Monday, September 30, 2019

မင်းလှမြို့နယ်၌ တရားမဝင် ဝင်ရောက်လာသည့် မွတ်စလင် လူမျိုး ခြောက်ဦးအား ဖမ်းဆီးရမိ

မြန်မာ့အလင်း 
အထက်မင်းလှ
စက်တင်ဘာ ၃၀

 မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်(ရေနံမ)အပိုင် နယ်မြေအတွင်း တရားမဝင် မွတ်စလင်လူမျိုးများ ဝင် ရောက်လာနိုင်သဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၉ရက် နံနက်ပိုင်းက တရားမဝင် ဝင်ရောက်လာသည့် မွတ်စလင်လူမျိုး ခြောက်ဦးအား ဖမ်းဆီးရမိကြောင်း သိရ သည်။

ဖြစ်စဉ်မှာ ရေနံမ နယ်မြေရဲစခန်းမှူး ရဲအုပ်အောင်မင်းဦး၊ ဒုတိယရဲအုပ် မိုးလွင်၊ဒုတိယရဲအုပ် တင်အောင် စန်းနှင့် ဒုတိယရဲအုပ် သက်နိုင်ဦး တို့ ဦးစီးသည့် ပူးပေါင်းအဖွဲ့များသည် ကန်တုတ်ကျေးရွာလမ်းဆုံ၊ ရှမ်း တပ်ရဲကင်း၊ ရွှေချောင်းတံတားနှင့် လက်ပံတံခါးကျေးရွာအဝင်လမ်း တို့တွင် အဖွဲ့အလိုက် လုံခြုံရေးဆောင် ရွက်စဉ် ပုသိမ်-မုံရွာကားလမ်းရှိ မိုင်တိုင်( ၂၃၆/၄) အနီး နှင့် ဘန့်ပြင်ကျေးရွာအနီးတို့မှ တရားမဝင် ဝင် ရောက်လာသူ မွတ်စလင် လူမျိုး ဂျီဘူရာမန်(ခ)မဲလုံး၊ မာမောက်အီဆပ်၊ အဒူရော်ကိန်း၊ မူဟာမက် ဆော်မီ ရော်ဒင်၊ နူရူလာမိန် နှင့် မူဟာမက်ယာဆိမ်း တို့ ခြောက်ဦးအား ဖမ်းဆီးရမိခြင်းဖြစ်သည်။

အဆိုပါ မွတ်စလင်လူမျိုးများသည် ရန်ကုန်မြို့မှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် ရန်အတွက် ရခိုင်ပြည်နယ်ဘက်မှလာရောက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး၊ အသေးစိတ်အားမြို့ နယ်ရဲ တပ်ဖွဲ့ မှူး ယာယီရဲမှူး အပါလွင်နှင့် ပူးပေါင်းအဖွဲ့က ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ဇာဇာ(အထက်မင်းလှ)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */