၂၀၂၁ ခုနှစ်၊ ဧပြီ ၉ ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီ ၉ ရက်နေ့မှာ ယူကေနိုင်ငံက ကမကထပြု ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ Arria Formula အစည်းအဝေးမှာ မြန်မာအရပ်ဘက် အဖွဲ့အစည်းများ ကိုယ်စား စိုင်းစမ်ခမ်း တင်ပြခဲ့တဲ့ “မြန်မာပြည်သူများ၊ တိုင်းရင်း သားများနှင့် လူမျိုးဘာသာအရ လူနည်း စုဖြစ်သူများ ရင်ဆိုင်နေရသည့် အာ ဏာသိမ်းပြီးနောက် အခြေအနေများအပေါ် သုံးသပ်ချက်” (မြန်မာပြန် အစအဆုံး)
(ပေးထားတဲ့အချိန် မလောက်မှာ စိုးရိမ်လို့ မဖော်ပြလိုက်ရတဲ့ ကိစ္စရပ်တွေနဲ့ သူရဲကောင်းတွေရဲ့ အကြောင်း တွေ ကျန်ခဲ့တဲ့ အတွက် ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။ ကိုကေဇဝင်းက နှစ်သက်လို့ တင်ထားခဲ့တဲ့ မောင်ရေ ချမ်းရဲ့ကဗျာကို ကေဇဝင်းရဲ့ ကဗျာလို့ မှားယွင်းဖော်ပြမိတဲ့အတွက် ကဗျာဆရာ မောင်ရေချမ်းကိုလည်း တောင်းပန်ပါတယ်)
သဘာပတိကြီးနဲ့တကွ လူကြီးမင်းအပေါင်းတို့ခင်ဗျာ၊
မြန်မာ့အရေးနဲ့ စပ်လျဉ်းပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကျင်းပတဲ့ အာရီယာ ဖော်မြူလာ အစည်းအဝေး မှာ ခုလို တင်ပြခွင့်ရတဲ့အတွက် ဂုဏ်ယူတဲ့အကြောင်း အရင်ဆုံး ပြောချင်ပါတယ်။ လူနည်းစု လူမျိုးဘာသာ တွေ အပါ အဝင် ဒီမိုကရေစီအရေး ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ် ချက်တွေအကြောင်းကို ကျနော် တင်ပြပါမယ်။ အခုတင်ပြချက်ဟာ ကျနော် အရင်က လက်တွဲ လုပ် ကိုင်ခဲ့တဲ့ လူတွေ၊ အဖွဲ့အစည်းတွေရဲ့ သဘောထားနဲ့ ဘာမှ ပတ်သက်မှု မရှိဘဲ မြန်မာနိုင်ငံသား တယောက်အနေနဲ့ တင်ပြ မယ့် ကျနော့ရဲ့ ပုဂ္ဂလိက သုံးသပ်ချက်သာ ဖြစ်တဲ့အကြောင်းကိုလည်း ပြောလိုပါတယ်။
ဥပဒေနဲ့ မညီတဲ့ စစ်အာဏာသိမ်းယူမှု ၃ လ ကြာတဲ့အခါမှာ ပြည်သူပေါင်း ၂၈၀၀ ကျော်ကို ဖမ်းဆီးခဲ့တဲ့အပြင် ၅၀၀ ကျော်ဟာ တရားစွဲဆို ခံနေရပြီး တချို့ကတော့ ပုန်းအောင်းနေကြရပါတယ်။ လက်နက်မဲ့ပြည်သူ ၆၀၀ ကျော်ဟာ လမ်းတွေ ပေါ်မှာ၊ အိမ်တွေထဲမှာ သတ်ဖြတ်တာ ခံခဲ့ကြရပါတယ်။ အများစုဟာ ခေါင်းနဲ့ နောက် ကျောတွေကိုတမင် ပစ်ပြီး အသတ်ခံခဲ့ကြရပါတယ်။ ဗုံးသီးတွေနဲ့လည်း ပစ်ခတ်ခံခဲ့ကြရပါတယ်။ အာဏာ သိမ်း စစ်ကောင်စီရဲ့ အမိန့်ပေးစေခိုင်းမှု အောက်က စစ်သားနဲ့ ရဲတွေဟာ တရားလက်လွတ် သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လုယက်ခြင်းတွေကို အပြစ်ပေး အရေးယူခံရမှာ ကြောက်စရာ လုံးဝမလိုဘဲ စိတ်ထင် တိုင်း ကျူးလွန်နေကြပါတယ်။
၇ နှစ်အရွယ် သမီးလေး ခင်မျိုးချစ်က စလို့ ကျဆုံးသွားခဲ့တဲ့ ပြည်သူတွေဟာ စာရွက်ပေါ်က ကိန်းဂဏန်း၊ စာ ရင်း ဇယားတွေ မဟုတ်ပါဘူး။ သူတို့မှာ နာမည်တွေ ရှိကြပြီး သူတို့ကို သိပ်ချစ်တဲ့ မိသားစုတွေလည်း ရှိကြပါ တယ်။ အသက် ၂၀ အရွယ် မတင်ဇာဟိန်းဟာ မုံရွာမြို့က သူနာပြုကျောင်းသူ တယောက် ဖြစ်ပြီး လူတွေ အ သက်ကိုကယ် ဖို့အတွက် ရှေ့ တန်းကို နေ့တိုင်းထွက်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် အိန်ဂျယ်ကတော့ မန္တလေးသူ တရုတ်အမျိုး သမီးလေး ဖြစ်ပြီး သူ သာ သတ်ခံခဲ့ရရင် သူ့ခန္ဓာကိုယ်ကို ဆေးသုတေသနအတွက် လှူဒါန်းပါတယ်လို့ ရေးခဲ့ပါတယ်။ အသက် ၂၀ အရွယ် ဆိုမိုင် ယာ ပန်းမြတ်ချယ်ကတော့ မြင်းခြံက မူဆလင် အမျိုးသမီးလေး ဖြစ်ပြီး ဆန္ဒပြနေသူတွေကို မီးခိုးဗုံးနဲ့ ရာဘာကျည်တွေရန် ကနေ ကာကွယ်ပေးဖို့ ရှေ့တန်း ခံစစ်စည်းမှာ နေ့စဉ် ရပ်ခဲ့ပါတယ်။ သူကိုင်ခဲ့တဲ့ ကတ္ထူပြားပေါ်မှာ ''ပစ်ရင်ပြေးမယ်၊ ဒီနေ့ မသေရင် မနက်ဖြန် ပြန်လာမယ်'' လို့ ရေးထားခဲ့ပါတယ်။ ကေဇဝင်းကတော့ မုံရွာက အသက် ၃၉ နှစ်အရွယ် ကဗျာဆရာ တ ယောက်ဖြစ်ပြီး ကျောင်းသားသမဂ္ဂအဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ သူနောက်ဆုံး ဖော်ပြခဲ့တဲ့ ကဗျာကတော့၊
"လူငယ်တွေရဲ့သီချင်းသံ" သာ ကျယ်လောင်လာရင်
ကမ္ဘာကြီးတခုလုံး သန့်စင်သွားလိမ့်မယ်၊
"လူငယ်တွေရဲ့သီချင်းသံ"အောက်
မတရားမှုပေါင်းများစွာ ရှက်ရွံ့ကြရလိမ့်မယ်။
ဒီလူတွေဟာ လွတ်လပ်တဲ့ ဒီမိုကရက်တစ် မြန်မာနိုင်ငံ ဖြစ်လာဖို့ ကြေကွဲစရာ အဆုံးစွန် ပေးဆပ်ခဲ့ကြတဲ့၊ ကိုယ် ကျိုးစွန့် အနစ်နာခံခဲ့ကြတဲ့ သတ္တိရှင် သူရဲကောင်းတွေ အများကြီးထဲက တချို့မျှသာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံတ ဝှမ်းလုံးနဲ့ ရန်ကုန်မြို့က လမ်းတွေမှာ အခုချိန်ဆိုရင် ပိတောက်ပန်းတွေ ဝေဝေဆာဆာ ပွင့်နေကြပါ ပြီ။ လူများစု ဗုဒ္ဓဘာသာတွေနဲ့ မြန်မာ့နှစ်သစ်ရဲ့ အမှတ်သင်္ကေတလည်း ဖြစ်ပါတယ်။ ပိတောက်ပန်းတွေကို မပွင့် ပါနဲ့လို့ ဘယ်သူကမှ တားလို့ မရသလို လွတ်လပ်ရေးနဲ့ ဒီမိုကေရစီဟာ အသက်ပေးရလောက်အောင် တန်ဖိုး ရှိတယ်လို့ ခံယူထား ကြတဲ့ လူငယ်တွေရဲ့ ယုံကြည်ချက်ကိုလည်း ဘယ်သူကမှ တားလို့မရပါဘူး။ ၂၀၁၁ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်ကြား၊ စစ်တပ်က အကွက်ချပြီး ကစားထားတဲ့ ဒီမိုကေရစီ အကူးအပြောင်း ကာလ မှာ မြန် မာပြည်သူတွေဟာ မျှော်လင့်ချက်တွေ ရှင်သန်ခြင်းနဲ့အတူ အကန့်အသတ်ရှိတဲ့ လွတ်လပ်မှုကို ခံစားတွေ့ ကြုံခဲ့ကြ ရပါတယ်။ သူတို့ဟာ သူတို့အခွင့်အရေးကို ဘယ်တော့မှ အဆုံးရှုံးခံမှာ မဟုတ်ပါဘူး။ အကြမ်းဖက် စစ်အာဏာရှင်ဖြစ်ဖြစ်၊ သူ့ကို ထောက်ခံကြတဲ့ ဘယ်နိုင်ငံကြီးပဲဖြစ်ဖြစ် လူပေါင်း ၅၃ သန်းရဲ့ သန္နိဋ္ဌာန်ကို ဖျက် ဆီးပစ်နိုင်တဲ့ အစွမ်းသတ္တိ မရှိပါ ဘူး။ နွေဦးတော်လှန်ရေးကို အနောက်တိုင်းက လှုံ့ဆော်လို့ဖြစ်လာတဲ့ အ ကြမ်း ဖက် အုံကြွမှုလို့ ပုံဖျက်ပြောဆိုနေတာတွေ ဟာ အထက်စီးဆန်ပြီး မြန်မာပြည်သူတွေရဲ့ ဆင်ခြင်တုံ တ ရား၊ အသိဉာဏ်နဲ့ အစွမ်းသတ္တိကို စော်ကားနေတာပဲ ဖြစ်ပါ တယ်။ ဒီလို အဓိပ္ပာယ် မရှိတဲ့ စွပ်စွဲချက်တွေကို ကျနော်တို့ လုံးဝ သည်းခံမှာ မဟုတ်ပါဘူး။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တွန်းလှန်ရတာဟာ ကြေးကြီးလှပါတယ်။ မကြာသေးခင် ရက်ပိုင်းက အာ ဏာ သိမ်း စစ်ကောင်စီဟာ ကရင်ပြည်နယ်အတွင်းမှာ အရပ်သားနဲ့ လက်နက်ကိုင် ခွဲခြားမှု မရှိဘဲ မြင်မြင် သမျှလေ ယာဉ်နဲ့ ဗုံး ကြဲ တိုက်ခိုက်ခဲ့ပါတယ်။ အရပ်သား အမြောက်အမြား သေဆုံးခဲ့ကြပြီး ကျောင်းတွေ၊ အိုး အိမ်၊ ဥစ္စာပစ္စည်းတွေ ပျက်စီး ဆုံးရှုံးခဲ့ကြရပါတယ်။ လူပေါင်း ၂၀၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး လုံခြုံဘေးကင်းရာကို ဝင်ပြီး ခိုလှုံလို့ မရ အောင် ထိုင်းအစိုးရက တားဆီးပိတ်ပင်ခဲ့ပါတယ်။
ဒီလိုဖြစ်ရပ်မျိုးတွေကို ကချင်၊ ရှမ်းနဲ့ တအာင်းလူမျိုးတွေလည်း ရင် ဆိုင် တွေ့ကြုံခဲ့ရပါတယ်။ မြို့ပေါ်ေ နသူ တွေအဖို့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခုချိန်မှာ မျက်မြင် ကြုံနေကြရ တာဖြစ်ပေမဲ့ လူမျိုးဘာသာ လူနည်းစုတွေနဲ့ တိုင်းရင်းသားတွေ ကြုံကြရတာ နှစ်ပေါင်း ၇၀ ကျော် ကြာခဲ့ပြီဖြစ်ပြီး အတော မသတ်နိုင်သေး တဲ့ အိပ်မက်ဆိုးတွေပဲ ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းဟာ နေရာဒေသနဲ့ အချိန်ကာလကို လိုက်ပြီး သက်ရောက်မှု အထူအပါး မတူညီခဲ့ပါဘူး။ မြို့ပြတွေမှာ အရပ်ဘက် ဒီမိုကရေစီ လမ်းကြောင်းတွေ ရပ်ဝန်းတွေ ပေါ်ထွက်လာပေမဲ့ ကချင်၊ ရှမ်းနဲ့ အာရကန်ဒေသက ပြည်သူသိန်းနဲ့ ချီပြီး အိုးအိမ် စွန့်ခွာခဲ့ကြရ ပါတယ်။ မြန်မာ့ ရွေး ကောက်ပွဲ ဗဟိုပြု ဒီမိုကရေစီဟာ သွေးချောင်းစီးတာကို တားမြစ်ဖို့ မစွမ်းသာခဲ့ပါဘူး။
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရတဲ့ NLD အစိုးရ လက်ထက်မှာပဲ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာလူမျိုးတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အကြမ်းဖက်ပြီး နှင်ထုတ်တာကို ခံခဲ့ကြရပါတယ်။ တငွေ့ငွေ့နဲ့ မျှင်းပြီး သတ်တဲ့ ဂျီနို ဆိုက်ဟာ ကနေ့ချိန်ထိ လောင်ကျွမ်းနေဆဲ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေရဲ့ မြေနေရာတွေကို သိမ်း ယူတာတွေ ဟာ တောက်လျှောက် ရှိ နေခဲ့ပါတယ်။ မကြာသေးခင် ရက်ပိုင်းကပဲ မောင်တောမြို့နယ်ထဲမှာ မြေဧက ၃၀၀ ကျော် သိမ်းယူမှု ရှိတယ်ဆိုတဲ့ သတင်း ကို ကြားခဲ့ရပါတယ်။ နောက်ပြီး လူမျိုးခွဲခြားပြီး ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်သိမ်းပစ် ဖို့ လိုအပ်သလို၊ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအခွင့် အ ရေး ကို ကာကွယ်ပေးဖို့နဲ့ အရင်ကတည်းက နိုင်ငံသား ဖြစ်ပြီးသူတွေကို နိုင်ငံသားအဖြစ် ပြန်ပြီး အသိအမှတ် ပြုပေးနိုင်ဖို့ ရှင်းလင်းတဲ့ လုပ်ငန်းစဉ်တွေကို ဖော်ဆောင်ဖို့ လိုပါတယ်။
မြန်မာစစ်တပ်ဟာ ဂျီနိုဆိုက်၊ စစ်ရာဇဝတ်မှုနဲ့ လူသားဖြစ်တည်ခြင်းအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပြစ် ဒဏ်ပေးခြင်း မခံရဘဲ ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်နေခဲ့ပါတယ်။ အပြစ်ရှိသူတွေကို တာဝန်ယူဖို့ ပြစ်ဒဏ် ပေးဖို့ ထပ်ခါတလဲလဲ တောင်းဆိုခဲ့တဲ့ တောင်းဆိုချက်တွေဟာ မသိကျိုးကျွန် ပြုတာကိုသာ ခံခဲ့ရပါတယ်။ အ ပြစ်မဲ့ပြည်သူတွေ အသက်ဆုံးရှုံးတာ ထပ်မဖြစ်ဖို့နဲ့ အထပ်ထပ်အဖန်ဖန် ကျူးလွန်နေတဲ့ ရက်စက် ကြမ်းကြုတ် တဲ့ စစ်ရာဇဝတ်မှုတွေကို အဆုံးသတ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ နှင်းအပ်ခံထားရတဲ့ တာဝန် ရှိရုံ သာမက ကိုယ်ကျင့်တရားအရ တား ဆီးရမယ့် ဝတ္တရားလည်း ရှိနေပါတယ်။
တလောက အရပ်ဘက်အဖွဲ့အစည်းပေါင်း ၄၈၈ ဖွဲ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို လက်မှတ်ရေးထိုး တင်ပြ ထားတဲ့ တောင်းဆိုချက် ၃ ခုကို တခါပြန် တင်ပြပါရစေခင်ဗျာ။
၁။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများနဲ့ နိုင်ငံတဝှမ်းက အန္တရာယ်ကျရောက်နေတဲ့ လူနည်းစုလူမျိုးများနဲ့ တိုင်းရင်းသား တွေကို စစ် အာဏာရှင်တွေ အကြမ်းဖက် တိုက်ခိုက်နေတာတွေကို အကာအကွယ်ပေးဖို့၊ နောက်ထပ် သွေး မြေကျ သတ်ဖြတ်ခံရမယ့် ဖြစ်ရပ်တွေကို ကာကွယ်တားဆီးနိုင်ဖို့နဲ့ မတရားဖမ်းဆီးချုပ်နှောင်ထားသူ အားလုံး လွတ်မြောက်စေဖို့အတွက် “မြန်မာ နိုင်ငံအတွက် အထူးအားဖြည့်ထားတဲ့ စောင့်ကြည့် ကြီးကြပ်နှိုးဆော်ရေးနဲ့ ကြားဝင်ဖြေရှင်းရေး မစ်ရှင်'' တရပ်ကို ချက် ချင်း စေလွှတ်ပေးဖို့။
၂။ မြန်မာနိုင်ငံအပေါ်ကို နိုင်ငံပေါင်းစုံက ကြိုတင် ညှိနှိုင်းထားတဲ့ လက်နက်တင်သွင်းခွင့် ပိတ်ပင်တားဆီးရေး ဆုံးဖြတ် ချက်ကို အမြန်ဆုံး ချမှတ်ပေးဖို့။
၃။ ယခင်က ကျူးလွန်ခဲ့တဲ့၊ လက်ရှိလည်း ဆက်လက် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ငံတကာ ရာဇဝတ်မှု တွေအတွက် စစ်အာဏာရှင်ကို အရေးယူနိုင်ဖို့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးကို လွှဲပြောင်းညွှန်း ပို့ ပေးဖို့။
မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေအတွက် နိုင်ငံတကာ အကူအညီကို အရေးတကြီး လိုအပ်ပါတယ်။ အ ထူးသဖြင့် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီက သေလုမတတ် လိုချင်နေတဲ့ အစိုးရတရပ်အဖြစ် အသိ အမှတ်ပြုပေးရေး ကို နိုင်ငံတကာ အစိုးရတွေအနေနဲ့ လုံးဝမလိုက်လျောမိဖို့ အထူးမေတ္တာရပ်ခံ တောင်း ဆို ပါတယ်။ ဘယ်နည်းနဲ့ အသိအမှတ် ပြုတာပဲဖြစ်ဖြစ် စစ်အာဏာရှင်နဲ့ သူ့ရဲ့ ဥပဒေနဲ့ မညီတဲ့ အုပ်ချုပ်ရေးကို တ ရားဝင်စေမှာဖြစ်ပြီး မြန်မာပြည်သူတွေကိုသာ ဒုက္ခရောက်စေမှာ ဖြစ်ပါတယ်။ လန်ဒန် မြန်မာသံရုံးကို စီး နင်း သိမ်းပိုက်လိုက်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့ စိတ်ပျက်မှုကို ပြောပြပါရစေခင်ဗျာ။
ယူကေအစိုးရအနေနဲ့ စစ်အာဏာရှင်တွေကို မြန်မာအစိုးရအဖြစ် ရည်ညွှန်းခဲ့တာဟာ မလိုအပ်တဲ့အပြင် ကံ အကြောင်းမလှတဲ့ အမှားအယွင်းတခုပဲ ဖြစ်ပါတယ်။ တကယ့်လက်တွေ့မှာ စစ်အာဏာရှင်တွေဟာ တနိုင်ငံ လုံးကို ထိန်းချုပ်အုပ်ချုပ်နိုင်တဲ့ အခြေအနေ လုံးဝမရှိတဲ့အတွက်၊ လက်ရှိကာလအတွက် အာဏာပိုင်လို့ တောင် ခေါ် ဆိုဖို့ မထိုက်တန်ပါဘူး။
မြန်မာ့ဒီမိုကရေစီရေးရုန်းကန်လှုပ်ရှားမှုတွေအပေါ် စာနာစိတ်နဲ့ တသားတည်းရပ်တည်ကြတဲ့ ပုဂ္ဂိုလ် အ ယောက် စီတိုင်းကိုသာမက အဖွဲ့အစည်းတွေ၊ သံတမန်တွေနဲ့ အစိုးရတွေကို မြန်မာပြည်သူတွေ အားလုံး ကိုယ်စား ကျနော့အနေနဲ့ ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။ စစ်တပ် ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ် ငန်းတွေကို သီးခြားပစ်မှတ်ထားပြီး စီးပွားရေးအရ ပြစ်ဒဏ်ခတ် ပိတ်ဆို့အရေးယူမယ့် စာရင်းထဲ ထည့် သွင်း ပေးတဲ့ နိုင်ငံတွေကိုလည်း ကျေးဇူးတင်ပါတယ်။ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်ပြီး လက်တွဲဖို့ ကျင့်ဝတ်အရ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အတွက် လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့နဲ့ ရှယ်ယာဝင် အ ဖြစ် က အပြီးအပြတ် နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ EDF, Scatec, DNB နဲ့ Nordea တို့လို ကုမ္ပဏီတွေကို ကျေး ဇူးတင်ကြောင်း ပြောလိုပါတယ်။ Adani Ports, POSCO, Total နဲ့ အခြားကုမ္ပဏီ တွေကိုလည်း ရှေ့က ကုမ ္ပဏီတွေရဲ့ စံနှုန်းအတိုင်း လိုက်နာပြီး ပေးဆောင်စရာ ရှိတဲ့ငွေတွေကို စစ်ကောင်စီကို မဆောင်ဘဲ ဆိုင်းငံ့ ထား ဖို့နဲ့ တပ်ပိုင်စီးပွားရေး မှန်သမျှနဲ့ အဆက်ဖြတ်ဖို့ အထူးတိုက်တွန်းပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အမြစ် တွယ်ဖို့ဆိုရင် စစ်အာဏာရှင်စနစ်ရဲ့ စီးပွားရေးနဲ့ လူမှုရေး ရေသောက်မြစ် မှန်သမျှကို အပြီးတိုင် ဖြတ်တောက် ပစ်ဖို့ လိုပါ တယ်။
ကနေ့အချိန်မှာ တိုင်းရင်းသားတွေ၊ လူမျိုးဘာသာ လူနည်းစုတွေ အပါအဝင် မြန်မာတွေအားလုံးဟာ မြန်မာ့ ဒီမို ကရေစီရေးအတွက် ကိုယ်စားပြုပေးနေတဲ့ CRPH ရဲ့ နိုင်ငံရေးဦးဆောင်မှုနောက်မှာ ခိုင်ခိုင်မာမာ ရပ်တည် ထောက်ခံပေး နေကြပါတယ်။ အမြင်သဘောထား မတူတာတွေ၊ ဆက်ပြီး ဆွေးနွေးညှိနှိုင်းရမှာတွေ၊ ပြုပြင် စရာတွေ ရှိတယ် ဆိုတာကို လည်း ကျနော့အနေနဲ့ အသိအမှတ်ပြုပါတယ်။ ဒီမိုကရေစီစံနှုန်းနဲ့ လုံးဝ မကိုက် ညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေက တခဲနက် ထောက်ခံကြပါတယ်။ ဖျက်သိမ်းပစ်ဖို့ ဆုံး ဖြတ်ချက်ကို သတ္တိရှိရှိ ချမှတ်ခဲ့တဲ့ CRPH ကို လေးစားစွာ အသိအမှတ်ပြု ဂုဏ်ပြုပါတယ်။
သဘာပတိကြီးနဲ့တကွ လူကြီးမင်းအပေါင်းတို့ ခင်ဗျာ၊ ရှမ်းတရုတ် သွေးနှောတယောက်အနေနဲ့ ဒီကနေ့မှာ ကျနော့ကိုယ်ကျနော် မြန်မာရယ်လို့ ဂုဏ်ယူမိပါတယ်။ နာကျင်စရာ ဒုက္ခတွေကြားထဲမှာပဲ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေး ကို လေးစားတန်ဖိုးထားတဲ့ မြန်မာနိုင်ငံတော်သစ်ကြီး ပေါ်ထွက်လာတာကို မြင်တွေ့နေ ရပါ တယ်။ ဖိုကြီးစိုးရေးဝါဒ၊ ဘာသာရေးအခြေခံတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒ၊ လူမျိုးရေး နှိမ်ချခြင်းနဲ့ ခွဲ ခြားဆက်ဆံခြင်းစတဲ့ အိုဟောင်းနေ ပြီဖြစ်တဲ့ တန်ဖိုး သတ်မှတ်ချက်တွေကို ဖြိုဖျက်ပစ်ဖို့ ပြည်သူတွေက စိန် ခေါ်နေကြပါပြီ။ မအိသဉ္ဇာမောင်တို့လို ငယ်ရွယ်တဲ့ အမျိုးသမီး ခေါင်းဆောင်တွေရဲ့ သတ္တိကို လူတွေက လေး စား အသိအမှတ်ပြု ချီးမွမ်းနေကြပါပြီ။ မသန်စွမ်းသူတွေအပြင်၊ လိင်စိတ်တိမ်းညွှတ်မှု မတူကြတဲ့ LGBTQ+ တွေရဲ့ သတ္တိကိုလည်း ချီးမွမ်းနေကြပါပြီ။ ဆယ်စုနှစ်ပေါင်းများစွာ ခံလာရတဲ့ သူတို့ရဲ့ဒုက္ခကို အရင် က နား မလည်ပေးခဲ့တဲ့အတွက်နဲ့၊ သူတို့အတွက် ကာကွယ်ပြောဆိုခဲ့တာ မလုပ်ခဲ့တဲ့အတွက် လူတချို့ က တိုင်း ရင်း သားတွေနဲ့ လူနည်းစု လူမျိုးစုတွေအပေါ်ကို တကယ့် စိတ်ရင်းအတိုင်း လူသိရှင်ကြား တောင်းပန် တာတွေကို မြင်ခဲ့ရပါတယ်။ အရင်က ခွဲခြားပြောဆို ဆက်ဆံခဲ့တာတွေနဲ့၊ ဂျီနိုဆိုက်နဲ့ ဘာသာရေး အကြမ်း ဖက်တာတွေ ကို မသိချင် ယောင်ဆောင်ပြီး တိတ်တိတ်နေခဲ့မိတာတွေအတွက် ရိုဟင်ဂျာ၊ မူဆလင်တွေနဲ့ အခြား ဘာသာ ရေး လူနည်းစုတွေကို ရိုး သားစွာ ဝန်ချတောင်းပန်တာတွေကိုလည်း မြင်ခဲ့ရပါတယ်။
မြန်မာတွေဟာ အတိတ်က အမှားအယွင်းတွေကို အသိအမှတ် ပြု သင်ခန်းစာယူပြီး ဝန်ချတောင်းပန်တာ၊ ဒဏ်ရာတွေကို ကုစားပြီး အနာဂတ်အတွက် ဆက်လျှောက်ကြတာ စတာတွေ ကို လုပ်ရဲတဲ့ သတ္တိနဲ့ စွမ်းရည် ရှိတယ် ဆိုတာကို သက်သေပြခဲ့ပါတယ်။ ဆက်လက်ပြီး ရဲနဲ့ စစ်သားတွေအပါအဝင် CDM မှာ ရဲရဲဝံ့ဝံ့ပါ ဝင် ခဲ့ကြတဲ့ အစိုးရဝန်ထမ်းတွေကိုလည်း ချီးကျူးဂုဏ်ပြုချင်ပါတယ်။ ရက်ရက်စက်စက် ဖြိုခွင်းနေတဲ့ကြား မှာကို သူတို့တွေဟာ ဇွဲခတ်ပြီး အလျော့မပေးစတမ်း ဆင်နွဲနေကြပါတယ်။ CDM လှုပ်ရှားမှုကို စတင်ခဲ့ကြရုံ သာ မ ကဘဲ ရှေ့တန်းမှာ ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်ဆယ်ပေးနေကြတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာ ရေးဝန်ထမ်းတွေရဲ့ ကျေးဇူးကို မြန်မာပြည်သူတွေ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူးခင်ဗျာ။
ဆန္ဒပြပွဲတွေရဲ့ အစပိုင်းမှာ မြန်မာပြည်သူတွေဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ လက်တွေ့ကျတဲ့ ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်မှုကို မျှော်လင့်ခဲ့ကြပါတယ်။ မျှော်လင့်ချက်တချို့ဟာ လက်တွေ့မကျဘူးဆိုတာကို သိ ပေမဲ့ နိုင်ငံ တချို့နဲ့ အဖွဲ့အစည်းတချို့ဟာ နိုင်ငံတကာဥပဒေတွေရဲ့ ပြဋ္ဌာန်းချက်နဲ့အညီ နှင်းအပ်ထားတဲ့ တာ ဝန်တွေကို မကျေပွန်တဲ့ အပြင် လူ့ကျင့်ဝတ်အရ လိုက်နာကျင့်သုံးရမယ့် တာဝန်တွေကိုလည်း မယူဘဲ ရှောင် တိမ်းနေတယ်ဆိုတာကို တွေ့နေရပါ တယ်။ တိကျပြတ်သားတဲ့ နိုင်ငံတကာ အရေးယူ ဆောင်ရွက်မှုတွေကို မြန်မာပြည်သူတွေက တောင်းဆိုနေကြတဲ့အချိန်မှာ နိုင်ငံတချို့က မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး ပိတ်ဆို့တားဆီးနေတဲ့အပေါ် မြန်မာတွေဟာ စိတ်ပျက်ရုံမကဘဲ စော်ကားနေတယ်လို့ သဘောထားကြပါ တယ်။
ဒီလို ဆန့်ကျင်ပိတ်ဆို့တဲ့အတွက် ပျက်သွားတဲ့ ဆက်ဆံရေးဟာ ပြန်လည် ပြုပြင်လို့ မရတော့တဲ့ အေ နအ ထားမျိုး ဖြစ်ပါတယ်။ အရေးယူလို့ မရအောင် ပိတ်ဆို့တားဆီးနေတဲ့ နိုင်ငံတွေက ရောင်းပေး ထားတဲ့ လက် နက်တွေကို သွားကြားထဲပါမချန် လက်နက်တပ်ဆင်ထားတဲ့ ကြမ်းကြုတ်လှတဲ့ စစ်အာဏာရှင်တွေကို လက် နက် မပါဘဲ တကိုယ်ထီးထီး ရင်ဆိုင်ဖို့ ပစ်ထားခံရတယ်လို့ မြန်မာပြည်သူတွေ ခံစားနေရပါတယ်။
ဒါပေမဲ့ တဖက်မှာကျပြန်တော့ ကိုယ့်အားကိုယ်ကိုးရမယ်ဆိုတဲ့ အသိက မြန်မာပြည်သူတွေကို ဘယ်လို အ နာဂတ် မျိုးကို လိုချင်တာလဲ၊ ဘယ်နည်းနဲ့ တိုက်ယူကြမှာလဲဆိုတဲ့ သန္နိဋ္ဌာန်ကို ပိုခိုင်မာလာစေပါတယ်။ မြန် မာတွေဟာ ဘယ် အာဏာရှင်ကိုမှ လက်မခံဘူး၊ ဘယ်အတုအယောင် ဒီမိုကရေစီကိုမှ လက်မခံဘူးဆို တာ ကို ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားကြပါ တယ်။ သူတို့ဟာ မကြောက်တမ်း အာခံနေကြပြီး သူတို့ရဲ့ အခွင့်အ ရေးကို သတ္တိကြီးကြီးနဲ့ ကာကွယ်နေကြပါတယ်။ လွတ် လပ်ရေးနဲ့ ဒီမိုကရေစီအတွက် ရတဲ့နည်းနဲ့ ဆက် ပြီး တိုက်ပွဲ ဝင်သွားကြမှာ မလွဲမသွေပါပဲ။ မြန်မာဟာ အကြမ်းမဖက် လူထု လှုပ်ရှားမှု သမိုင်းနဲ့ချီပြီး ရှိခဲ့သလို၊ လက် နက် ကိုင် တော်လှန်ရေးဟာလည်း နှစ် ၇၀ ကြာ သက်တမ်းရှိပြီး ဆက်ပြီး တော် လှန်နေဆဲ ဖြစ်ပါတယ်။ ခုချိန်မှာ မြို့တွေဆီကနေ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဆီကို ပူးပေါင်းဖို့ လူငယ်တွေ ထောင်နဲ့ချီပြီး သွားနေ ကြပြီ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ကို အရေးယူအပြစ်ပေးတာ မလုပ်ဘဲ လူမဆန်တဲ့ ရာဇဝတ်မှု တွေကို ကျယ်ကျယ်ပြန့်ပြန့် စိတ်တိုင်းကျ လုပ်ခွင့်ပြုထားတဲ့ ခင်ဗျားတို့ ကျနော်တို့ တစ်ယောက်ကမှ လူငယ်တွေကို လက်နက် မကိုင်ရ ဘူး လို့ တားပိုင်ခွင့် မရှိပါဘူး။ လက်နက်ကိုင် ပြည်တွင်းစစ်နဲ့၊ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ အကူးအပြောင်း နှစ်ခု ကြား ရွေးစရာ အခွင့်အရေး လူငယ်တွေ ရခဲ့ကြရဲ့လား။ လက်နက် မကိုင်ရဘူးလို့ လူငယ်တွေကို ပြောဖို့ ကုလ သမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အဖွဲ့ဝင်နိုင်ငံတွေ ပြောပိုင်ခွင့် ရှိရဲ့လား၊ ပြောဖို့ လိပ်ပြာရော လုံကြရဲ့လား။ ကုလသ မဂ္ဂ လုံခြုံရေးကောင် စီရဲ့ အကူအညီ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ မြန်မာတွေဟာ သူတို့ရဲ့ ဒီမိုကရေစီအနာ ဂတ်ကို သူတို့ကိုယ်တိုင် တည်ဆောက်ဖို့ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာ ချထားပြီးကြပါပြီ။ မြန်မာပြည်သူတွေဘက်က ရပ်မလား၊ ဒါမှမဟုတ် အာ ဏာသိမ်း တာကို ကြိုးဆွဲစီစဉ်ခဲ့တဲ့ စစ်ရာဇဝတ်ကောင်တွေဘက်က ရပ်မလား၊ သ မိုင်းမျက်နှာစာရဲ့ ဘယ်ဘက်ခြမ်းမှာ ရပ်မလဲ ဆို တာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အဖွဲ့ဝင်နိုင်ငံများ ဆုံး ဖြတ်တော်မူကြပါ။ ဉာဏ်ပညာနဲ့ ကရုဏာတရားက အနိုင်ရ ပါစေလို့ ကျနော် ဆုတောင်းပါတယ်။
နွေဦးတော်လှန်ရေးက ဖက်ဒရယ် ဒီမိုကရက်တစ် မြန်မာနိုင်ငံသစ်ကြီးကို အမြန်ဆုံး ဆောင်ကျဉ်းပေးနိုင်ဖို့ လည်း ဆုတောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။
အပိတ်မှတ်ချက် ။ ။ ကနေ့ အိမ်နီးချင်းနိုင်ငံနဲ့ ကမ္ဘာအနှံ့မှာ ရှိနေကြတဲ့ ဖိနှိပ်ခံရသူအားလုံးနဲ့ မြန်မာပြည်သူ တွေ သွေးစည်း ညီညွတ်စွာ အတူ ရပ်တည်နေပါတယ်ဆိုတာ အရင်ဆုံး ပြောချင်ပါတယ်။
(အကြမ်းဖက်တပ်နဲ့ ဆွေးနွေးညှိနှိုင်း ဖို့ ဗီယက်နမ် ဦးဆောင်ပြီး အာဆီယံကိုယ်စားလှယ် လွှတ်ဖို့နဲ့၊ ကုလသ မဂ္ဂ အထူးအကြံပေး မစ္စဘာဂန်နာကို စေလွှတ်ဖို့ ဆိုတဲ့ မှတ်ချက်ကို တုံ့ပြန်ပါတယ်) စစ်တပ်နဲ့ မြန်မာပြည် သူ ကြားက အပြန်အလှန်ရှိကြတဲ့ လူမှုရေး ကတိကဝတ်ဟာ ပြန် ပြီး ပြုပြင်လို့ မရအောင် ကျိုးပျက်ခဲ့ပါပြီ။ ဘာရ လဒ်မှ မပေးနိုင်တဲ့ အားပျော့တဲ့ ဆောင်ရွက်ချက်မျိုးကို ကျနော်တို့ မလို လားပါဘူး။ အတိတ်ကလည်း ကော်မ ရှင်ပေါင်း တထောင်နဲ့တခု ဖွဲ့ပြီး ဘာမှ အလုပ် မဖြစ်ခဲ့ပါဘူး။ တောင်းဆိုချက် ၃ ချက် ကို ထပ်ပြီးပြောပါရစေ။
၁။ “မြန်မာနိုင်ငံအတွက် အထူး အားဖြည့်ထားတဲ့ စောင့်ကြည့် ကြီးကြပ်နှိုးဆော်ရေးနဲ့ ကြားဝင်ဖြေရှင်းရေး မစ်ရှင်” တရပ် ကို ချက်ချင်း စေလွှတ်ပေးပါ။
၂။ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ လက်နက်တင်သွင်းခွင့်ကို ပိတ်ပင်တားဆီးပေးပါ။
၃။ နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် စစ်အာဏာရှင်ကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးကို ပို့ပေးပါ။
ကျေးဇူးတင်ပါတယ်။
FB
No comments:
Post a Comment