကိုသွားတဲ့လမ်းတလျှောက်မှာ တွေ့တဲ့ကုန်သည်တွေနဲ့ ဒေသခံအရပ်သားတချို့ကို နှုတ် ပိတ်တဲ့အနေနဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေလုပ်ခဲ့တယ်လို့ စွပ်စွဲပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ စစ်တပ်နယ်ခြားစောင့်စခန်းတွေကို အေအက သိမ်းထားတာဖြစ်ပြီး အဲဒီစခန်းတွေထဲက အချို့ အာဆာအပါအဝင် လက်နက်ကိုင်တွေ တိုက်ခိုက်တဲ့ ရုပ်သံနဲ့ ဓာတ်ပုံတွေကို အာဆာအကြောင်းဖော်ပြတဲ့လှုမှုကွန်ရက်တွေမှာ ပြီးခဲ့တဲ့သီတင်းပတ်တွေ အတွင်း ပျံ့နှံ့ခဲ့ပါတယ်။

No comments:
Post a Comment