ကုလ အထူးကိုယ်စားလှယ် Yanghee Lee (မှတ်တမ်းဓာတ်ပုံ- စက်တင်ဘာ ၀၃၊ ၂၀၁၉)
မြန်မာနိုင်ငံမှာ အခုနှစ်ဟာ အထွေထွေ ရွေးကောက်ပွဲကျင်းပမယ့်နှစ်ဖြစ်တာမို့ လွတ်လပ်စွာပြောဆိုခွင့်နဲ့ မဲပေးခွင့်တွေ တန်းတူရရှိရေးအတွက် နိုင်ငံတကာအနေနဲ့ အထူးစောင့်ကြည့် အကဲဖြတ်ကြရမယ်လို့ မြန်မာ့လူ့အခွင့်အရေး ဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်။ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ လက်ရှိ ရိုဟင်ဂျာနေရပ်ပြန်ရေးကိစ္စအပြင် လက်ရှိဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ရခိုင်ဒေသခံတွေအတွက် အင်မတန် စိုးရိမ်စရာဖြစ်နေတယ်လို့လည်း ကုလအထူးကိုယ်စားလှယ်က လူ့အခွင့်အရေးကောင်စီကို ပြော သွားပါတယ်။ လူ့အခွင့်အရေးကောင် စီအတွင်း မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒီကနေ့ ဆွေးနွေးပြောဆို ချက်တွေကို ကိုသားညွန့်ဦး ဆက်ပြီး ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ ဒီနှစ်လုပ်မယ့် အထွေထွေ ရွေးကောက်ပွဲအချိန်နီးတာနဲ့အမျှ လွတ်လပ်စွာ ပြောဆိုခွင့် လွတ် လပ် စွာ စုဝေးခွင့် လွတ်လပ်စွာ မဲပေးခွင့်တွေနဲ့ပတ်သက်လို့ နိုင်ငံအတော်များများရဲ့ စိုးရိမ်မှု တိုးလာတာကို ဒီကနေ့ လူ့အခွင့် အရေးကောင်စီ ဆွေးနွေးချက်တွေမှာ တွေ့ရပါတယ်။
ရခိုင်ပြည်နယ်ကိစ္စမှာဆိုလည်း ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မအောင်မမြင်ဖြစ်နေတဲ့ ကိစ္စအပြင် လက်ရှိ ရခိုင်ပြည် နယ်တွင်းစစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံအရပ်သားတွေ ထိခိုက်မှုတိုးလာတာကိုလည်း စိုးရိမ် တကြီးဆွေး နွေးကြပါတယ်။ ကချင်၊ ရှမ်း စတဲ့ အခြားတိုင်းရင်းသား လူနည်းစုဒေသတွေ စစ်ရေးပဋိပက္ခတွေ ဒေသခံတွေရဲ့ဆန္ဒပြမှုကို အစိုးရက နှိပ်ကွပ်တာတွေကိုလည်း ကုလ အထူးကိုယ်စားလှယ်အပါအဝင် လူ့အ ခွ င့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက ထောက်ပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ အခုနှစ်အခြေအနေကို နိုင်ငံ တကာအနေနဲ့ အထူးစောင့်ကြည့်သွားရလိမ့်မယ်လို့ ကုလ အထူးကိုယ်စားလှယ် Yanghee Lee က ပြော သွားပါတယ်။
“Election မြန်မာအတွက် ဒီနှစ်ဟာ အင်မတန်အရေးကြီးနှစ်ပါ။ NLD အစိုးရ အာဏာရလာကတည်း က ဆိုရင် နိုင်ငံရေးပယောဂနဲ့ ဖမ်းဆီးမှု အတော်များများရှိနေတာတွေ့ရပါတယ်။ မနှစ်ကနဲ့ ဒီနှစ်ဆိုရင် ဒီအ ရည် အတွက် တိုးလာပါတယ်။ လက်ရှိဆိုရင် နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ဖမ်းခံရသူ ၆၄၇ ဦး ရှိပါတယ်။ သူတို့ ဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းခံရသူတွေပါ။ ဆန္ဒပြတဲ့ကျေးရွာသားတွေ ပါတယ်၊ စက်ရုံတွေ ကျောက်မီးသွေးစီမံကိန်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ညစ်နွမ်းမှုတွေကို ဆန့်ကျင်လှုပ်ရှားတဲ့ ဆုတောင်း ပွဲလုပ်သူတွေပါတယ်။ များသောအားဖြင့်တော့ မြေသိမ်းယာသိမ်းတွေဖြစ်နေတဲ့ တိုင်းရင်းသားဒေသေ တွ ကပါ။ သူတို့မြေတွေသိမ်းယူခံရတာကို ဆန္ဒပြကြသလို၊ အဲဒီက သူတို့လူမှုအသိုက်အဝန်းကို ထိခိုက်စေတဲ့ သူတို့နဲ့လည်း ပွင့်ပွင်းလင်းလင်းတိုင်ပင်မှုမရှိတဲ့ စီမံကိန်းကြီးတွေကို ရပ်ဖို့ ဆန္ဒပြကြတာပါ။ ဒါကြောင့် နိုင် ငံတကာအနေနဲ့ ရွေးကောက်ပွဲအတွင်းနဲ့ အပြီးကာလတွေကို အနီးကပ် စောင့်ကြည့်သွားဖို့ လိုပါတယ်။”
မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေ အထူးသဖြင့်တော့ လူသားထုအပေါ်ကျူးလွန် တဲ့ရာ ဇဝတ်မှု စစ်ရာဇဝတ်မှုတွေနဲ့ လူမျိုးတုန်း သတ်ဖြတ်မှုလို့ယူဆရတဲ့ ကျူးလွန်မှုတွေ ထပ်မဖြစ်လာဖို့ နိုင်ငံတ ကာအနေနဲ့ ညီညီညွတ်ညွတ်ဆောင်ရွက်သွားဖို့လိုမယ်လို့လည်း ကုလအထူးကိုယ်စားလှယ်က သတိပေးပါ တယ်။ အထူးသဖြင့်တော့ ICJ နိုင်ငံတကာတရားရုံးက ချမှတ်တဲ့ ကြားဖြတ်အစီအမံတွေကို မြန်မာအစိုးရ အနေ နဲ့ လိုက်နာလာဖို့နဲ့ ပြီးခဲ့တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးမှာ အေ ရး ယူနိုင်ဖို့ လုံခြုံရေးကောင်စီကိုဖိအားပေးကြဖို့ သူက တိုက်တွန်းပါတယ်။
မြန်မာအိမ်နီးချင်း တရုတ်နိုင်ငံကတော့ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်ရတဲ့အခြေအနေကို နား လည် ဖို့ နဲ့ နိုင်ငံတနိုင်ငံရဲ့အချုပ်အချာကို လေးစားဖို့လို့ ပြောပြီး မြန်မာဘက်က ခုခံကာကွယ်ပေးခဲ့ပါတယ်။
“နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အချာကို လေးစားပြီးတော့ လူ့အခွင့်အရေးတိုးတက်ဖို့အတွက် မြန်မာအစိုးရဲ့ အားထုတ်ကြိုးပမ်းမှုတွေ အောင်မြင်မှုတွေကို အသိအမှတ်ပြုသင့်ပါတယ်။ မြန်မာနိုင်ငံရင် ဆိုင်နေရတဲ့ အခက်အခဲတွေ စိန်ခေါ်ချက်တွေကိုလည်း ထည့်တွက်ရပါမယ်။”
ဒါပေမဲ့လည်း မလေးရှားလို မြန်မာနဲ့ ဒေသတွင်း နီးကပ်တဲ့နိုင်ငံအချို့ကတော့ ရခိုင်ပြဿနာဟာ ဒေသကိုပါ ရိုက် ခတ်မှုရှိနေတာမို့ ဒါဟာ အလျင်စလို ဖြေရှင်းရမယ်လို့ ဆိုပါတယ်။
“ရခိုင်ပြည်နယ်တွင်း အချိန်အတော်ကြာကတည်းဖြစ်နေတဲ့ အကြပ်အတည်းကြီးဟာ ကြီးမားတဲ့ ရွှေ့ပြောင်း အခြေ ချမှုတွေကို ဖြစ်စေပြီး အဲဒီကိစ္စဟာ မလေးရှားအပါအဝင် အိမ်နီးချင်းတွေကို ရိုက်ခတ်လာပါတယ်။ ဒီ အကြပ်အတည်းကို ဖြေရှင်းဖို့ လက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေ အရေးပေါ် လိုအပ်နနေပါတယ်။”
ဥရောပနိုင်ငံတွေကတော့ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ လွတ်လပ်စွာပြောဆိုခွင့်တွေကို ပိတ်ပင်တာ မျိုးတွေကို ပိုလို့စိုးရိမ်ကြပါတယ်။ ဗြိတိသျှသံကိုယ်စားလှယ်ကတော့ ရခိုင်နဲ့ချင်းက အင်တာနက်ပိတ် ပင် တာမျိုးဟာ လူ့အခွင့် အရေးချိုးဖောက်မှုသတင်းတွေကို ပိတ်ပင်တာမျိုးဖြစ်နေတယ်လို့ ထောက်ပြပါတယ်။
“လွတ်လပ်စွာပြောဆိုခွင့်အပေါ် ချုပ်ချယ် ကန့်သတ်မှုတွေတိုးလာတာ သတိထားမိပါတယ်။ ရခိုင်နဲ့ ချင်း ပြည်နယ်အတွင်းက အင်တာနက်ဖြတ်တောက်မှုတွေကို ပြန်ရုပ်ဖို့ အစိုးရကို တိုက်တွန်းပါတယ်။ ဒီလို ကန့် သတ်တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုသတင်းတွေကို ပိတ်ပင်နှောက်ယှက်ရာရောက်သလို အဲဒီက ဒေသခံတွေရဲ့ ဘဝအတွက်လည်း အများကြီး ထိခိုက်နစ်နာစေပါတယ်။”
နိုင်ငံအတော်များများက ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ သူတို့စိုးရိမ်ချက်တွေပြောပြီး အရေးယူဖို့ကိစ္စမှာ မတူတဲ့သဘောထားတွေရှိကြပေမယ့်၊ အားလုံးတူညီတာကတော့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကို မြန် မြန်ဆန်ဆန်ဆောင်ရွက်ဖို့ပါ။ ရိုဟင်ဂျာအသုံးအနှုန်းလက်မခံတဲ့ မြန်မာဘက်ကတော့ ဒီနေရပ်ပြန်ရေးကို မူအားဖြင့် လက်ခံထားပေမယ့် အောင်အောင်မြင်မြင်တော့ ဆောင်ရွက်နိုင်တာမရှိသေးပါဘူး။
အခု ဒီကနေ့ ဆွေးနွေးပွဲကတော့ ကုလအထူးကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ တင်ပြချက်တွေအပေါ် အဓိကထားဆွေးနွေးတာဖြစ်ပြီး Ms. Yanghee Lee အတွက်လည်း ဒါဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နောက် ဆုံး သူ တင်ပြခြင်းဖြစ်ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ်ကတည်းက တာဝန်ယူလာတာဖြစ်ပြီး အခု သက် တမ်းကုန်ဆုံးလို့ အသစ် တယောက်ကို ခန့်ရတော့မှာပါ။ သူတာဝန်ယူစဉ်အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေ စီအသွင် ကူးပြောင်းမှုအခြေအ နေကို သူ ကိုယ်တွေ့ကြုံခဲရပါတယ်။ ဒါပေမဲ့ သူ့အမြင်ကတော့
“ဒါပေမဲ့ အင်မတန် ဝမ်းနည်းစရာကောင်းတာကတော့ အောင်အောင်မြင်မြင်နဲ့ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်း နိုင်ဖိုပအတွက် အတော်လုပ်ရဦးမယ်ဆိုတာ ကျမ သဘောပေါက်လာပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတကာအသိုင်း အဝိုင်းက မူအားဖြင့် ခိုင်ခိုင်မာမာရပ်တည်ပြီး ထောက်ခံနေခြင်းအားဖြင့် မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံကို အသွင်ကူးပြောင်းနိုင်မယ်ဆိုတာ ကျမ ယုံကြည်ထားပါတယ်။”
သက်တမ်းကုန်သွားတဲ့ Ms. Yanghee Lee နေရာမှာတော့ အမေရိကန်အောက်လွှတ်တော်အမတ်ဟောင်း Tom Andrews ကို အမည်တင်သွင်းထားပြီး အခု လုပ်နေတဲ့ လူ့အခွင့်အရေးညီလာခံအတွင်းမှာ အတည်ပြု ဆုံးဖြတ်ဖို့ရှိနေပါတယ်။

Link : Here
No comments:
Post a Comment