" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, February 17, 2020

လူ့အခွင့်အရေး မြန်မာ့ဂုဏ်သိက္ခာ ပြန်မြှင့်တင်ဖို့

VOA
ဗွီအိုအေ (မြန်မာဌာန
ဒေါ်ခင်မျိုးသက်
17 ဖေဖော်ဝါရီ၊ 2020
မြန်မာ့အရေးလေ့လာသူ ဦးမောင်မောင်စိုး၊ သတင်းစာဆရာ ဦးစည်သူအောင်မြင်တို့နဲ့ ဒေါ်ခင်မျိုးသက်

ရခိုင်ဒေသ လူ့အခွင့်အရေးပြဿနာကြောင့် နိုင်ငံတကာမှာ မြန်မာနာမည်ပျက်နေတာတွေကိုဖြေဖျောက်နိုင် ဖို့ ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားသလဲဆိုတဲ့ နိုင်ငံရေးစကားဝိုင်းကို မြန်မာ့အရေးလေ့လာသူ ဦးမောင် မောင်စိုး၊ သတင်းစာဆရာ ဦးစည်သူအောင်မြင်တို့နဲ့ ဒေါ်ခင်မျိုးသက် ဆွေးနွေးတင်ဆက်ထားပါတယ်။

မေး ။ ။ ပုံရိပ်ကျဆင်းနေတာနဲ့ ပတ်သက်ပြီးတော့ ဆရာဦးမောင်မောင်စိုးရဲ့ အမြင်ကို ပထမဦးဆုံး သိပါရစေ။

ဖြေ ။ ။ ဘင်္ဂလီပြဿနာကို ICJ မှာ ဆုံးဖြတ်တဲ့အခါမှာ ကျနော်တို့တိုင်းပြည်နဲ့ ပတ်သက်ပြီးတော့ ပုံရိပ် ဆိုး ဆိုးဝါးဝါး ကျဆင်းနေတယ်ဆိုတဲ့ အမြင်ကလည်း ကျနော်တို့ဘက်က အားနည်းချက်တွေ ရှိနေလို့လည်း ဖြစ် ပါတယ်။ ပထမအချက်က ဘာလဲဆိုတော့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာ။ ကုလသမဂ္ဂနဲ့ ပူး ပေါင်းဆောင်ရွက်မှု မရှိတဲ့ကိစ္စက တော်တော်လေး အရေးကြီးပါတယ်။ အခု ICJ မှာ ဂမ်ဘီယာက တင် ပြ တာ ဂမ်ဘီယာက အချက်အလက်တွေ တင်ပြတာ မဟုတ်ဘူး။ ကုလသမဂ္ဂက အချက်အလက် ရှာဖွေရေး mission ရဲ့ အချက်အလက်တွေပါ။ အဲဒါ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာရယ်။ ကုလသမဂ္ဂ အ ချက်အလက် ရှာ ဖွေရေး mission ရဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်အချက်တွေက မှား ယွင်းတယ်၊ ဘယ်အချက်တွေက မှန်တယ်။ ဘယ်အချက်က မှားယွင်းတယ်ဆိုတဲ့ တုံ့ပြန်မှု အားနည်းတယ်။ နိုင်ငံခြားရေးဝန်ကြီးဘဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့က ဒါနဲ့ပတ်သက်ပြီး အချက်လက်ကျကျ တုံ့ပြန်နိုင် စွမ်း မရှိဘူး။ အစိုးရအနေနဲ့။ ဒီအတွက်ကြောင့် ဘင်္ဂလီပြဿနာနဲ့ ပတ်သက်ပြီး ပုံရိပ်ကျဆင်းတဲ့ အကြောင်း တချက် ဖြစ်တယ်။

ဒုတိယအချက်ကို ပြောမယ်ဆိုရင် ပြဿနာ ဖြစ်ပွားစဉ်ကာလမှာ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ အရမ်းထိန်းချုပ်ထားတယ်။ သတင်းလွတ်လွတ်လပ်လပ် ယူခွင့်မရှိခဲ့ဘူး။ ယူခွင့်မရှိတဲ့အခါမှာ တဘက်သတ် သတင်းတွေနဲ့ပဲ ကျနော်တို့က နိုင်ငံတကာမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားခဲ့ပြီး နိုင်ငံပုံရိပ်ကို ကျ ဆင်းစေခဲ့တယ်။ အဲဒီအတွက် ကျနော်တို့အနေနဲ့ ဒီပြဿနာကို ဖြေရှင်းမယ်ဆိုလို့ရှိရင် ပုံရိပ်ကျ ဆင်းနေ တဲ့ ပြဿနာကို အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်မယ်လို့ ကျနော် ထင်ပါတယ်။

မေး ။ ။ သံအမတ်ကြီး Scot Marciel က ပြောသွားပါတယ်။ နိုင်ငံတကာ ပုံရိပ်တွေ ဒီလိုမျိုး ကျဆင်း တဲ့ သေ ဘာ။ ICJ မှာ ပြဿနာတွေနဲ့ နောက်ဆက်တွဲ ရင်ဆိုင်နေရတာဟာ သတင်းမီဒီယာတွေကို ဒီနယ် မြေတွေ၊ အခင်းဖြစ်ပွားတဲ့ နယ်မြေတွေကို ပေးမသွားတာကြောင့်လို့ ပြောပါတယ်။ ဆိုတော့ ဒီဟာမျိုး အများကလည်း ဒီလိုမြင်ပါတယ်။ ဆရာဦးမောင်မောင်စိုး ပြောသလိုပဲ ပုံရိပ်ဆိုးဝါးတဲ့ ပြဿနာက ဒါ တွေက အကြောင်းရင်း လို့ ပြောပါတယ်။ သတင်းစာဆရာတယောက်အနေနဲ့ ဦးစည်သူအောင်မြင့် က ဘယ်လိုမြင်ပါသလဲ။
 
ဖြေ ။ ။ အရင်ခံအကြောင်းတရားကတော့ ပုံရိပ်ကောင်းဖို့ဆိုရင် လုပ်ရပ်တွေကို ကောင်းဖို့တော့လိုတယ်။ မူစလင်အသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီးတော့ တလျှောက်လုံး ပြဿနာတွေ ရှိလာခဲ့တယ်။ ရှိလာခဲ့တဲ့ အခါ ကြတော့ အဲဒီအခါမှာ အာဏာပိုင်တွေက ဘယ်လိုကိုင်တွယ်သလဲပေါ့။ အဲဒီဟာကို တခါပြန်ကြည့်လိုက် ရင်လဲ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရက ၂၀၁၆ ခုနှစ် တက်လာတဲ့အချိန်အထိ အဲဒီဒေသမှာ သူတို့အနေနဲ့ ဘာမှကိုင်တွယ်စရာ အကြောင်းသိပ်မရှိခဲ့ဘူး။ အဓိက ကိုင်တွယ်နေတာကေ တာ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ဖြစ်တယ်။ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုတဲ့နေရာမှာ အုပ်ချုပ်ရေးပိုင်းကလဲ တ ကယ်တော့ တပ်မတော်က ကိုင်တွယ်ထားတယ်။ သူတို့တွေရဲ့ ကိုင်တွယ်ပုံပေါ် မူတည်ပြီးတော့ ပုံရိပ် ဆိုး ခြင်းကောင်းခြင်းဆိုတဲ့ဟာက ဒါဖြစ်တာ။

ဒါ ပထမ အရေးကြီးဆုံးအချက် ဖြစ်တယ်။ အဲဒီတော့ ဒီမှာပုံရိပ်က ကောင်းကောင်းမွန်မွန် ကိုင်တွယ်ထား တာ မရှိဘူးဆိုရင်တော့ ပုံရိပ်အပြင်မှာ ကောင်းမှာမဟုတ်ဘူး။ တစ်အချက်ကတော့။ နှစ်အချက်ကတော့ ချဲ့ကားမှုတွေ ရှိလာရင် ပိုဆိုးမှာပဲ။ အဲဒီတော့ ကျနော်သုံးသပ်လို့ ရသလောက်ဆိုရင်တော့ အဲဒီလို ကိုင်တွယ် မှုတွေက အမှားအယွင်းတွေ။ တချို့ဟာတွေဆိုရင် ဘယ်လိုမှ ငြင်းလို့မရတာ။ ဥပမာ အကြမ်းဖက်မှုကို ပြန်နှိမ်နင်းတယ်။ တပ်ကနှိမ်နင်းတဲ့အခါမှာ တပ်ကထုတ်ပြန်တဲ့ စာရင်းဇယားတွေကို ကြည့်လိုက်တဲ့ အ ခါကြတော့ (၅) ရက်အ တွင်း မှာ လူ (၃၇၀) လောက် သေဆုံးတယ်လို့ စာရင်းထုတ်ပြန်ထားတယ်။ နည်းတဲ့ အရေအတွက် မဟုတ်ဘူး။ အဲဒီတော့ (၅) ရက်ကို (၃၇၀) ကျော် ဆိုတဲ့အခါကြတော့ အများကြီးသေတယ်။ တစ်ရက်ကို လူ (၇၀) (၈၀) လောက် သေနေတယ်ဆိုတဲ့သဘော ဖြစ်နေတယ်။ အဲဒါတွေလဲ တွေ့တယ်။

ပြီးတော့မှ ရွာတွေမီးလောင်းတဲ့ကိစ္စ။ ဒါလဲ ဖုံလို့ဖိလို့ရတဲ့ ကိစ္စတွေ မဟုတ်ဘူး။ အဲဒါတွေက တကယ့် အေ ခြခံပြဿနာတွေ။ အဲဒီပုံရိပ်တွေ မကောင်းဘဲနဲ့ ပုံရိပ်အကောင်းကို သွားမျှော်လင့်နေလို့ မရဘူး။
ဒုတိယတချက်ကတော့ Story တွေ .. ပိုပြီးတော့ ချဲ့ကားပြောဆိုမှုတွေ။ ကျနော်က အဲဒီနောက်ပိုင်းမှာ (၃) ကြိမ်လောက် ရောက်သွားတယ်။ ရောက်သွားတော့ အဲဒီကဒေသခံ မူစလင်တွေနဲ့ တွေ့တာတွေရှိတယ်။ ရှိတဲ့အခါကြတော့ အခု ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို ရောက်မသွားခင်၊ အဲဒီအချိန်လောက်ကတည်းက ချဲ့ကားပြောဆိုမှုတွေ ကျနော်တို့ သတင်းထောက်တွေကို ပြောဆိုမှုတွေကို တွေ့ခဲ့တယ်။ ဒီနှစ်ခုလည်း ရှိတယ်။ ရှိတော့ အဲဒါတွေကို ခြုံငုံပြီးတော့ ပြောမယ်ဆိုလို့ရှိရင် အခုန ကိုမောင်မောင်စိုး ပြောတာလည်း မှန်တယ်။ သတင်းရယူခွင့်တွေ အကုန်လုံး ဖွင့်ပေးဖို့လိုသလိုမျိုး။ အရေးကြီးတာကတော့ ပုံရိပ်ကောင်းဖို့ ကိုင်တွယ်တာ ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖို့လိုတယ်။ လူ့အခွင့်အရေး စံချိန်စံညွှန်တွေနဲ့ သေချာတတ်နိုင်သလောက် စောင့်ထိန်းဖို့လိုတယ်။ ပြီးတဲ့အခါကြတော့ ကိုယ်က ကောင်းကောင်းမွန်မွန် ကိုင်တွယ်ပြီဆိုရင်တော့ သ တင်းထောက်တွေ ဝင်ခွင့်ပေးတာတွေ၊ အခုနလို သတင်းစီဆင်းမှုတွေကို ပေးပြီးတော့ လုပ်ပေးလိုက် မယ် ဆိုရင် အခုနတုန်းကပြောသလို ပုံရိပ်ဆိုးတာတော့ မဖြစ်နိုင်တော့ဘူး။ အဲဒီနည်းနဲ့ပဲ ပြန်လုပ်လို့ရမယ်လို့ ထင်ပါတယ်။

မေး ။ ။ ဒါနဲ့ပတ်သက်ပြီးတော့ ဆရာဦးမောင်မောင်စိုး ပြောပြပေးပါ။ အခုနလဲ ဆရာပြောတော့ အချက် အလက် ရှာဖွေရေးအဖွဲ့တွေ ဒီဟာတွေမှာ ပုံရိပ်ဆိုးတွေက ရှိနေတဲ့ဟာ မြင်နေရတယ်။ ဒါတွေရဲ့ သက် ရောက်မှုနဲ့ ဒါတွေကို ပြေလည်အောင်လို့ ဘာတွေလုပ်သင့်သလဲဆိုတာကို ဆရာ နည်းနည်းပြောပြပေး ပါ။

ဖြေ ။ ။ လောလောဆယ် ICJ မှာ လွှမ်းမိုးနေတာတော့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်းနဲ့ အခုန ဆရာမပြောတဲ့ လူ့အခွင့်အရေးကော်မရှင်တို့ရဲ့ အစီရင်ခံစာတွေက လွှမ်းမိုးနေတယ်။ အဲဒီတော့ ကျနော်တို့ တုံ့ပြန်နိုင်တာကတော့ မြန်မာပြည်အစိုးရ ဖွဲ့စည်းထားတဲ့ Independent Commission of Enquiry (ICOE) လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်။ ဒီကော်မရှင် အစီရင်ခံစာကို ဘယ်လောက်အထိ ဆောင်ရွက်နိုင် သလဲဆိုတာပါပဲ။ ဆိုတော့ လောလောဆယ်မှာ အရေးကြီးတာက ဒီဟာတွေနဲ့ အရေးယူဆောင်ရွက်မယ် ဆိုရင် တကယ်တမ်း တာဝန်ရှိတာ တပ်မတော်။ ကျနော်တို့ရဲ့ အခြေခံဥပဒေက တပ်မတော်မှာ တပ်မတော် သားတွေနဲ့ ပတ်သက်တဲ့ အရေးယူမှုအားလုံးကို တပ်မတော်ကပဲ ဆောင်ရွက်တယ်။ အရပ်သားအစိုးရက မဆောင်ရွက်နိုင်ဘူး။ လတ်တ လောမှာတော့ တပ်မတော်အနေနဲ့ ဒီကိစ္စမှာ အရပ်သားအစိုးရရဲ့အောက်မှာ သူတို့ဆောင်ရွက်ပါမယ်လို့ ပြော ထားတာ။

အဲဒီတော့ ကျနော်တို့က ဘယ်လောက်အထိ ပွင့်ပွင့်လင်းလင်း ဒီအရေးယူမှုတွေကို ဆောင်ရွက်နိုင်သလဲ။ ICOE အစီရင်ခံစာပါ အချက်အလက်တွေကို။ ဒါတွေကို ဘယ်လောက်ပွင့်လင်းမြင်သာစွာနဲ့ နိုင်ငံတကာကို ထုတ်ပြနိုင်မလဲ။ နိုင်ငံတကာက လက်ခံနိုင်လောက်တဲ့အဆင့် အခြေအနေအထိ ကျနော်တို့ ဘယ်လောက် အထိ လုပ်ပေးနိုင်မလဲဆိုတာ။ အဲဒီတော့ လောလောဆယ်မှာတော့ ဒီဟာနဲ့ပဲ တုံ့ပြန်ရမှာပါ။ အဲဒီလိုတုံ့ပြန် ICOE အစီရင်ခံစာကို တုံ့ပြန်တဲ့အနေနဲ့ အကောင်အထည်ဖော်တဲ့နေရာမှာ အရေးကြီးဆုံးက တပ်မတော်ရဲ့ အခန်းကဏ္ဍ။ အဲဒီတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍက Inn Din ကိစ္စလို - ပွင့်လင်းမြင်သာမှု မရှိဘူး။ အရေး ယူမှုတွေလည်း လျင် လျင်မြန်မြန် ပြန်လွှတ်တယ်ဆိုရင်တော့ နိုင်ငံတကာကတော့ ကျေလည်မှုရမှာ မဟုတ်ပါဘူး။

မေး ။ ။ ဆရာဦးစည်သူအောင်မြင်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လို လုပ်နိုင် မယ်လို့ မြင်ပါသလဲ။
 
ဖြေ ။ ။ အဓိကက အခုဟာက နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အငြင်းပွားနေတဲ့အခါကြတော့ ကျနော်တို့ဆီမှာ ဒီပြဿနာဖြစ်တယ်။ ဖြစ်တဲ့အခါကြတော့ အားလုံးမှတ်မိလိမ့်အုံးမယ်။ တပ်မတော်ကလည်း သူ့စုံစမ်းရေး ကော်မရှင်တွေ ဖွဲ့တာကလဲ တကြိမ်နှစ်ကြိမ်လောက် လုပ်ခဲ့တယ်။ နောက် ကျနော်မှတ်မိသလောက်ဆိုရင် ပြည်ထဲရေးဌာနကလည်း လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒါတွေနဲ့ ပတ်သက်ရင် နိုင်ငံတကာက အသိအမှတ်ပြု တာ တွေ၊ အရေးတယူပြုတာတွေ မရှိဘူး။ ဒါပေမဲ့ အခု ICOE ကိုတော့ ကိုဖီအာနန် အစီရင်ခံစာလိုပဲ ဒီရက်ပိုင်း တွေမှာဆိုရင် ဥရောပသမဂ္ဂတို့ ဘာတို့က ကြေညာချက်တွေ ဘာတွေထုတ်တာတွေ ကျနော်တို့ တွေ့တယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ သူတို့အမြဲတမ်း စောင့်ကြည့်နေတယ်။ ဒါတွေကို ဒီထဲမှာတွေ့တဲ့ အချက် တွေကို။ ဥပမာ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရာဇဝတ်မှု ကျူးလွန်မှုတွေဆိုရင်လဲ အရေးယူပါ၊ ဘာညာဆိုပြီး ပြောတာတွေရှိတော့ ပထမတဆင့်မှာတော့ ဒီအစီရင်ခံစာရဲ့ ထိရောက်မှုကတော့ ရှိသွားပြီ။ နိုင်ငံတကာ အသိုင်းအဝိုင်းထဲမှာ။ ဒါပေမဲ့ အဲဒီဟာကို အခုနပြောသလိုပဲ တကယ်အကောင်အထည်ဖော်ပြဖို့ လိုတယ်။ အထူးသဖြင့် ဒီထဲမှာပါဝင်နေတာ တပ်မတော်လည်းပါတယ်။ နောက်ပြီးတော့ လက်နက်ကိုင်တဲ့ အခြား သောအဖွဲ့အစည်းတွေပါတယ်။ နောက်အရပ်သားတွေ ကျူးလွန်တဲ့လူတွေလည်း ရှိတယ်။

ဒါတွေကို ဘယ်လောက်အထိ လုပ်နိုင်မလဲပေါ့ - ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြောပါတယ် အချိန်နည်း နည်းပေးပါဆိုတော့ အဲဒီလို တကယ်လို့ အချိန်ပေးလိုက်လို့ အခုနလို ဖြေရှင်းပြတာ ကောင်းတယ်ဆို ရင် တော့ နိုင်ငံတကာကလည်း လက်ခံလာမှာပေါ့။

ဒီအပြင်ကို အခုန ဟိုဟာက ပြီးမသွားဘူး။ ဒီနယ်မြေဟာ အခုအချိန်အထိကို ကျနော်တို့ကို ပေးမသွားသေး ဘူး။ အဲဒီနေ့တုန်းကဆိုရင်လဲ ဘာပြောလဲဆိုတော့ အဆင်ပြေတဲ့အချိန် - လုံခြုံရေးအရ အာမခံချက် ရှိတဲ့ အချိန်မှာ သွားလို့ရမယ်ဆိုတာ - အဲဒါ ဘယ်အချိန်မှန်လဲ မသိနိုင်ဘူး။ အဲဒီလိုမျိုး သတင်းဌာနတွေကို သွား ခွင့်မရှိသေးသ ရွေ့။ ပြီးတော့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိသေးသရွေ့တော့ တဘက်ကရတဲ့ အသံနဲ့ပဲ သူတို့အသုံးပြုမယ်ဆိုတာကတော့ ကျနော်တို့ ဘယ်လိုမှ ငြင်းလို့မရဘူး။ ဒါကြောင့်မို့လို့ အခုန ICOE ကို သေချာအကောင် အထည်ဖော်ဖို့ လိုတယ်။ ပြီးတော့မှ အခုနလို ပွင့်လင်းမြင်သာမှုရှိအောင် အဲဒီ နေရာကို သတင်း ထောက်တွေ သွားခွင့်ပြုတာ။ အခုဆိုရင် နှစ်တွေလည်း ကြာခဲ့ပြီ။ အဲဒါတွေ လုပ်ပေးဖို့ လည်း လိုတယ်။ နောက်တခုကတော့ ဘာပဲပြောပြော ကုလသမဂ္ဂအထဲမှာ ကိုယ်စိတ်ကျအဖွဲ့အစည်း။ မကြိုက်ဘူးဆိုလဲ မပူးပေါင်းနဲ့ပေါ့။ ကြိုက်တဲ့အဖွဲ့အစည်းဆိုရင်တော့ ပူးပေါင်းပါဝင်ဖို့တော့ လိုတယ်။

မေး ။ ။ နိုင်ငံတကာက အသိအမှတ်ပြုနိုင်တဲ့ credibility အဲဒီလို ရှိနိုင်တဲ့ အဖွဲ့အစည်းဆိုရင် ဆရာ ဘယ် လိုမြင်ပါသလဲ။ ဘယ်လိုမျိုးလူက ဘယ်လိုအဖွဲ့အစည်းမျိုးက ဝင်ပြီးတော့ ဒါမျိုးတွေကို ဦးစည်သူ အောင် မြင့် ပြောသလို ကိုးကားစရာ အထောက်အထား ရအောင်လုပ်နိုင်တယ်လို့ ဒီနိုင်ငံရဲ့ အခြေအနေနဲ့ ဘယ် သူက လုပ်နိုင်မလဲ။

ဖြေ ။ ။ လောလောဆယ်ကတော့ နိုင်ငံတကာက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ အထူးကိုယ် စားလှယ်နဲ့တော့ ဆက်ဆံရေးကောင်းနေတယ်။ သူနဲ့ပဲ ချိတ်ဆက်ပြီးတော့ လုပ်လို့ အဆင်ပြေမယ်ထင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ့အခွင့်အရေးကော်မရှင်နဲ့ဆို မြန်မာပြည်က အဆင်မပြေဘူး။ အဲဒီတော့ အဆင်ပြေတဲ့လူနဲ့ပဲ ချိတ်ဆက်ပြီးလုပ်ဖို့ လိုတယ်။

မေး ။ ။ နိုင်ငံတကာရဲ့ ပုံရိပ်နဲ့ ပတ်သက်ပြီးတော့ Narrative မကောင်းတဲ့ဥစ္စာကို ပြန်ပြီးကောင်းအောင် လုပ်ဖို့က မီဒီယာတွေမှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဦစည်သူအောင် မြင့် အမြင်ကို သိပါရစေ။ ဘယ်လို မြင်ပါလဲ။

