Monday, October 12, 2020

ကျောက်တော်နဲ့ အမ်း ပစ်ခတ်မှုမှာ အရပ်သား သုံးဦး ဒဏ် ရာရ

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ 
2020.10.12

ရခိုင်ပြည်နယ် ကျောက်တော်မြို့ မြစ်ကမ်းနဘေးကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဂုပ္ပီထောင့်နဲ့ အမ်းမြို့နယ် ဒလက်အနောက်ရွာက အရပ်သား သုံးဦးဟာ အောက်တိုဘာလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေက လက်နက်ကြီးအစထိမှန်ပြီး ထိခိုက်ဒဏ်ရာရသွားကြ တယ် လို့ ကာယကံရှင်တွေနဲ့ ကျေးရွာလူကြီးတွေကပြောပါတယ်။

ကျောက်တော်မြို့နယ် ဂုပ္ပီထောင့်ကျေးရွာမှာတော့ မနေ့က အောက်တိုဘာလ ၁၁ ရက် ညနေ ၄ နာရီ လောက်မှာ လက်နက်ကြီးတစ်လုံးဟာ ရွာထဲက နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီးတော့ အသက် ၂၂ နှစ်အရွယ် မွတ်ဆလင်ရိုဟင်ဂျာတစ်ဦးဖြစ်သူ မာမောက်ကာဆိန်းရဲ့ ယာဘက်တင်ပါးမှာ လက်နက်ကြီးအစ ထိမှန်ပြီး ဒဏ်ရာရသွားတယ်လို့ အဲဒီရွာက ရွာလူကြီးတစ်ဦးဖြစ်တဲ့ ဦးဘစိန်က RFA ကိုပြောပါတယ်။

ကုလားတန်မြစ်ထဲကနေ ဆန်တက်လာတဲ့ တပ်မတော်ရေယာဉ်ကနေ ပစ်ခတ်တဲ့ အဲဒီလက်နက်ကြီးကျည် ဟာ မာမောက်ကာဆိန်းရဲ့နေအိမ်ကိုကျရောက်ပေါက်ကွဲပြီးတော့ အိမ်ထဲမှာရှိနေတဲ့ သူ့ကိုထိမှန်ခဲ့ တာလို့ဆို ပါတယ်။

သူ့ရဲ့ဒဏ်ရာကို ရွာက အရပ်ဆေးဆရာတွေနဲ့ ကုသပေးနေရပြီး ဘာကြောင့်ပစ်ခတ်တယ်ဆိုတာကို ရှင်းရှင်း လင်း လင်းမသိရဘူးလို့ ရွာလူကြီး ဦးဘစိန်ကပြောပါတယ်။

အလားတူပဲ အမ်းမြို့နယ် ဒလက်အနောက်ရွာက အသက် ၅၀ အရွယ် ဦးသိန်းမြင့်နဲ့ အသက် ၄၀ အရွယ် ဦး စိန်ဝင်းမောင်တို့နှစ်ဦးဟာ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၃ နာရီလောက်က ကဇူးကိုင်းတံတားအနီး ဒလက်ချောင်းထဲမှာ ငါးရှာနေစဉ် မလှမ်းမကမ်းမှာ လုံခြုံရေးယူထားတဲ့ တပ်မတော်က ပစ်ခတ်လိုက်လို့ နှစ်ဦး စလုံးမှာ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒဏ်ရာရတဲ့ ဦးသိန်းမြင့်က RFA ကိုပြောပါတယ်။

အဲဒီနေ့က သူတို့နှစ်ဦးဟာ မိသားစုဝမ်းရေးအတွက် ငါးရှာနေကြတာဖြစ်ပြီး သူတို့နဲ့အတူ အခြားလှေ သုံးစင်း လောက်ရှိကြောင်း၊ တပ်မတော်က တစ်စုံတစ်ရာ အသိပေးတာမရှိဘဲ လက်နက်ကြီး ခုနှစ်ချက်ပစ်ခဲ့ကြောင်း၊ အဲဒီအထဲက လက်နက်ကြီးတစ်လုံးဟာ လှေနံဘေးကို ထိမှန်ပေါက်ကွဲလို့ လှေဟာ ချောင်းထဲမှာ နစ်မြုပ် ခဲ့ ကြောင်း၊ ဒဏ်ရာရသွားတဲ့ လှေပေါ်ကသူတို့နှစ်ဦးဟာ ရေထဲကိုခုန်ဆင်းလို့ ထွက်ပြေးလွတ်မြောက် ခဲ့ကြောင်း ဦးသိန်းမြင့်ကပြောပါတယ်။

လက်နက်ကြီးကြောင့် ဦးသိန်းမြင့်ရဲ့ ခြေနှစ်ဘက်စလုံးမှာ ဒဏ်ရာရရှိခဲ့ပြီး ယာဘက်ခြေထောက်ကတော့ ကျိုး သွားခဲ့သလို ဦးစိန်ဝင်းမောင်မှာလည်း ရင်ဘတ်နဲ့ ဘယ်ဘက်လက်မောင်းတွေမှာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါ တယ်။

ဒဏ်ရာရတဲ့ သူတို့နှစ်ဦးကို ကမ်းထောင်းကြီးတိုက်နယ်ဆေးရုံကနေတစ်ဆင့် စစ်တွေဆေးရုံကြီးကို ဆက် လက် ပို့ဆောင်ဖို့ စီစဉ်နေကြတယ်လို့ အကူအညီပေးနေသူတွေကပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုး စားနေပြီး တပ်မတော်ရဲ့တုံ့ပြန်ချက်ကို ရရှိတဲ့အခါ ဆက်လက်ဖော်ပြသွားပါမယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */