" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 12, 2020

ကိုဗစ်အကန့်အသတ်ကြောင့် ရိုဟင်ဂျာဒုက္ခသည်များနေ့ စဉ် ဘဝထိခိုက်

VOA

ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
12 အောက်တိုဘာ၊ 2020

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong စခန်းမှာ တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (အောက်တိုဘာ ၀၈၊ ၂၀၂၀)
 
COVID 19 ကပ်ရောဂါအချိန်မှာ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ စုဝေးနေထိုင်ရာ ဒုက္ခသည်စခန်းတွေရဲ့ အဝင်အထွက် အသွားအလာတွေ ပိတ်ပစ်လိုက်ပြီး ဝတ်ပြုဆုတောင်းခွင့်အပါအဝင် လူစုလူဝေး စုဝေးခွင့် အ ပြင်ထွက်ခွင့် ကန့်သတ်ပိတ်ပင်ခံလိုက်ရပြီးနောက် နေအိမ်တွေထဲမှာ နေနေကြရတဲ့ ဒုက္ခ သည်တွေရဲ့ နေ့စဉ် ကြုံရတဲ့ အခက်အခဲတွေနဲ့ ကုလသမဂ္ဂ အပါအဝင် လူသားချင်းစာနာမှုအဖွဲ့တွေရဲ့ ကူညီပေးမှုတွေအကြာင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က ပြောပြပေးထားပါတယ်။

မြန်မာပြည် ရခိုင်ပြည်နယ်ကနေ အကြမ်းဖက်တိုက်ခိုက်မှုတွေကြား နယ်မြေရှင်းလင်းမှုတွေအတွင်း လူ့အခွင့် အရေးချိုးဖောက်ခံရလို့ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ရိုဟင်ဂျာဒုက္ခ သည် တသန်း ကျော် ခိုလှုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်က စခန်း ၃၀ကျော်လုံး ကို ကမ္ဘာ့ကပ်ရောဂါ COVID 19 ဖြစ်ပွားမှု ကြို တင် ကာကွယ်တဲ့အနေနဲ့ စခန်းအဝင်အထွက်တွေ အားလုံးကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ စခန်းတာဝန်ရှိသူတွေ ဘက်က ပိတ်ပစ်လိုက်တာပါ။

ဒုက္ခသည်စခန်းတွေထဲ ဗလီဝတ်ပြုဆုတောင်းမှု လူဦးရေကန့်သတ်တာ အပါအဝင် လူစုလူဝေးလုပ်တာတွေကို တင်းတင်းကြပ်ကြပ် တားမြစ်ထားသလို ဘာသာရေးစာသင်ကျောင်းတွေနဲ့ သင်ကြားရေးစင်တာတွေကိုလည်း ခေတ္တပိတ်ထားပြီး ဒုက္ခသည်တွေအားလုံး နေအိမ်တွေထဲမှာပဲ နေကြဖို့ အမိန့်ထုတ်ပြန်ထားတာ လနဲ့ချီ လာပြီ ဖြစ်ပါတယ်။


 
ဝေဖန် ဒီလိုအိမ်ထဲကအိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ အခြေ အနေမှာ ကျဉ်းမြောင်းလွန်းလှတဲ့ တဲအိမ်လေးတွေ အခန်းငယ်လေးတွေထဲမှာ မိသားစုဦးရေ များပြားလွန်းလှတဲ့ အိမ်ထောင်စုတွေ ပြွတ်သိပ်-စုပြုံနေရတဲ့အတွက် သန့်ရှင်းရေး-ကျန်းမာရေးအတွက် အ ခက်အခဲများစွာ ကြုံနေကြရ တယ်လို့ ကုတုပလောင်ဒုက္ခသည်စခန်း အ မှတ်(၇)မှာနေထိုင်တဲ့ စေတ နာ့ဝန်ထမ်း ရိုဟင်ဂျာ ဒုက္ခသည်တဦးဖြစ်တဲ့ ဦးအောင်မြိုင်ကပြောပါတယ်။

"တဲတွေမှာနေရတာလည်း တဲကလေးက သေးသေးလေးဆိုတော့ မိသားစုအားဖြင့်ပြောရမယ်ဆိုရင် ၄ ဦးက နေ ၈ ဦး၊ ၁၀ ဦးအထိနေရတာကိုး။ ဒါကြောင့်မို့လို့ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ခပ်ခွာခွာနေကြဖို့ဆိုတာ တော် တော်လေး ခက်ပါတယ်။ နောက် ဒီမှာ နောက်တချက်က ဘာလဲဆိုရင် သန့်ရှင်းရေးအ ပိုင်းပေါ့။ အိမ်သာတို့ ရေချိုးခန်းတို့ ဒီမှာ အမှိုက်ပုံး အမှိုက်ပစ်တာ သန့်ရှင်းရေးစနစ်က တော် တော်လေး ညစ်ပတ်ပါတယ်။ စုတ်ပြတ် ပါတယ်။ လူဦးရေက အရမ်းများတယ်ဆိုတော့။ ပြီးတော့ ကျန်းမာ ရေးကလည်း ဒီမှာ အခြေခံ အဆင့်လောက် ပဲ ရှိပါတယ်။ ဆေးခန်းမှာလည်း လူဦးရေများတယ်။ ဆေးကုရတာလည်း သိပ်ပြီး အဆင်မပြေပါဘူး။"

ကိုဗစ်ကာလ စခန်းတွေထဲမှာ အထူးသဖြင့် နာတာရှည်လူမမာတွေနဲ့ မိသားစုတွေ ကြုံရတဲ့ ကျန်းမာ ရေးအ ခက် အခဲနဲ့ စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်မှု ပြဿနာတွေအကြောင်း ဇန်ထော်လီဒုက္ခသည်စခန်းက ဦးမောင် ကျော်မြင့်ကလည်း အခုလိုပြောပြပါတယ်။

"ကိုဗစ်ကာလမှာ ကျနော်တို့ အခက်အခဲတွေ အများကြီး ကြုံနေရပါတယ်။ ဘာကြောင့်လဲဆိုတော့ အသွားအလာတွေလည်း ကန့်သတ်ထားပါတယ်။ ကမ့်ထဲကနေ လုံးဝ အပြင်ထွက်လို့မရဘူး။နောက် အဓိက ကိုဗစ် ကာလမှာ ဆေးကုသနေရတဲ့အခက်အခဲပေါ့။ ကမ့်ထဲမှာ ကျနော်တို့လူတွေက အများစု ဝေဒနာခံစားနေရတဲ့ လူနာတွေက စစ်တကောင်းတို့ ကော့ဇ်ဘဇားတို့ဘက်သွားလို့ မရဘူး။ အဲ့ဒါကြောင့် ဝေဒနာခံစားနေရတဲ့ သူ တွေ တအားများနေပြီလို့။ နောက် ကလေးတွေအတွက် အခက်ခဲက စာသင်ကျောင်းဆိုပြီး ဘာတခုမှမရှိဘူး။ ကလေးတွေက ဘာတခုမှ မလုပ်ပဲနဲ့ ကမ့်ထဲမှာပဲနေကြပြီး- Criminal Activity ရာဇဝတ်မှုလှုပ်ရှားမှုတွေမှာ ပါဝင်နေမှာကို ကျနော်တို့ တအားစိုးရိမ်နေပါတယ်။ အဓိက ကတော့ မိသားစုကအလုပ်လက်မဲ့တွေဖြစ်တော့ ပြဿနာတွေပေါ်နေတာပေါ့အလုပ် လက်မဲ့ကနေ အိမ်ထဲမှာ ဘာအလုပ်တခုမှ မလုပ်ဘဲ နေထိုင်လာတာကြာ တော့ တိုက်ရိုက် ပြဿနာနည်းမျိုးစုံ ပေါ်လာတာလို့ ကျနော်တို့ထင်ပါတယ်။"

တကယ်တော့ စခန်းတွေထဲမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာမိသားစုတွေထဲမှာ အိမ်ထောင်ဦးစီးနဲ့ လူငယ်တွေဟာ အပြင်ကိုတရားဝင်ထွက်ပြီး အလုပ်လုပ်ကိုင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ ကိုဗစ် မတိုင်ခင်ကာလ က နီး စပ်ရာကျေး ရွာတွေမှာ တောင်ယာစိုက်ခင်းတွေမှာ လုပ်အားပေးပြီး အပိုငွေရှာကြတာ ရှိသ လို အခုလို ကိုဗစ် ၁၉ ကာလ အပြင်ထွက်ခွင့်မရ ဝင်ငွေလည်းမရှိတော့ အိမ်တွေထဲမှာ အိမ်တွင်း အကြမ်းဖက်မှုတွေ အတော်လေးများလာ နေတယ်လို့ အိမ်တွင်းအကြမ်းဖက်မှုတွေကို ကူညီဖြေရှင်းပေးနေတဲ့ စေတနာ့ဝန်ထမ်းဦးအောင်မြိုင်က ပြောပြ  ပါတယ်။

"အခက်အခဲတွေက အများကြီးပါ ဒါ ပြောမယ်ဆိုလို့ရှိရင် အစကတည်းကနေ အပြင်ထွက်ပြီး အလုပ် လုပ်လို့ရ တာ မဟုတ်ပါဘူး။ တရားဝင် အလုပ်အကိုင်ဆိုတာကကလည်း ဒီမှာဒုက္ခသည်တွေ လုံးဝ လုပ်လို့မရပါဘူး။ ကိုဗစ်မဖြစ်ခင်ကာလတုန်းက အပြင်ထွက်ပြီးတော့ လူအများကြီး မဟုတ်ဘူးနည်း နည်းပါးပါး အပြင်ခိုးထွက် ပြီး ကျေးရွာတွေမှာ စပါးစိုက်တာတို့ စပါးရိတ်ပေးတာတို့ တခြားအလုပ် လေးတွေလုပ်တယ် အခု COVID ကို ဗစ်ဖြစ်ပြီးကာလမှာတော့ လုံးဝမရှိပါဘူး။ လူတွေမှာဝင်ငွလည်း လုံးဝ မရှိပါဘူး။ အဲ့တော့ Domestic Violence တွေဖြစ်လာတယ်။ ဝင်ငွေလည်း မရှိဘူး၊ အလုပ်အ ကိုင်လည်းမရှိဘူး။ အပြင်လည်းထွက်လို့မရဘူး ဒါဆိုရင် စိတ်ဖိစီးမှုကတော်တော်များ လာတယ်။ ဒါကြောင့်မို့လို့ ဒီမှာ အိမ်တွင်းအကြမ်းဖက်မှု တော်တော်ကို များလာတယ်။ ရာခိုင်နှုန်းအားဖြင့်ပြောမယ် ဆိုရင်တော့ ၇၅ ရာခိုင်နှုန်း လောက်ကိုဖြစ်တယ်။ ဒီ Domestic Violenceကဒီ့ထက်ကိုပိုများမှာပါ။"


 
ကိုဗစ်ကာလ အိမ်တွင်း အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ရင် ဖြေရှင်းပေးမဲ့ အဖွဲ့အစည်းတွေနဲ့စေတနာ့ဝန်ထမ်းတွေက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိအောင် ဆောင်ရွက်ပေး နေတဲ့ အခြေအနေနဲ့အတူ ကိုဗစ်ကူးစက်မှု ကာကွယ်နိုင်ရေး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာပေးတဲ့ အစီ အစဉ် တွေကိုပါ စနစ်တကျဆောင်ရွက်ပေးထားတဲ့ အခြေအနေကိုလည်း ဦးအောင်မြိုင်က ရှင်းပြပါတယ်။

"အိမ်တွင်းအကြမ်းဖက်မှု Domestic Violence နဲ့ ပတ်သက်ပြီး စခန်းအလိုက် အလုပ်လုပ်ပေးနေတဲ့ NGO INGO တွေ ရှိပါတယ်။ Domestic Violence ဖြစ်လာရင် ဒါကို လျှို့ဝှက်အနေနဲ့ထားရ တယ် အဲ့ဒီ့ကိုရောက် သွားရင် UNHCR နဲ့ မိတ်ဖက်အဖွဲ့အစည်းဆိုပြီး သူက Legal Service ဆိုပြီး ရှေ့နေ ၂ ယောက်ရှိပါတယ်။ အဲဒါကိုလည်း NGO INGO တွေက ကိုင်ထားတယ် အဲ့ဒီ Legal Service မှာ ဥပ ဒေအကျိုးဆောင်တွေ ရှိ တယ်။ သူတို့နဲ့ စခန်းအုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနှိုင်းပေးတယ်။ လိုအပ်ရင် ဆေးဝါးကုသပေးတာ ရှိပါတယ်။ ပြီး ရင် Psycho-social Support စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေး နွေး အကြံပေးတာ ရှိပါတယ်။ သူ့ကို လုံခြုံ မှု ရှိအောင် သီးသန့်ထားပေးထားတဲ့နေရာလည်း ရှိပါတယ်။

ကိုဗစ်ကာလမှာ အစိုးရကလည်း ကန့်သတ်ထားတာရှိပါတယ်။ ပြီးတော့ NGO၊ INGO တွေဘက်က လည်း ကန့်သတ်ချက်တွေ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့အတွက် သူတို့အသိပညာပေးတာတို့ ရှိပါတယ်။ ပြီးတော့ Distribution Point မှာ တလတကြိမ်ပဲ သူက စနစ်တကျ အကုန်လုံးအမျိုး အ စားတွေ စုစည်းပြီး တော့ COVID ကို ကာကွယ်တဲ့အနေနဲ့ Food Basket တခုက သီးသန့်လုပ်ထားတာ ရှိတယ်။ ဒီလမှာတော့ ၁၁ မျိုးပါ၊စက်တင်ဘာလမှာတော့ ၁၄မျိုးပါ။ ဒီဟာကကုန်ဈေးနှုန်း နဲ့လည်း ဆိုင်ပါတယ်။ အဓိက ဆန် ရှိ တယ်။ ပဲ ၊ ဆီ၊ ငရုတ်သီးအခြောက်၊ ငါးခြောက် စသဖြင့်ပေါ့။ ပြီးတော့ Nutrition အာဟာရ အတွက်လည်း ထုတ်ပေးတာ ရှိပါတယ် ဘီစကစ်မှုန့်နဲ့ အာဟာရမှုန့်တွေလည်း အဲ့တာလည်း ခြင်းထဲထည့်ပေးထား တာ ရှိ ပါတယ်။"

လူသိန်းချီ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲမှာ ကူးစက်မြန်ကပ်ရောဂါကိုဗစ်ဖြစ်ပွားမှာကို ကု လသမဂ္ဂအပါအဝင် နိုင်ငံတကာက စိုးရိမ်ခဲ့ကြတာပါ။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က တင်း ကျပ်တဲ့ စည်း ကမ်းသတ်မှတ်ချက်တွေနဲ့ စခန်းတွေထဲ အသွားအလာတွေ ပိတ်ပစ်လိုက်သလိုဒုက္ခသည်များဆိုင်ရာ ကုလ သမဂ္ဂမဟာမင်းကြီးရုံး UNHCR အပါအဝင် ဒုက္ခသည် ကူညီစောင့် ရှောက်ပေးရေး NGO၊ INGO အဖွဲ့တွေဘက် ကလည်း COVID 19 ကူးစက်မှုကြိုတင်ကာကွယ်ရေး ပညာပေးမှုတွေကို စခန်းတွေထဲ လှုပ်ရှားဆောင်ရွက်ခဲ့ ကြတာမို့ ကူးစက်မှု သေဆုံးမှုနှုန်းဟာ ထင်သ လောက် မများခဲ့ပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှု ညှိနှိုင်းရေးရုံးရဲ့ ထုတ်ပြန်ချက်အရဆိုရင် ရိုဟင်ဂျာဒုက္ခသည်တွေ လက် ခံ ထားရှိတဲ့ ဒေသတွင်းမှာ စက်တင်ဘာ ၅ ရက်နေ့အထိ စာရင်းအရ ရောဂါပိုးဓါတ်ခွဲအ တည်ပြု ၄,၀၀၀ ကျော် နဲ့ သေဆုံးသူက ၆၅ ဦးရှိတယ်လို့ဖော်ပြပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာဒုက္ခ သည်စခန်းတွေအတွင်းမှာတော့ ဓါတ်ခွဲ အတည်ပြု ၁၃၀ ဦးပဲရှိပြီး၊ သေဆုံးသူက ၆ ဦးရှိခဲ့တယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းပြန်ပို့ဖို့ ပြန်လည်လက်ခံရေး အစီအစဉ်တွေကို ရိုဟင်ဂျာဆိုတဲ့အ သုံးကို လက်မခံထားတဲ့ မြန်မာအစိုးရဘက်ကတော့ ကိုဗစ် ၁၉ ကာလ ခေတ္တဆိုင်းငံ့ထားဆဲ အခြေ အနေဖြစ်ပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */