Myanmar Now
ကိုချို
November 20, 2023
ပြီးခဲ့သည့်လက တရုတ်အစိုးရ၏ အာရုံစိုက်သဘောကျစေရေးအတွက် တ ရုတ်နှင့် မဟာပြိုင်ဘက် အမေရိကန်အစိုးရကို အမည်တပ်ကာလူ သိရှင် ကြား ဝေဖန်ခဲ့သည့် စစ်ကောင်စီသည်ယခုလတွင်တော့တရုတ်မုန်းတီးရေး လှုပ် ရှားမှုကို ထပ်မံအသက်သွင်းပြန်သည်။
သီတင်းပတ်အနည်းငယ်အတွင်း ရာနှင့်ချီသော စစ်စခန်းများဆုံးရှုံးခဲ့ပြီးနောက် မြောက်ပိုင်း မဟာ မိတ် သုံးဖွဲ့ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးကို ပြည်ပမှ စွက်ဖက်နေသည်ဟု ဝါဒဖြန့်ချိနေသည့် အာဏာ သိမ်းစစ်တပ်က “ကျူးကျော်စစ်” ဟု စတင်တံဆိပ်ကပ်လိုက်သည်။
လွန်ခဲ့သည့်နှစ်ရက် နိုဝင်ဘာ ၁၇ ရက်နေ့က ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆိုချက်တွင်လည်း တိုက် ခိုက် မှုများနောက်ကွယ်တွင် ပြည်ပနိုင်ငံများက ငွေကြေးထောက်ပံ့နေသည်ဟု စွပ်စွဲထားသည်။
တိုက်ရိုက်အမည်တပ် ပြောဆိုခဲ့ခြင်းမဟုတ်သော်လည်း ထိုပြောဆိုမှုက တရုတ်နိုင်ငံကို ရည်ညွှန်း ကြောင်း နားလည်ရသည်။
၁၀၂၇ စစ်ဆင်ရေးကို စစ်ကောင်စီက “ကျူးကျော်စစ်” ဟု သတ်မှတ်ပြီးနောက် တစ်ချိန်တည်းတွင် စစ် တပ်က ကာလရှည်ကြာ ထောက်ပံ့ထားသည့် ‘အမည်ပြောင်း မသဘ’ များက ရန်ကုန်ရှိတရုတ် သံ ရုံး အထိ ချီတက်ကာ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ပေါ်ပေါ်တင်တင်ပြုလုပ်လာသည်။
ထိုလှုပ်ရှားမှုက ကျားဖြန့် ခေါ် အွန်လိုင်းအခြေပြုလိမ်လည်မှုသံသဖြင့် တရုတ်အစိုးရက စစ်ကောင်စီ လက်အောက်မှ ကိုးကန့်ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ၏ ထိပ်ပိုင်းခေါင်းဆောင်များ၊စစ်ဗိုလ် ချုပ် ဟောင်းများဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီအမတ်များကို ဖမ်းဆီးပြီးနောက် ထွက်ပေါ်လာခြင်း ပင်။
တရုတ်နိုင်ငံသည် ကျားဖြန့်သံသယဖြင့် ကိုးကန့်ဒေသမှ အနည်းဆုံး ကြံ့ခိုင်ရေးပါတီအမတ် ၂ ဦးနှင့် ပြည်သူ့စစ်ခေါင်းဆောင် ၁ ဦးကို ဖမ်းဆီးထားပြီး နောက်ထပ်လည်းသံသယရှိသူစာရင်း တွင်စစ် ကောင် စီနှင့် ဆက်နွှယ်သူများ ပါဝင်နေသည်။
ဆူပါပါဝါများကို စိန်ခေါ်ခြင်း
မြန်မာနိုင်ငံတွင် လက်ရှိ ကြုံနေရသည့် အခြေအနေအရပ်ရပ်က ၎င်းတို့၏ ညံ့ဖျင်းမှုကြောင့်ဆို သည် ကို စစ်ကောင်စီက ဝန်ခံလေ့မရှိဘဲ ပြဿနာအားလုံး၏ အရင်းခံမှာ အင်အားကြီးနိုင်ငံများ ကြောင့် ဟု ဆိုသည့် အယူအဆကို ပြည်သူများကြားထဲ မကြာခဏ သွင်းပေးလေ့ရှိသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စစ်ကောင်စီအဖွဲ့ဝင်များကို ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက် နေ့က နေပြည်တော်သို့ အစည်းအဝေးခေါ်ခဲ့ပြီး သူနှင့် သူ၏နောက်လိုက်များကို အမေရိကန်အစိုးရ က ရန်ပြုတိုက်ခိုက်နေကြောင်း မကြုံစဖူး အမည်တပ်ကာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ယင်းမတိုင်မီက စစ်ခေါင်းဆောင်၏ လူသိရှင်ကြား ဝေဖန်မှုများတွင် အင်အားကြီးနိုင်ငံအချို့ အ နောက် နိုင်ငံအချို့ စသဖြင့်သာ ရည်ညွှန်းခဲ့ပြီး အမေရိကန်အစိုးရကို အမည်တပ်ကာ ဝေဖန်ခဲ့ခြင်း က ထိုတစ် ကြိမ်က ပထမဆုံးဖြစ်သည်။
အမေရိကန်၏ရည်မှန်းချက်က မြန်မာကို အသုံးချပြီး တရုတ်ကို ထိန်းချုပ်နိုင်ရေး (China Containment Policy) အတွက် ဖြစ်သည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။
စစ်ခေါင်းဆောင်၏ ထိုစကားပြောခဲ့ပြီးနောက် ၂၄ နာရီမပြည့်ခင်တွင်မြောက်ပိုင်းမဟာမိတ် တပ်များ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးကို စစ်ကောင်စီ စတင်ရင်ဆိုင်ခဲ့ရသည်။
အောက်တိုဘာ ၂၆ ရက်နေ့က တရုတ်အစိုးရ၏ အာရုံစိုက်သဘောကျစေရေးအတွက် တရုတ်နှင့် မဟာပြိုင်ဘက် အမေရိကန်ကို လူသိရှင်ကြားဝေဖန်ခဲ့သည့် စစ်ကောင်စီသည် သီတင်းသုံးပတ် ကျော် အကြာတွင် တရုတ်မုန်းတီးရေးလှုပ်ရှားမှုကို ထပ်မံအသက်သွင်းပြန်သည်။
တက္ကသိုလ်ရိပ်သာလမ်းမှသည် ပြည်ထောင်စုရိပ်သာလမ်းဆီသို့
စစ်ကောင်စီ၏မြားဦးက အမေရိကန်ဘက်မှ တရုတ်ဘက်သို့ လှည့်ချိန်တွင် NLD အစိုးရလက် ထက် က အမေရိကန်သံရုံးရှေ့ ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြသည့် မျိုးချစ်အမည်ခံ စစ်တပ်လက်ဝေခံများ၏ ဆန္ဒပြ ပွဲများသည် တရုတ်သံရုံးရှေ့ ရောက်သွားသည်။
ယမန်နေ့ (နိုဝင်ဘာ ၁၉) က မျိုးချစ်ရဟန်းတော်များသမဂ္ဂနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး အစည်းအရုံးတို့ ဦးဆောင်ပြီး လူ ၁၀၀ ခန့်သည် ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံမှ ဒဂုံမြို့နယ် ပြည် ထောင်စုရိပ်သာလမ်းရှိ တရုတ်သံရုံးရှေ့အထိ ချီတက်ကာ တရုတ်ဆန့်ကျင်ရေး ကြွေးကြော် သံများ၊ ဆိုင်းဘုတ်များကိုင်ဆွဲကာ ချီတက် ဆန္ဒပြခဲ့ကြသည်။
ထိုမျိုးချစ်အမည်ခံ စစ်တပ်လက်ဝေခံများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)လက်ထက် တွင် အမေရိကန်သံရုံးရှိရာ တက္ကသိုလ်ရိပ်သာလမ်းတွင် စစ်တပ်ကို ဖိအားမပေးရေး၊ မြန်မာ့အရေး ဝင် ရောက် မစွက်ဖက်ရေး၊ ရိုဟင်ဂျာများကို မထောက်ခံရေး စသည့် ခေါင်းစဉ်များဖြင့် စစ်တပ် အလိုကျ သွားရောက်ဆန္ဒပြခဲ့ကြသူများဖြစ်ကြသည်။
တရုတ်သံရုံးရှေ့တွင် ပြုလုပ်ခဲ့သည့် ထိုဆန္ဒပြပွဲတွင် မျိုးချစ်ရဟန်းတော်များသမဂ္ဂမှ ဦးပညာဝံသက တိုင်းရင်းသားအချင်းချင်း သတ်ဖြတ်ခိုင်းနေသည့် တရုတ်နိုင်ငံကို ကန့်ကွက်ကြောင်း၊ မြန်မာနိုင်ငံ သား များ၏ ဆန္ဒသဘောထားကို တရုတ်သမ္မတ သိစေလိုကြောင်း သံရုံးရှေ့ဆန္ဒပြပွဲတွင် ကြွေး ကြော် သည်။
“မြောက်ပိုင်းမှာ ဖြစ်နေတဲ့ AA စတဲ့ မြောက်သုံးကောင်နဲ့ PDF စတဲ့ သူတွေကို လက်နက်တွေ ရောင်း ပေးနေတာ တို့ပြည်သူတွေ အကုန်သိတယ်။ တို့နိုင်ငံမှာ လက်နက်တွေကို ရောင်းတယ်။ ပြည်ဖျက် တွေ ကို အားပေးပြီး မြန်မာပြည်ကို ဖျက်ခိုင်းတယ်” ဟု ၎င်းက ကြွေးကြော်ခဲ့သည်။
တရုတ်သံရုံးရှေ့ ဆန္ဒပြသူများက မြောက်ပိုင်းအဖွဲ့များကို တရုတ်နိုင်ငံ၏ အကူအညီပေးမှုများ ရပ် တန့် ရန်ဟု တောင်းဆိုကြသည်။
စစ်ကောင်စီသည် တရုတ်မုန်းတီးရေးလှုပ်ရှားမှုကို ၎င်းတို့ရုံးစိုက်ရာ နေပြည်တော်တွင်လည်း ကျင်းပ ခွင့်ပြုခဲ့သည်။
နိုဝင်ဘာ ၁၆ နှင့် ၁၉ ရက်နေ့များက နေပြည်တော်တွင် ပြုလုပ်သည့် တရုတ်ဆန့်ကျင်ရေးလှုပ် ရှား မှုကိုစစ်တပ်ကျောထောက်နောက်ခံသတင်းဌာနမြန်မာနေရှင်နယ်ပို့စ်ကိုတည်ထောင်သူနောင်တော်
လေးက ဦးဆောင်သည်။
နောင်တောင်လေးသည် NLD အစိုးရလက်ထပ်တွင် စစ်တပ်အလိုကျ အစ္စလာမ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ဆန့်ကျင်ရေးလှုပ်ရှားမှု ဦးဆောင်သူဖြစ်ပြီး ၂၀၁၇အတွင်းကအမေရိကန် သံရုံးရှေ့ ရိုဟင်ဂျာအလိုမရှိကြောင်း ခွင့်ပြုချက်မဲ့ ဆန္ဒပြသဖြင့် ထောင် ၆ လ ကျခံခဲ့ရသူလည်း ဖြစ် သည်။
“ဦးတရုတ်ကြီးအနေနဲ့ မြန်မာပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် မလုပ်ပါနဲ့”
“သမ္မတကြီး ရှီကျင်းဖျင်အနေနဲ့ (၂၀၂၀ မြန်မာခရီးစဉ်အတွင်း နယ်စပ်တည်ငြိမ်ရေး ကတိပေးထား တဲ့ အတိုင်း) မင်းမှာ သစ္စာ၊ လူမှာ ကတိ ဆိုသည့်အတိုင်း သစ္စာစောင့်သိပေးဖို့တောင်းဆိုလိုပါတယ်” ဟု နေပြည်တော်တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ၏ ခေါင်းဆောင် နောင်တောင်လေးက သူ၏ မြန်မာ နေရှင်နယ်ပို့စ် တယ်လီဂရမ်ချန်နယ်တွင် ရေးသားသည်။

၂၀၂၃ ဇန်နဝါရီလက ရန်ကုန်တွင် ကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲတော်တွင် စစ်ခေါင်းဆောင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)
စစ်ကောင်စီသည် ၎င်းတို့ထောက်ပံ့ထားသည့် ဝါဒဖြန့်ချိရေးလှုပ်ရှားသူများမှတစ်ဆင့်လည်း တရုတ် ဆန့် ကျင်ရေးကို သွတ်သွင်းလျက်ရှိသည်။
စစ်တပ်ကျောထောက်နောက်ခံပေးထားသည့်
သတင်းဌာနတစ်ခု ဦးဆောင်သူကလည်း“ရုတ်တရက် စလိုက်တဲ့ Operation (စစ်ဆင်ရေး) က
တရုတ် နောက်ကပါတယ်ဆိုတာ နစကက လူတွေက သိ နိုင် သလား မေးရင် ကျနော်တောင်
ခန့်မှန်းနေတာ၊ ကျန်တဲ့သူတွေက ပြောနေစရာမလိုဘူး” ဟု လူမှု ကွန် ရက်တွင်
ပြောဆိုသည်။
တရုတ်မုန်းတီးရေးနှင့် အာဏာရှင်တို့၏ လှည့်ကွက်များ
မြန်မာစစ်အာဏာရှင်များသည်
၎င်းတို့ နိုင်ငံရေးအကျပ်အတည်း ကြုံတိုင်း တရုတ်မုန်းတီးရေးဝါ ဒ ဖြင့်
ဝါဒဖြန့်လှုံ့ဆော်လေ့ရှိသည်ဟု ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရ
ရဲဘော်ဖိုးသံချောင်းက ဆိုသည်။
လွန်ခဲ့သည့်
၅၆ နှစ် ၁၉၆၇ ဇွန်လအတွင်းက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့်
တရုတ်-မြန်မာအရေး အ ခင်းသည် ထိုစဉ်က အာဏာရှင် ဦးနေဝင်း၏
လက်ချက်မကင်းကြောင်းလည်း ၎င်းက ထောက်ပြ သည်။
လူအသေအပျောက်ရှိခဲ့ပြီး
နှစ်နိုင်ငံဆက်ဆံရေး ဆိုးဆိုးရွားရွားထိခိုက်ခဲ့သည့် ထိုဖြစ်ရပ်သည် ၁၉၆၂
စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“တရုတ်-ဗမာ
အရေးအခင်း ဆိုတာက မတော်တဆ ဖြစ်ပေါ်လာတာ မဟုတ်ဘူး။ ဗိုလ်နေဝင်းက
ဖန် တီး တာဖြစ်တယ်။ တရုတ်-ဗမာ အရေးအခင်းကြောင့် ဗမာပြည်သားတွေက
တရုတ်ပြည်သား တွေအ ပေါ်မှာ နာကြည်းလာတာမျိုးဖြစ်လာတာအဲဒါကို သူတို့(စစ်တပ်)ကသိပ်သဘောကျတယ် ”ဟုတရုတ် -မြန်မာ နယ်စပ်တွင် နှစ်ပေါင်းများစွာ
နေထိုင်နေသည့် ဝါရင့်ကွန်မြူနစ်ကြီးက ဆိုသည်။
တရုတ်နိုင်ငံ၏
မြန်မာနိုင်ငံနှင့် ပတ်သက်သည့် နိုင်ငံခြားရေးမူဝါဒမှာ ပါတီနှင့်
အစိုးရများကို အခြေခံ ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံကို တည်ငြိမ်စေချင်သည့်
သဘောထားမျိုးသာ ရှိသည်ဟု ၎င်းက သုံးသပ် သည်။
“သူတို့ရဲ့ နောက်ကျောမှာ သူတို့ကို အဓိကအန္တရာယ်ပေးတာတွေက နောက်ကျောက ဝင်တဲ့ဟာတွေ ပဲ။ ဗမာပြည်ဘက်ကနေပြီး ဂျပန်တပ်တွေ ဝင်သွားခဲ့တာ ဒီကြောမှာ ဂျပန်တပ်တွေ လှုပ်ရှားပြီး တ ရုတ် တွေ ကို ဒုက္ခပေးခဲ့တာ သူတို့ မမေ့ပါဘူး။ အဲ့ဒါကြောင့်မို့လို့ သူတို့ရဲ့ နောက်ကျောပိုင်းကို သူတို့ လုံခြုံ ရေးအတွက် အမြဲတမ်း သတိထားပါတယ်” ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များကို နောက်ကွယ်မှ ပံ့ပိုးခြင်း ရှိမရှိကို၎င်းအ နေ ဖြင့် မပြောနိုင်သော်လည်း ၎င်းတို့အကျိုးစီးပွားများ ဖော်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံကို ငြိမ်း ချမ်းစေ လို သည့် ဆန္ဒရှိသည်ဟု အာဏာသိမ်းစစ်တပ် ဒုဗိုလ်ချုပ်မှုးကြီးစိုးဝင်းနှင့် စစ်တက္ကသိုလ် အပတ်စဉ်တူ စစ်တပ်အရာရှိကြီးတစ်ဦးက သုံးသပ်သည်။
“တရုတ်ကတော့ မြန်မာပြည်မှာ ငြိမ်းချမ်းစေချင်၊ တည်ငြိမ်စေချင်မှာ မလွဲဘူး။ သူတို့အကျိုးစီးပွား အရ ဒေါ်စုလက်ထက်ကတည်းက ဒီသဘောထားပြခဲ့တာပဲ။ သူတို့အရင်းအနှီးနဲ့ ပတ်သက်တဲ့ စီမံ ကိန်းတွေ က မြန်မာပြည်မငြိမ်းချမ်းရင် လုပ်မရတော့ စကစကိုလည်း အကြိမ်ကြိမ်ပြောမှာပဲ”
“စကစမရှိဘဲ နောက်အစိုးရတက်လာရင် ပထမဆုံးအသိအမှတ်ပြု ကြိုဆိုမှာက တရုတ်ပဲလေ။ မယုံ ရင် ကြည့်ပေါ့ဗျာ” ဟု အမည်မဖော်လိုသည့် စစ်တပ်အရာရှိကြီးက သုံးသပ်သည်။
ညီနောင်သုံးဖွဲ့မဟာမိတ်များကမူ ၎င်းတို့၏စစ်သည် ကျူးကျော်စစ်မဟုတ်၊ စစ်အာဏာရှင် အမြစ် ဖြတ် ရေးသာ ဖြစ်သည်ဟုဆိုသည်။
ကိုးကန့်တို့သည် မြန်မာနိုင်ငံအတွင်း ကာလရှည်ကြာနေထိုင်ခဲ့ကြသူများဖြစ်သည့်အတွက် ယခုစစ်ပွဲ သည် အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲဖြစ်ပြီး ကျူးကျော်မဟုတ်ဟု ကိုးကန့်တပ် (MNDAA) ပြောခွင့် ရ ကိုကျော်နိုင် (ခ) လီကျားမင်းက ပြောသည်။
“ကျွန်တော်တို့ ရည်မှန်းချက်တွေ ရောက်အောင်လို့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
Link : Here
No comments:
Post a Comment