ဖြေ ။ ။ မီဒီယာဆိုတဲ့ဥစ္စာက ကျနော်တို့က ရိုးရိုးလေးပြောမယ်ဆိုရင် တကမ္ဘာလုံးရဲ့ အမှန်တရားပါပဲ - ဖြစ်နေတဲ့ဟာတစ်ခုကို မဖြစ်ဘူးဆိုတဲ့ဟာမျိုး လုံးဝဆန့်ကျင်ဘက်ကြီး ကျနော်တို့ လုပ်လို့ရမှာ မဟုတ်ဘူး။ တကယ့်ပုံရိပ်ကိုပဲ ကျနော်တို့က ပြန်ဖော်တာ။ မီဒီယာဆိုတဲ့ သဘောသဘာဝက။ ဒါပေမဲ့ အဲဒီအထဲမှာတော့ ရှိတာပေါ့။ မတူတဲ့ မီဒီယာတွေရဲ့ သဘောသဘာဝကြောင့်မို့ နောက်နိုင်ငံအနေနဲ့ ကွာခြားတဲ့ သဘော သ ဘာဝကြောင့်မို့ နည်းနည်းလေး ချဲ့ကားတာ။ နည်းနည်းလေး မမှန်မကန်လုပ်တာ။ ဒါတွေတော့ ရှိမှာပဲ။

ဒါပေမဲ ရေစီးကြောင်းကြီးကတော့ အဲဒီလို မဟုတ်ဘူး။ သူဖြစ်တဲ့ အဖြစ်အပျက်ကို ပြန်ပြီးတော့ ထင်ဟပ် အောင် ကြိုးစားကြတာကြီးပဲ။ အဲဒီတော့ အရေးကြီးတာက တကယ့် ဒီမှာကောင်းတဲ့ဟာတွေ လုပ်ထား တယ် ဆိုရင် အခုနပြောသလို မီဒီယာတွေလည်း ကောင်းတဲ့ဟာကို ပြန်ပြီးတော့ တင်ပြကြမှာပဲ။

အခုလောလောဆယ်က ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာက အဲဒီလိုမျိုး တင်ပြဖို့ နေနေသာသာ ကျေ နာ် တို့ ဒီမှာ လွတ်လွတ်လပ်လပ်တောင် သွားခွင့်က ရမှမရခဲ့ဘဲ။ မရတဲ့အခါကြတော့ ဘယ်လိုလုပ် တင်ပြမ လဲ။ အဲဒါတွေနဲ့ ပတ်သက်လို့ အစိုးရသော်လည်းကောင်း၊ ဘယ်သူကသော်လည်းကောင်း မီဒီယာကို အပြစ် တင်မယ်ဆိုရင် ကျနော်ထင်တယ် အဲဒါ မှားတယ်လို့ထင်တယ်။ အဲဒီဟာက တကမ္ဘာလုံးကိုလဲ အဲဒီလိုပဲ ဘယ်သူကိုမှ အပြစ်တင်စရာ အကြောင်းကိုမရှိဘူး။ အရေးကြီးတာက ကိုယ်ပုံရိပ်ကောင်းအောင်လုပ်ပြီး၊ ကိုယ်လုပ်ရပ်တွေကောင်းအောင်လုပ်ပြီးပြီဆိုရင် ဘယ်မီဒီယာမှ စိုးရိမ်စရာလဲ မလိုဘူး။ ကြည့်လို့ရတယ်၊ မြင်လို့ရတယ်၊ မေးမြန်းလို့ရတယ်။ ဒီလိုပဲ သွားရမယ်။ ဒါက ကမ္ဘာကြီးက သွားနေတဲ့ ရေစီးကြောင်းပဲလို မြင်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ အရေးကြီးတာကတော့ မြန်မာအစိုးရ ပြန်ကြားရေးဌာနက အဓိကလုပ်ရမယ်။ ပုံရိပ်ပြန်ကောင်းလာဖို့အတွက်။ အများကြီး ကျေးဇူးတင်ပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */