" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုး စလုံး ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, August 24, 2019

ပိတ်ဆို့မှုတွေတိုးလုပ်ဖို့ ကန်အစိုးရကို ဘာသာရေး လွတ်လပ်ခွင့်ကော်မရှင် တိုက်တွန်း

RFA
လွတ်လပ်တဲ့ အာရှအသံ 
2019-08-24

ရိုဟင်ဂျာအမျိုးသမီး ဒုက္ခသည်များ။
Photo: AFP

■ ကုလသမဂ္ဂ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေဖော်ထုတ်ရေးမစ်ရှင် FFM အဖွဲ့က သြဂုတ် ၂၃ ရက်နေ့ က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ မြန်မာ့တပ်မတော်လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာမွတ်စလင်တွေနဲ့ တ ခြားသူတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာနဲ့ တချို့ဒေသတွေမှာ ဆက်လက် ကျူး လွန်နေတာဟာ တပ်မတော်ရဲ့ လူမျိုးတုံးဖယ်ရှားရေး ရည်ရွယ်ချက်ကို ဖော်ပြနေတယ်လို့ အမေရိ ကန် ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် USCIRF က မနေ့က ကြေညာချက် ထုတ် ပြန် ပြောကြားလိုက်ပါတယ်။


မြန်မာအစိုးရ တပ်မတော်ရဲ့လက်ထဲမှာ ရိုဟင်ဂျာမွတ်စလင်တွေနဲ့ တခြားလူနည်းစုတွေဟာ ဖွင့်ပြော ဖို့ တောင် ခက်တဲ့ ရက်စက်မှုတွေကို ခံစားခဲ့ရတယ်ဆိုတာသာ သက်သေပြနေကြောင်း၊ သမ္မတ ဒေါ်နယ် ထ ရန့် ဦးဆောင်တဲ့ အမေရိကန်အစိုးရအနေနဲ့ ဒီလုပ်ရပ်တွေကို လူမျိုးတုံးလုပ်ဆောင်မှု ဒါမှမဟုတ် လူသား ထုတစ်ရပ်လုံးအပေါ် ကျုးလွန်တဲ့ နိုင်ငံတကာရာဇဝတ်မှုအဖြစ် ပြောင်းလဲသတ်မှတ်ဖို့ တောင်းဆိုကြောင်း၊ အစိုးရအဖွဲ့နဲ့ အမေရိကန်လွှတ်တော်ကိုလည်း မြန်မာ့တပ်မတော် ခေါင်းဆောင်တွေကို ငွေကြေးအရ ပစ် မှတ်ထား အရေးယူပိတ်ဆို့တာတွေ ထပ်မံလုပ်ဆောင်ဖို့ တောင်းဆိုပါကြောင်း၊ ဒီရာဇဝတ်မှုတွေဟာ ခွင့် လွှတ်သည်းခံစရာ မရှိကြောင်းလည်း အမေရိကန် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်ရဲ့ ဒုတိယ ဥက္ကဋ္ဌ နာဒင်း မန်ဇာနဲ့ ကော်မရှင်နာမင်းကြီး အာနုရီမာ ဘာဂါဘာတို့က ပူးတွဲကြေညာချက်မှာ ပြောကြား ထားပါတယ်။

သူတို့ နှစ်ဦးဟာ မကြာခင်က မြန်မာနိုင်ငံကို အလည်ပတ်ရောက်ရှိခဲ့ကြသူတွေဖြစ်ပြီး ရိုဟင်ဂျာဒုက္ခ သည် တွေ၊ တခြားလူနည်းစုဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့ကြသူတွေဖြစ်ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့ဟာ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုတွေကြောင့် နေရပ်စွန့်ခွါပြီး ထွက်ပြေးကြတဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ်ကာလဖြစ်ပြီး ရိုဟင်ဂျာတွေ ကိုယ့်ဇာတိရပ်ရွာကို လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေးအတွက် မြန်မာအစိုးရကို ပိတ်ဆို့အရေးယူဖို့ တောင်းဆိုလိုက်သလို မြန်မာအစိုးရအနေနဲ့ တစ်စုံတစ်ရာဆောင် ရွက် ပေးဖို့ကိုလည်း USCIRF ကြေညာာချက်မှာ တောင်းဆိုထားပါတယ်။

မြန်မာ့တပ်မတော်ဖက်ကတော့ ကုလသမဂ္ဂ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေဖော်ထုတ်ရေးမစ်ရှင် FFM အဖွဲ့အစီအရင်ခံစာပါ စွပ်စွှဲချက်တွေဟာ အခြေအမြစ်မရှိ၊ အကြားဖြင့်သာ ရေးသားစွပ်စွဲထား ချက်တြွေ ဖြစ်ကြောင်း၊ တပ်မတော်အနေနဲ့ ပြည်သူလူထုအသက်အိုးအိမ်နဲ့ လူ့အခွင့်အရေး ထိခိုက်စေတဲ့ လုပ်ရပ်တွေ မကျူးလွန်ဖို့ တားမြစ်ထားသလို ကျူးလွန်သူတွေကိုလည်း အရေးယူအပြစ်ပေးကြောင်း၊ ဒီလိုရေးသားစွပ်စွဲ မှုတွေဟာ နိုင်ငံရဲ့ အချုပ်အခြာကို ထိပါးတဲ့ လုပ်ရပ်သာဖြစ်ကြောင်း မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီက တုံ့ပြန်ပြော ကြားထားပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */