မှတ်တမ်းပြုရုံ သင်္ကေတဆန်သော လုပ်ဆောင်မှုများ တခါတရံ ရှိတတ်သော်လည်း အပြည်ပြည်ဆိုင် ရာ ရာဇဝတ် တရားရုံး (ICC) တရားစွဲရှေ့နေက နောက်ဆုံးတွင် မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားသည့်သတင်းကို နားလည်ရန် စာရေးသူ အတော်ကြိုးစားရသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့က ထိုတောင်းဆိုမှုသည် အဓိကအားဖြင့် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် မင်းအောင်လှိုင်၏စစ်တပ်က မွတ်ဆလင်လူနည်းစုကို လူမျိုးစုသုတ်သင်မှုအတွက် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် နိုင်ငံရှိ ရိုဟင်ဂျာများနှင့် ပတ်သက်သည့် တရားမျှတမှုအတွက် အရေးပါသော ခြေလှမ်း ဖြစ်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ပြောသည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကလည်း ဆုံးဖြတ်ချက်ပြတ်သားပြီး အရေးပါသောအချက်အဖြစ် ပြောသည်။
စာရေးသူ စိတ်ပျက်ရသည့်အကြောင်း နှစ်ခုရှိသည်။ တခုမှာ ပြည်တွင်းအနေအထားအရဖြစ်ပြီးအခြား တခုမှာ ကမ္ဘာ့အနေအထားအရ ဖြစ်သည်။
ICC သည် ဖမ်းဝရမ်း မထုတ်သေးပေ။ တရားစွဲရှေ့နေက ဖမ်းဝရမ်းလျှောက်ထားသည်။ သို့သော် ဖမ်းဝရမ်းထုတ်မည်ဆိုလျှင်ပင် ထိုဖမ်းဝရမ်းကို အကောင်အထည် မဖော်နိုင်ပေ။
စစ်ကောင်စီက တော်လှန်ရေးအင်အားစုများကို ချေမှုန်းပြီး ပြည်တွင်းစစ် အဆုံးသတ်သွားလျှင်ပင် မင်းအောင်လှိုင်သည် ဆန္ဒအလျောက် နယ်သာလန်သို့ သွားမည်မဟုတ်ပေ။
သူ၏ စစ်ကောင်စီကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရက်တစ်မြန်မာ နိုင်ငံသစ်ဖြင့် အစားထိုးလျှင် မိမိတို့သည် ပြည်တွင်းတရားခွင် လုပ်နိုင်ရန် နိုင်ငံတကာခုံရုံးကို ဆန့်ကျင်သင့်သည်။ ထိုအခြေအနေတွင် မင်းအောင်လှိုင်သည် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုထက် လွန်စွာ ပိုမိုများပြားသည့် ယုတ်မာရိုင်းစိုင်းမှုများကို ဖြေရှင်းရမည်ဖြစ်သည်။

စစ်ကောင်စီသည် နိုင်ငံအနှံ့အပြားတွင် အာဏာရနေသေးပြီး တရုတ်၏ ထောက်ခံမှုရနေချိန်တွင် မင်းအောင်လှိုင်ကို ICC ရှိရာ သည်ဟိဂ်သို့ ဆွဲခေါ်မရပေ။စစ်ကောင်စီသည် နိုင်ငံအနှံ့အပြားတွင် အာဏာရနေသေးပြီး တရုတ်၏ ထောက်ခံမှုရနေချိန်တွင် မင်းအောင်လှိုင်ကို ICC ရှိရာ သည်ဟိဂ်သို့ ဆွဲခေါ်မရပေ။
စစ်ကောင်စီက တော်လှန်ရေးအင်အားစုများကို ချေမှုန်းပြီး ပြည်တွင်းစစ် အဆုံးသတ်သွားလျှင်ပင် မင်းအောင်လှိုင်သည် ဆန္ဒအလျောက် နယ်သာလန်သို့ သွားမည်မဟုတ်ပေ။
သူ၏ စစ်ကောင်စီကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရက်တစ်မြန်မာ နိုင်ငံသစ်ဖြင့် အစားထိုးလျှင် မိမိတို့သည် ပြည်တွင်းတရားခွင် လုပ်နိုင်ရန် နိုင်ငံတကာခုံရုံးကို ဆန့်ကျင်သင့်သည်။ ထိုအခြေအနေတွင် မင်းအောင်လှိုင်သည် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုထက် လွန်စွာ ပိုမိုများပြားသည့် ယုတ်မာရိုင်းစိုင်းမှုများကို ဖြေရှင်းရမည်ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ မူလာဘိုရှိ ယာယီခိုလှုံရေးစခန်းတွင် တဦးနှင့်တဦး နှစ်သိမ့်နေသည့် ရိုဟင်ဂျာ ဒုက္ခသည်များ / AFP
တရုတ်က အရေးမယူ
ဖမ်းဝရမ်းထုတ်ခဲ့လျှင်ပင် ပြည်တွင်းစစ်ကို ပြောင်းလဲစေမည် မဟုတ်ပေ။ မင်းအောင်လှိုင်သည် အရေး စိုက်မည်မဟုတ်ဘဲ နိုင်ငံကို ဆင်းရဲနွမ်းပါးအောင် ပျော်ရွှင်စွာလုပ်ပြီး နိုင်ငံသားများကို နိုင်ငံပိုင်ပစ္စည်းအဖြစ် သတ်မှတ်သည့် ဗိုလ်ချုပ်များ၏ အစဉ်အလာကို ဆက်ခံမည် ဖြစ်သည်။
မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် ပထမဆုံးကြိမ်အဖြစ် လွန်ခဲ့သောလက ဖိတ်ခေါ်သည့် တရုတ်မှလွဲပြီး အခြားမည်သည့်နေရာသို့မှ သွားလိုသည့်ဆန္ဒ အမှန်တကယ် ရှိမည်မဟုတ်သလို သွားရန်လည်း မလိုပေ။
တရုတ်သည် ICC အဖွဲ့ဝင် မဟုတ်သောကြောင့် ထိုဖမ်းဝရမ်းကို အကောင်အထည်ဖော်မည် မဟုတ်ပေ။ အရှေ့တောင်အာရှတွင် ကမ္ဘောဒီယားနှင့် အရှေ့တီမောတို့သာ ရောမ သဘောတူညီချက်ကို လက်မှတ်ထိုးထားကြသောကြောင့် မင်းအောင်လှိုင်သည် အခြား ကိုးနိုင်ငံအနက် မည်သည့်နိုင်ငံသို့မဆို သွားရောက်နိုင်ပြီး လက်ဖျားဖြင့်ပင် အတို့ခံရမည့် အခြေအနေမရှိပေ။
ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခြင်း၏ အရေးပါမှုသည် အများပြည်သူ “အာရုံကျမှု” ဖြစ်သည်ဟု ပြောကောင်း ပြောနိုင်သည်။ ထိုအမြင်သည် အရှေ့တောင်အာရှအတွက် ဆိုးရွားသောအမြင် ဖြစ်သည်မှာ သေချာသည်။
ထိုတောင်းဆိုမှုကြောင့် မြန်မာနှင့်ပတ်သက်သည့် အများပြည်သူအာရုံကျမှုကို မည်သို့ပြောင်းစေမည်နည်း။
ထို့ကြောင့် အမှန်တရားကို အကြိမ်ကြိမ် မပြောလျှင် အလိမ်အညာများ ဖုံးလွှမ်းသွားမည့် အန္တရာယ်ရှိသည်။
ထို့ပြင် ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် စစ်တပ်၏ ရာဇဝတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ ထိုကိစ္စသည် “လူမျိုးစုသုတ်သင်မှု ဖတ်စာအုပ်” ဥပမာဖြစ်သည်ဟု ကုလသမဂ္ဂက ပြောသည်။ အမေရိကန် ပြည်ထောင်စုက ထိုကိစ္စသည် “လူမျိုးတုံးသတ်ဖြတ်မှု” ဖြစ်သည်ဟု ၂၀၂၂ ခုနှစ်တွင် ပြောသည်။
လူမျိုးတုံးသတ်ဖြတ်မှုမှ ဆယ်စုနှစ်တခုနီးပါးနှင့် အာဏာသိမ်းပြီးနောက် သုံးနှစ်အကြာတွင် မင်းအောင်လှိုင်သည် လူကောင်းမဟုတ်ကြောင်း ဆုံးဖြတ်ရန် လိုအပ်နေသေးသည်ဆိုပါက ICC သည် လက်ထဲရှိ အထောက်အထားများကို ရည်ရွယ်ချက်ချက်ရှိရှိ မမြင်ယောင်ဆောင်နေခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ်ကတည်းက ပြည်ပအစိုးရအများစုသည် စစ်ကောင်စီကို ထောက်ခံမည်၊ မခံမည်ကို မဆုံးဖြတ်မီ ICC ဖမ်းဝရမ်းကဲ့သို့သော တစုံတခုကို စောင့်မျှော်ရင်း ခြံစည်းရိုးခွထိုင်နေကြသကဲ့သို့ လုပ်မည်မဟုတ်ပေ။
ICC တရားစွဲရှေ့နေ၏ ဆုံးဖြတ်ချက်သည် မင်းအောင်လှိုင်နှင့် သူ၏ စစ်ကောင်စီကို မိတ်ဆွေနိုင်ငံများအကြား အထီးကျန်စေမည် မဟုတ်သလို စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို မိတ်ဆွေ မဟုတ်သောနိုင်ငံများမှ သွေးစည်းခိုင်မာမှုကိုလည်း ပိုမိုဖြစ်ပေါ်စေမည် မဟုတ်ပေ။ICC တရားစွဲရှေ့နေ၏ ဆုံးဖြတ်ချက်သည် မင်းအောင်လှိုင်နှင့် သူ၏ စစ်ကောင်စီကို မိတ်ဆွေနိုင်ငံများအကြား အထီးကျန်စေမည် မဟုတ်သလို စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို မိတ်ဆွေ မဟုတ်သောနိုင်ငံများမှ သွေးစည်းခိုင်မာမှုကိုလည်း ပိုမိုဖြစ်ပေါ်စေမည် မဟုတ်ပေ။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် သတင်းစာရှင်းလင်း ပြုလုပ်နေသည့် ICC တရားစွဲရှေ့နေ မစ္စတာ ကာရင်မ် ခန်း / AP
ကမ္ဘာ့စိတ်ဝင်စားမှု လျော့ကျနေ
ဖမ်းဝရမ်းတောင်းဆိုမှုသတင်း ထွက်လာသောအခါ ရောမ သဘောတူစာချုပ် လက်မှတ်ထိုးမထားသော တရုတ်က ပုခုံးတွန့်ခဲ့ပါသလား။ နိုင်ငံတကာတရားရုံးတခုက မင်းအောင်လှိုင်ကို တရားစွဲနိုင်သောကြောင့် ရောမ သဘောတူစာချုပ် လက်မှတ်ရေးထိုးမထားသည့် အမေရိကန် ပြည်ထောင်စုက စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို သင့်တင့်လျောက်ပတ်သော လက်နက်ခဲယမ်း စတင်ထောက်ပံ့နေပါသလား။
ယခု ဖြုတ်ချဖမ်းဆီးခံထားရသော်လည်း ရိုဟင်ဂျာများကို စစ်တပ်က သတ်ဖြတ်စဉ် အရပ်သားအစိုးရခေါင်းဆောင် ဖြစ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ICC တရားစွဲရှေ့နေသည် ဖမ်းဝရမ်းထုတ်ရန် ပျက်ကွက်သည်။ ထိုအမှုသည် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၂၀၁၇ ခုနှစ်က သည်ဟိဂ်သို့ သွားရောက် ခုခံကာကွယ်ခဲ့သည့်အမှု ဖြစ်သည်။
ထိုပြဿနာနှင့် ပတ်သက်သည့် ကမ္ဘာ့အမြင်သည်လည်း အားတက်စရာ မကောင်းပေ။
“ICC စုံစမ်းစစ်ဆေးမှုအတွက် စိတ်အားထက်သန်မှုသည် အနိမ့်ဆုံးဖြစ်နေကြောင်း” ပြီးခဲ့သည့် ဇွန်လတွင် ရိုဟင်ဂျာ လူမှုအသိုက်အဝန်းဝင်များက ICC တရားခွင်မတိုင်မီ ရုံးချိန်းတွင် စိတ်ပျက်ကြောင်း ဖော်ပြသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊
ဘန်ဒါအာချေးရှိ ယာယီခိုလှုံရေးစခန်းတွင် ကုလသမဂ္ဂ
ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) အဖွဲ့ဝင်များနှင့်
တွေ့ဆုံနေသည့် ရိုဟင်ဂျာ ဒုက္ခသည်တဦး / AFPအချိန်အခါ မကိုက်
ယခု ICC တရားစွဲရှေ့နေက ဖမ်းဝရမ်းတောင်းဆိုမှုသည် အဆိုးဆုံးအချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ရက်သတ္တပတ်အနည်းငယ် မတိုင်မီက ထိုနိုင်ငံတကာတရားရုံးသည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် သူ့အစိုးရအဖွဲ့ဝင် အများအပြားအတွက် ဖမ်းဝရမ်းထုတ်ခဲ့သည်။
ICC သည် သြဇာမရှိသည့်အဖွဲ့အစည်း ဖြစ်သည်။ မော်စကိုနှင့် အခြား အာဏာရှင်နိုင်ငံများသာမက အနောက်တိုင်းနိုင်ငံ အချို့တွင်လည်း အပယ်ခံဖြစ်သည်။
နေတန်ယာဟုအတွက် ဖမ်းဝရမ်းကို အမေရိကန် ပြည်ထောင်စုက ပယ်ချထားပြီဖြစ်ပြီး ရီပတ်ဘလစ်ကန် အချို့က နေတန်ယာဟုကို ဖမ်းဆီးရာတွင် ကူညီသည့် မည်သည့်နိုင်ငံကိုမဆို အရေးယူပိတ်ဆို့ချင်နေကြသည်။
အစ္စရေးသည် ICC အဖွဲ့ဝင် မဟုတ်သောကြောင့်လည်း နေတန်ယာဟု ဖမ်းဝရမ်းကို လိုက်နာမည် မဟုတ်ကြောင်း ပြင်သစ်အစိုးရက ပြောသည်။
သို့သော် မြန်မာသည်လည်း ရောမ စာချုပ်အဖွဲ့ဝင် မဟုတ်သောကြောင့် ပြင်သစ်သည် မင်းအောင်လှိုင်ကို အနောက်တိုင်း ကျောထောက်နောက်ခံပြု ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးနေပါသလား။
၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် ၇၉
ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် တွေ့ရသည့် စစ်ခေါင်းဆောင်
မင်းအောင်လှိုင် / AP
ဖမ်းဝရမ်းတောင်းဆိုမှုသတင်း ထွက်လာသောအခါ ရောမ သဘောတူစာချုပ် လက်မှတ်ထိုးမထားသော တရုတ်က ပုခုံးတွန့်ခဲ့ပါသလား။ နိုင်ငံတကာတရားရုံးတခုက မင်းအောင်လှိုင်ကို တရားစွဲနိုင်သောကြောင့် ရောမ သဘောတူစာချုပ် လက်မှတ်ရေးထိုးမထားသည့် အမေရိကန် ပြည်ထောင်စုက စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို သင့်တင့်လျောက်ပတ်သော လက်နက်ခဲယမ်း စတင်ထောက်ပံ့နေပါသလား။
ယခု ဖြုတ်ချဖမ်းဆီးခံထားရသော်လည်း ရိုဟင်ဂျာများကို စစ်တပ်က သတ်ဖြတ်စဉ် အရပ်သားအစိုးရခေါင်းဆောင် ဖြစ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ICC တရားစွဲရှေ့နေသည် ဖမ်းဝရမ်းထုတ်ရန် ပျက်ကွက်သည်။ ထိုအမှုသည် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၂၀၁၇ ခုနှစ်က သည်ဟိဂ်သို့ သွားရောက် ခုခံကာကွယ်ခဲ့သည့်အမှု ဖြစ်သည်။
ထိုပြဿနာနှင့် ပတ်သက်သည့် ကမ္ဘာ့အမြင်သည်လည်း အားတက်စရာ မကောင်းပေ။
“ICC စုံစမ်းစစ်ဆေးမှုအတွက် စိတ်အားထက်သန်မှုသည် အနိမ့်ဆုံးဖြစ်နေကြောင်း” ပြီးခဲ့သည့် ဇွန်လတွင် ရိုဟင်ဂျာ လူမှုအသိုက်အဝန်းဝင်များက ICC တရားခွင်မတိုင်မီ ရုံးချိန်းတွင် စိတ်ပျက်ကြောင်း ဖော်ပြသည်။
တရားစွဲရှေ့နေများသည် ဖမ်းဝရမ်းတောင်းဆိုခြင်းကို ၂၀၁၇ ခုနှစ်က စတင်ခဲ့သင့်သော်လည်း ICC သည် စုံစမ်းစစ်ဆေးမှုကို ၂၀၁၉ ခုနှစ်မှသာ စတင်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းသည့်အချိန်တွင် ထိုကိစ္စသည် လွန်စွာ နောက်ကျသွားပြီ ဖြစ်သည်။တရားစွဲရှေ့နေများသည် ဖမ်းဝရမ်းတောင်းဆိုခြင်းကို ၂၀၁၇ ခုနှစ်က စတင်ခဲ့သင့်သော်လည်း ICC သည် စုံစမ်းစစ်ဆေးမှုကို ၂၀၁၉ ခုနှစ်မှသာ စတင်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းသည့်အချိန်တွင် ထိုကိစ္စသည် လွန်စွာ နောက်ကျသွားပြီ ဖြစ်သည်။

ယခု ICC တရားစွဲရှေ့နေက ဖမ်းဝရမ်းတောင်းဆိုမှုသည် အဆိုးဆုံးအချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ရက်သတ္တပတ်အနည်းငယ် မတိုင်မီက ထိုနိုင်ငံတကာတရားရုံးသည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် သူ့အစိုးရအဖွဲ့ဝင် အများအပြားအတွက် ဖမ်းဝရမ်းထုတ်ခဲ့သည်။
ICC သည် သြဇာမရှိသည့်အဖွဲ့အစည်း ဖြစ်သည်။ မော်စကိုနှင့် အခြား အာဏာရှင်နိုင်ငံများသာမက အနောက်တိုင်းနိုင်ငံ အချို့တွင်လည်း အပယ်ခံဖြစ်သည်။
နေတန်ယာဟုအတွက် ဖမ်းဝရမ်းကို အမေရိကန် ပြည်ထောင်စုက ပယ်ချထားပြီဖြစ်ပြီး ရီပတ်ဘလစ်ကန် အချို့က နေတန်ယာဟုကို ဖမ်းဆီးရာတွင် ကူညီသည့် မည်သည့်နိုင်ငံကိုမဆို အရေးယူပိတ်ဆို့ချင်နေကြသည်။
အစ္စရေးသည် ICC အဖွဲ့ဝင် မဟုတ်သောကြောင့်လည်း နေတန်ယာဟု ဖမ်းဝရမ်းကို လိုက်နာမည် မဟုတ်ကြောင်း ပြင်သစ်အစိုးရက ပြောသည်။
သို့သော် မြန်မာသည်လည်း ရောမ စာချုပ်အဖွဲ့ဝင် မဟုတ်သောကြောင့် ပြင်သစ်သည် မင်းအောင်လှိုင်ကို အနောက်တိုင်း ကျောထောက်နောက်ခံပြု ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးနေပါသလား။

ICC သည် ပထမတန်း ကမ္ဘာ့ခေါင်းဆောင်များ၏ ပြစ်မှုများကို လျစ်လျူရှုကာ ဆင်းရဲပြီး နိုင်ငံတကာတွင် အားနည်းသည့် ခေါင်းဆောင်များကိုသာ အရေးယူသည်ဆိုသည့် ဝေဖန်မှုများမှ ကင်းလွတ်အောင် ကြိုးစားနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
ကံမကောင်း အကြောင်းမလှစွာပင် ရက်သတ္တပတ် အနည်းငယ်အတွင်း အစ္စရေးနှင့် မြန်မာခေါင်း ဆောင်များကို တရားစွဲရန် ကြိုးစားခြင်းဖြင့် ICC တရားရုံးသည် ထိုစိတ်ဒဏ်ရာကို ဖယ်ရှားရာတွင် အောင်မြင်သော်လည်း ယုံကြည်နိုင်မှုနှင့် လုပ်ပိုင်ခွင့် ဆုံးရှုံးသည်။
(RFA ပါ David Hutt ၏ An ICC arrest warrant for Myanmar junta chief is too little, too late ကို ဘာသာပြန်သည်။ ဒေးဗစ်ဟတ်သည် အာရှလေ့လာရေး ဗဟိုဥရောပ အင်စတီကျု (CEIAS) မှ သုတေသီနှင့် The Diplomat တွင် အရှေ့တောင်အာရှ ပင်တိုင်ဆောင်းပါးရှင် ဖြစ်သည်။)
You may also like these stories:

- ICC ရှေ့နေချုပ်က မင်းအောင်လှိုင်ကို ဘာကြောင့် ဖမ်းဝရမ်းထုတ်စေချင်သလဲ
- စစ်ကောင်စီ၏ သတ်ဖြတ်မှုများကို ICC တင်ရန် CRPH လမ်းရှာနေ
- မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း တောင်းဆိုမှု နောက်ဆက်တွဲ ဘာတွေ အသုံးချသင့်သလဲ
- ကမ္ဘာမှာ သတ်မှတ်ထားတဲ့ ရာဇဝတ်မှုတွေ စစ်ကောင်စီက ကျူးလွန်နေတာဖြစ်တယ်
- မြန်မာကို စွဲဆိုသည့် လူမျိုးတုံးသတ်ဖြတ်မှုတွင် ဥရောပ ၅ နိုင်ငံနှင့် ကနေဒါတို့ ဂမ်ဘီယာနှင့် ပူးပေါင်းမည်
- မြန်မာ့အရေး ကမ္ဘာက မေ့ထားတာ ပိုကောင်းနိုင်သည်
No comments:
Post a Comment