Monday, April 12, 2021

ကုလအစည်းအဝေးမှာ CRPH ရဲ့ တင်ပြချက်၊ မြန်မာဘာ သာပြန်

ကုလသမဂ္ဂလုံခြုံရေးကောင်စီ
ဧပြီလ ( ၉ )ရက် ၂၀၂၁

  ကုလအစည်းအဝေးမှာ CRPH ရဲ့ တင်ပြချက်၊၊

မနေ့ညက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ Arria  Formula အလွတ်သဘောဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါ တယ်။ အင်္ဂလန်၊ အမေရိကန်၊ နော်ဝေ၊ ပြင်သစ်၊ အက်စ်တိုးနီးယား၊ အိုင်ယာလန် နိုင်ငံတို့ရဲ့ ကမကထပြု လုပ်မှုကြောင့် စည်းဝေးခဲ့တာဖြစ်ပြီး မြန်မာ့အာဏာသိမ်းဖြစ်ရပ်အကြောင်း ဦးတည်ဆွေးနွေးခဲ့တာပါ။မြန် မာကိုယ်စားလှယ်များအနေနဲ့ CRPH မှခန့်အပ်ထားသော ခေတ္တနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းခေါင်းဆောင် Sai Sam Khem တို့တက်ရောက်ခဲ့ပါတယ်။ 

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ အသီးသီးမှ ကုလသံတမန်များလည်း ဝင်ရောက်ဆွေးနွေးခဲ့ပြီး မြန်မာအသံ အမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်ပါတယ်။

CRPH ကိုယ်စားပြု ဝန်ကြီးဒေါ်ဇင်မာအောင်ရဲ့ တင်ပြချက်ကို မြန်မာဘာသာပြန်ဆိုထားပြီး စာတန်းထိုးထား တာ ဖြစ်ပါတယ်။ 

မှတ်ချက်။ CRPH ရဲ့ တရားဝင် ဘာသာပြန်မဟုတ်ဘဲ ကျွန်မတို့ နားလည်သလို အနီးစပ်ဆုံး ဘာသာပြန် ထားခြင်းဖြစ်ပါတယ်။ စကားလုံးအသုံးအနှုန်း လိုအပ်သွားခဲ့လျှင် သည်းခံထောက်ပြပေးပါရန် မေတ္တာရပ်ခံပါ တယ်ရှင့်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */