Showing posts with label တရားမဝင်ခိုးဝင်. Show all posts
Showing posts with label တရားမဝင်ခိုးဝင်. Show all posts

Wednesday, July 22, 2020

ကပ်ဘေးကာလ နယ်စပ်တရားမဝင် ဖြတ်လာသူ ရိုဟင်ဂျာ ဒုက္ခသည် ၁၃ ဦး ထောင်ချခံရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-07-22
 ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တရားရုံးကို မြင်တွေ့ရစဉ် Photo: RFA

ကပ်ဘေးကာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင်ခိုးဝင်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၃ ဦးကို ပြီး ခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး ဥပေဒပုဒ်မတွေနဲ့ မောင်တောမြို့နယ် တရားရုံးက ထောင် ဒဏ် ၆ လစီ ချမှတ်လိုက်တယ်လို့ သိရကြောင်း လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

Tuesday, July 21, 2020

တရားမဝင် ထပ်မံဝင်လာသည့် မွတ်စလင် ၁၃ ဦးကို ထောင် ၆ လစီ ချမှတ်

ဧရာဝတီ
မင်းအောင်ခိုင်
21 July 2020

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းသို့ နှစ်နိုင်ငံတရားဝင်နယ်စပ်ပိတ်ထားစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တ ရားမဝင် ထပ်မံ ဝင်ရောက်လာသည့် မွတ်စလင် ၁၃ ဦးကို မောင်တောမြို့နယ် တရားရုံးနှင့် ဘူးသီးတောင် မြို့နယ် တရားရုံးတို့က ထောင်ဒဏ် ၆ လစီ အသီးသီး ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။

Friday, July 10, 2020

တရားမဝင်ရောက်လာတဲ့ မွတ်စလင်တွေကို ထောင်ဒဏ်ချ မှတ်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများဖြူဖြူခိုင်
2020-07-10
 ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင်ခိုးဝင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၁ ဦးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးဥပေဒပုဒ်မတွေနဲ့ မောင်တောမြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လစီ အသီးသီး ချမှတ်လိုက်တယ်လို့ မောင်တောမြို့နယ် ဥပဒေအထာက်အကူပြု ဥက္ကဋ္ဌ ဦးခင်ဝင်းက ပြောပါတယ်။

Saturday, July 4, 2020

မောင်တောကို တရားမဝင် ဝင်လာသူတွေကို ထောင်ဒဏ်ချ

B B C 
ဘီဘီစီ မြန်မာပိုင်း
2020.07.04
နယ်စပ်စည်းရိုးက လုံခြုံရေးအားနည်းတဲ့နေရာတွေကတဆင့် ခိုးဝင်တာတွေရှိနေ
 
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းကို ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည် စခန်းကနေ ပြန်ဝင်လာတဲ့ သူတွေကို စတင် တရားစွဲ အပြစ်ပေးနေရာမှာ စုစုပေါင်း ၁၁ ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၆ လစီချမှတ်ခဲ့ပါ တယ်။

Saturday, June 20, 2020

နယ်စပ်တွေကနေ တရားမဝင် ပြန်လာသူတွေ လဝက ဥပဒေ နဲ့ အရေးယူမယ်

VOA
ဗွီအိုအေ (မြန်မာဌာန)
19 ဇွန်၊ 2020
ကိုနိုင်ကွန်းအိန်
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်က မြင်ရတဲ့ တရုတ် - မြန်မာနယ်စပ် စစ်ဆေးရေးဂိတ်(မေ ၂၅၊ ၂၀၁၂) 

COVID-19 ကူးစက်ရောဂါဖြစ်ပွါးမှု မြင့်မားနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ လာ အိုနိုင်ငံက တရားမဝင်ခိုးဝင်လာသူတွေနဲ့ လူပွဲစားတွေကို လူဝင်မှု ကြီးကြပ်ရေးဥပဒေနဲ့ အရေးယူ သွားမယ် လို့ နိုင်ငံ တော် သမ္မတရုံးကနေ ပြောဆိုခဲ့တဲ့အကြောင်းတင်ဆက်ပေးမှာပါ။ ဒီအကြောင်းဗွီအိုအေမြန်မာပိုင်း သတင်း ထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေး (ဓာတ်ပုံ - Myanmar President Office/Handout) (ဇွန် ၁၉၊ ၂၀၂၀) 

မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူတွေနဲ့ လက်ခံထားတဲ့ သူ တွေ ကို အရေးယူသွားမယ်လို့ နိုင်ငံတော် သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဒီကနေ့ကျင်းပတဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

Saturday, June 6, 2020

ကိုဗစ်ကပ်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကနေ တရားမဝင် ပြန်ဝင်လာသူတွေဆက်ရှိနေ

B B C
ဘီဘီစီ မြန်မာပိုင်း
2020.06.06
နယ်စပ်စည်းရိုးက လုံခြုံရေးအားနည်းတဲ့နေရာတွေကတဆင့် ခိုးဝင်တာတွေရှိနေ

ဘူးသီးတောင်နဲ့မောင်တောမြို့နယ်မှာ ဇွန် ၄ရက်နဲ့ ၅ ရက် ၂ရက်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်က တရား မ ဝင်ပြန်ဝင်လာသူ ၁၂ ဦးရှိခဲ့တယ်လို့ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးဦးစိုးအောင်က ဘီဘီစီကို ပြောပါတယ်။

Monday, September 30, 2019

မင်းလှမြို့နယ်၌ တရားမဝင် ဝင်ရောက်လာသည့် မွတ်စလင် လူမျိုး ခြောက်ဦးအား ဖမ်းဆီးရမိ

မြန်မာ့အလင်း 
အထက်မင်းလှ
စက်တင်ဘာ ၃၀

 မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်(ရေနံမ)အပိုင် နယ်မြေအတွင်း တရားမဝင် မွတ်စလင်လူမျိုးများ ဝင် ရောက်လာနိုင်သဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၉ရက် နံနက်ပိုင်းက တရားမဝင် ဝင်ရောက်လာသည့် မွတ်စလင်လူမျိုး ခြောက်ဦးအား ဖမ်းဆီးရမိကြောင်း သိရ သည်။

Tuesday, July 16, 2019

မလေးရှားကိုခိုးဝင်ဖို့ ကြိုးစာတဲ့ မြန်မာ ၆၀ နီးပါး ထိုင်း ရဲဖမ်းဆီး

VOA
ဗွီအိုအေ (မြန်မာဌာန)
16 ဇူလိုင်၊ 2019
အေးအေးမာ  
 ထိုင်းတောင်ပိုင်း ဆုံခလာခရိုင်ထဲမှာ မလေးရှားကို ခိုးဝင်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၆၀နီးပါးကို ဇူလိုင်လ ၁၄ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားတွေ အပြင်သူတို့ကို လက်ခံပေးထားတဲ့ ထိုင်းနိုင်ငံသားတွေကိုပါ ကြံရာပါအဖြစ်နဲ့ ဖမ်းဆီးနေကြောင်း ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေပို့ ထားပါတယ်။

Monday, March 25, 2019

ရေတာရှည်မြို့နယ်တွင် တရားမဝင် ဘင်္ဂါလီ ၂၅ ဦး ဖမ်းမိ

DVB
By ဒီဗွီဘီ
25 March 2019

 ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဂုံမင်းကွင်းကျေးရွာအုပ်စု သာဂရ-ကိုးပင်လမ်း၊ ၆ မိုင် သစ်တောစစ်ဆေးရေးဂိတ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ ၂၅ ဦး ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */