" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, February 5, 2019

ရိုဟင်ဂျာတွေနိုင်ငံမဲ့မဖြစ်ဖို့ အခွင့်အရေးရှိကြောင်း Angelina Jolie ပြော

၂ဝ၁၈ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ခရိုင် ကုတုပါလောင် ဒုက္ခသည်စခန်းတွင် ကုလသမဂ္ဂ UNHCR အထူးသံတမန် Angelina Jolie သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။ 

 ရိုဟင်ဂျာဒုက္ခသည်တွေ နိုင်ငံမဲ့ဘဝ မရောက်ဖို့ အခွင့်အရေးအပြည့်အဝ ရှိကြောင်းနဲ့၊ သူတို့ကို နိုင်ငံမဲ့ ဒုက္ခသည်တွေအဖြစ် သဘောထားဆက်ဆံနေတာဟာ မိမိတို့အားလုံး ရှက်စရာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး  Angelina  Jolie က ပြောလိုက်ပါတယ်။


Cox's Bazar ခရိုင်က ကုတုပါလောင် ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒီနေ့ တွေ့ဆုံစကား ပြောရာမှာ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ UNHCR အထူးသံတမန် Jolie က အခုလို ပြောခဲ့တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

မြန်မာအာဏာပိုင်တွေ အနေနဲ့ အကြမ်းဖက်တာတွေ၊ အတင်းအဓမ္မ မောင်းထုတ်တာတွေ ရပ်တန့်အောင် ဆောင်ရွက်ဖို့၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပါအဝင် လူမှုအသိုင်းအဝိုင်းအားလုံးရဲ့ အခြေအနေတွေ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်းလည်း မစ္စဂျိုလီက ပြောပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်လို့ မြန်မာအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို တယ်လီဖုန်းနဲ့ ဆက်သွယ် ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိဘူးလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

https://www.rfa.org/burmese/news/angelina-jolie-in-bangladesh-02052019130558.html

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */