Wednesday, February 19, 2025

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် ဘာကြောင့် ဝရမ်းစာရင်းထဲပါနေလဲ (ရုပ်/သံ)

ဧရာဝတီ
19 February 2025
Video



ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်း ထုတ်တဲ့ထဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ ပါဝင်လာတာ တွေ့ရပါတယ်။

ရိုဟင်ဂျာအမှုဟာ ၂၀၁၇ ခုနှစ် အမျိုးသားဒီမိုကရေစီ အစိုးရ (NLD) အုပ်ချုပ်တဲ့ကာလ ဖြစ်ခဲ့တာကြောင့် BROUK က အမှုစဖွင့်ချိန််မှာ အဲ့ဒီကာလ အစိုးရ တာဝန်ရှိသူတွေဖြစ်တဲ့ သမ္မတဦးထင်ကျော် နဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို ထည့်သွင်း အမှုဖွင့်ခဲ့တာ ဖြစ်ပေမယ့် နိုင်ငံရေး အခြေအနေတွေကြောင့် ၂၀၂၃ ခုနှစ်မှာ ပြန်ဖြုတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။

အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ အထိ အုပ်ချုပ်ခဲ့ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်နေ အစိုးရတရပ်ရဲ့ လုပ်ငန်းစဥ်တွေကို လုပ်ကိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် ဒီဖြစ်ရပ်ကို လေ့လာ ဆုံးဖြတ်ဖို့ အဲ့ဒီ ကာလအပိုင်းအခြားမှာ အုပ်ချုပ်ခဲ့တဲ့ အစိုးရရဲ့ လုပ်ပိုင်ခွင့်နဲ့ အုပ်ချုပ်ခွင့် အာဏာကို ပြန်လည် ဆန်းစစ်ဖို့ လိုအပ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေနဲ့ ဥပဒေပညာရှင်တွေက ထောက်ပြနေကြပါတယ်။

#မြန်မာ #ဧရာဝတီ #ဝရမ်း #အာဂျင်တီးနား #ဒေါ်အောင်ဆန်းစုကြည် #သမ္မတဟောင်း #ဦးထင်ကျော် #BROUK #ရိုဟင်ဂျာ #လူမျိုးတုန်းသတ်ဖြတ်

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */