Monday, September 16, 2019

ရခိုင်မြောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ်ဆက်ရှိ နေကြောင်း FFM ထုတ်ပြန်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-09-16
 ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေကို ၂၀၁၇၊ အောက်တိုဘာ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: MUNIR UZ ZAMAN / AFP 

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကျန်ရှိနေသေးတဲ့ ရိုဟင်ဂျာ ခြောက်သိန်းကျော်ဟာ ဖွဲ့စည်းပုံအရ ဖိနှိပ်ချုပ် ချယ်မှုတွေ ကြုံနေရပြီး လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ် ဆက်ရှိနေတယ်လို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင်က FFM က ဂျနီဗာကို ဒီကနေ့ တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂ဝ၁၇ ခုနှစ်က တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင် ဂျာ ၇ သိန်း ၄ သောင်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ပြီး ထောင်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရ တာကြောင့် လူမျိုးတုံးသတ်ဖြတ်မှုကို တပ်မတော်က ကျူးလွန်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထား ပါ တယ်။

ဒါပေမယ့် မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးဖို့၊ လူမျိုးတုံးသတ်ဖြတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့၊ လူမျိုးတုံးသတ်ဖြတ်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး အရေးယူအပြစ်ပေးတာတွေ ဆောင်ရွက်ဖို့ တာဝန် ပျက်ကွက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း လူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာ ဝန်ရှိတဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ခြောက်ဦးအမည်ကို လူသိရှင်ကြား ကြေညာခဲ့ပြီးဖြစ်သလို၊ ရာဇ ဝတ်မှုကျူးလွန်သူတွေလို့ သံသယရှိတဲ့ လူဦးရေ တစ်ရာကျော်ပါတဲ့ လျှို့ဝှက်စာရင်းကိုလည်း ရရှိထားတယ် လို့ အချက် လက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။ တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ် မှူး ချုပ် ဇော်မင်းထွန်းကတော့ FFM အစီရင်ခံစာအပေါ် အခုလို တုံ့ပြန်ပါတယ်။

 "လက်တေ့ွအခြေအနေကြည့်ရင် သိနိုင်ပါတယ်။ ဖိနှိပ်ညှဉ်းပမ်းမှု ရှိ တယ်ဆိုရင် ဖုံးကွယ်လို့ရတဲ့နေရာ မဟုတ်ပါဘူး။ ဖုံးကွယ် လို့ လည်း မရပါဘူး။ လက်တေ့ွမှာ ဖိနှိပ်ညှဉ်းပမ်းမှုတွေ မရှိလို့ သူတို့ ဆက်နေနိုင်တာပါ။ အဲဒီမှာနေတဲ့လူတွေက အရင်ကထက် ပိုမို ပွင့် လင်းမြင်သာလာတယ်။ အတွင်းထဲမှာဖြစ်တဲ့အခြေအနေကို လေ့ လည်းမလေ့လာ၊ သိလည်းမသိဘဲ အပြင်ကနေ ဝေဖန်နေ တာ ကတော့ နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်နေတဲ့အစိုးရရဲ့ ဂုဏ်သိက္ခာ ကို ကျဆင်းစေပါတယ်"

တပ်မတော်ခေါင်းဆောင်ပိုင်းတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှာ တရားစွဲတင်မယ့်ကိစ္စမှာ မြန်မာနိုင်ငံဟာ ICC အဖွဲ့ ဝင်အဖြစ် လက်မှတ်ရေးထိုးထားခြင်း မရှိတာကြောင့် တရားစွဲလို့မရဘူး ဆိုပြီး ပြောထားကြပေမယ့်၊ FFM အချက်လက်ရှာဖွေရေးအဖွဲ့ကတော့ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဂျီနီဗာသဘောတူစာချုပ်အရ လိုက် နာ ရမယ့် တာဝန်တွေ ပျက်ကွက်တဲ့အတွက် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲ ဆိုနိုင်တယ်လို့လည်း ဆိုထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို လွှဲပြောင်းဖို့အတွက် အရင် ယူဂိုဆလားဗီး ယားနဲ့ ရဝမ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို အရေးယူခဲ့သလို၊ အထူးရာဇဝတ်ခုံရုံး တည်ထောင်ဖို့လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို FFM အဖွဲ့က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားစွဲဆိုဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အချက်လက် ရှာဖွေရေးမစ်ရှင်ရဲ့ တိုက်တွန်းချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦး ချမ်းအေးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဒီကနေ့ညနေထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

အစီရင်ခံစာမှာ... တပ်မတော်ဟာ ၂ဝ၁၇ တုန်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့သလို၊ လက်ရှိ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် AA နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာလည်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ တွေ့ရှိရကြောင်း ရေးသားထားပါတယ်။

လက်တလော ရက္ခိုင့်တပ်တော်နဲ့ ဖြစ်ပွားနေတဲ့ အရပ်ဒေသတွေမှာ တပ်မတော်ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြား တဲ့ ဖြတ်လေးဖြတ် စစ်ဆင်ရေးအပြင်၊ ဖြတ်ငါးဖြတ် လို့ လူပြောများလာတဲ့ အင်တာနက်လိုင်းဖြတ် တောက် တာ၊ လူသားချင်းစာနာကူညီရေး လုပ်ငန်းတွေကို ကန့်သတ်တာတွေကိုပါ ကျူးလွန်ခဲ့ကြောင်း ဖော်ပြထား ပါတယ်။

(RFA သတင်းထောက် ကိုမိုးမြင့် တင်ပြသည်) 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */