" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, June 13, 2023

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အသေးစိတ်တိုင်ကြားလွှာ တင်သွင်း

RFA
Carlos G. Hamann, special for RFA
2023.06.13 

အဓမ္မပြုကျင့်ခံရပြီး လည်ပင်းကို ဓားဖြင့်လှီးခံခဲ့ရကြောင်း ပြန်ပြောပြနေသည့် Roshida Begum အမည်ရှိ ရိုဟင်ဂျာအမျိုးသမီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။Credit: Allison Joyce/Getty Images

ရိုဟင်ဂျာလူနည်းစုတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသုတ်သင်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အာဂျင်တီး နားနိုင်ငံ ဗျူနိုအေးရိစ်မြို့တော်က အစိုးရတရားရုံးမှာ အသေးစိတ် တိုင်ကြားလွှာ တင်သွင်းလိုက်ပါတယ်။

အဲဒီတိုင်ကြားလွှာမှာ အမျိုးသမီးတွေကို မြန်မာစစ်တပ်က အုပ်စုဖွဲ့မုဒိမ်းကျင့်မှု၊ ကလေးတွေကို ဓားနဲ့ထိုးသတ်မှု၊ အမျိုးသားတွေကို သေနတ်နဲ့ပစ်၊ မီးရှို့သတ်ဖြတ်မှုတွေ ပါဝင်ခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံတစ်နိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စက်ဆုပ်ဖွယ် ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ဘယ် တ ရားရုံးမှာဆို တရားစွဲဆိုခွင့်ရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်မူ (Universal Jurisdiction) အရ အာဂျင် တီးနားနိုင်ငံက ဒီအမှုကို လက်ခံခဲ့တာပါ။

ကြားနာပွဲကို ဇွန်လ ၆ ရက်နေ့ ကနေ ဇွန်လ ၁၃ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး ရိုဟင်ဂျာ မျက်မြင်သက်သေတွေက တရားရုံးမှာ လူကိုယ်တိုင် ထွက်ဆိုခဲ့ကြပါတယ်။ ဒါဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ပတ်သက် လို့ မျက်မြင်သက်သေတွေက ပထမဆုံးအကြိမ် ထွက်ဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။ သက်သေထွက်ဆိုတဲ့သူတွေ ရဲ့လုံခြုံရေးအတွက် ဒီကြားနာပွဲကို တံခါးပိတ်ကျင်းပခဲ့တာပါ။

ဒီအမှုကို တရားလိုအဖြစ် တင်သွင်းခဲ့တဲ့ မြန်မာ-ရိုဟင်ဂျာအသင်း (ယူကေ) ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က… "မြန်မာစစ် ခေါင်းဆောင်တွေကိုအရေးယူနိုင်ဖို့ နီးလာပါပြီ၊ ကမ္ဘာကြီးမှာ ဒီပုဂ္ဂိုလ်တွေ ပုန်းရှောင်နေလို့ မရနိုင်ဘူးဆိုတာ ဒီတ ရားစွဲတဲ့လုပ်ရပ်က သက်သေပြနေပါတယ်" လို့ ပြောပါတယ်။

ဒီအမှုမှာ မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အကြား ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အမျိုးသားရေးဝါဒီ ဦးဝီရသူ အပါအဝင် ဒေါ် အောင်ဆန်းစုကြည်ကိုလည်း တာဝန်ရှိသူတွေအဖြစ် စွပ်စွဲထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း သောမတ်စ် ကင်တားနားက တ ရား လိုဖြစ်တဲ့ မြန်မာ-ရိုဟင်ဂျာအသင်း (ယူကေ) ရဲ့ရှေ့နေအဖြစ်နဲ့ ဒီအမှုကို လိုက်ပါဆောင်ရွက်နေပါတယ်။

ဒီအမှုရဲ့ အစိတ်အပိုင်း အတော်များများဟာ မစ္စတာကင်တားနားရဲ့ လေ့လာတွေ့ရှိချက်တွေ၊ သူ့နေရာမှာ အစား ထိုး တာဝန်ယူခဲ့တဲ့ မစ္စယန်ဟီးလီရဲ့ လေ့လာတွေ့ရှိချက်တွေ၊ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်အတွင်း ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ အချက်အလက် ရှာဖွေစုဆောင်းရေးအဖွဲ့ကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာတွေကို အခြေ ခံပြီး တည်ဆောက်ထားတာပါ။

ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်းဥက္ကဋ္ဌ ဦးထွန်းခင်နှင့် ရှေ့နေ မစ္စတာ သောမတ်စ် ကင်တားနားတို့အား အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရီးစ်မြို့ ဖက်ဒရယ်တရားရှေ့တွင် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)
 

“အလွယ်ဆုံးပစ်မှတ်”

တရားလိုတွေရဲ့ တိုင်ကြားလွှာအရ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသုတ်သင်မယ့် စီမံချက်ကို ၂၀၁၂ ခုနှစ်က စခဲ့တာလို့ဆိုပါတယ်။ အဲဒီအချိန်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ လုပ်ပြီး စစ် ဗိုလ်ချုပ်တွေက အရပ်သားအစိုးရအဖြစ်တာဝန်ယူနေတဲ့ကာလ ဖြစ်ပြီး၊ တိုင်းပြည်မှာ လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ထောက်ခံမှုရဖို့အတွက် မွတ်စလင်တွေ၊ အထူးသဖြင့် ရိုဟင်ဂျာတွေကို ဦးတည် ပြီး အမုန်းတရားတွေ ကြီးထွားလာအောင် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတွက် ဆယ်စုနှစ်နဲ့ချီပြီး အဘက်ဘက်က နည်းမျိုးစုံ ခွဲခြားဆက်ဆံခံနေရတဲ့ ရိုဟင်ဂျာတွေဟာ အလွယ်ဆုံးပစ်မှတ်ဖြစ်လာပါတယ်။

အစိုးရ ဌာနဆိုင်ရာအားလုံးမှာ "ရိုဟင်ဂျာ" ဆိုတဲ့နာမည် ဖျောက်ဖျက်ခံထားရပြီး ယေဘုယျ ဆန်တဲ့ "ဘင်္ဂါလီ" ဆိုတဲ့အမည်နဲ့သာ ခေါ်ဝေါ်သုံးစွဲခံရတယ်လို့ တိုင်ကြားလွှာမှာ ဖော်ပြထားပါတယ်။

တိုင်းပြည်ကို အစ္စလာမ်ဘာသာဝင်တွေက လွှမ်းမိုးဖို့ ကြိုးစားနေကြတယ်ဆိုပြီး အစွန်းရောက် ဗုဒ္ဓဘာ သာဘုန်းကြီးတွေက လှုံ့ဆော်ခဲ့ကြတယ်လို့လည်း ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာကဖြစ်ခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်းနှစ်ခုက မြို့နယ် ပေါင်း ၁၂ မြို့နယ်ကို ရိုက်ခတ်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၃ ခုနှစ်မှာလည်း သံတွဲမြို့မှာ အကြမ်းဖက် မှု တွေ ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကတော့ ဒီဖြစ်ရပ်တွေကို လူ့အသိုက်အဝန်း နှစ်ခုအကြားမငြိမ်သက် မှု လို့သာ အာဏာပိုင်တွေက ပေါ့ပေါ့တန်တန် သဘောထားခဲ့ကြတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေအပြင် နောက်ထပ် မွတ်စလင်အုပ်စုတစ်စုဖြစ်တဲ့ ကမန်လူမျိုးတွေအပေါ် တိုက်ခိုက်တာ တွေဟာ "အကြမ်းဖက်အောင် မီးထိုးလှုံ့ဆော်ပြီး တင်းမာမှုတွေပိုကြီးလာအောင်"လနဲ့ချီပြီးလုပ်ဆောင် ခဲ့ တဲ့ စီမံချက်တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ဆိုပါတယ်။ ဒ့ါအပြင် ရခိုင်အဖွဲ့အစည်းတွေ၊ အစွန်း ရောက်သံဃာအဖွဲ့တွေ၊ အစိုးရအရာရှိတွေနဲ့ လူသိများထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကပါ ထပ်ပြီးမီးထိုး ပေးခဲ့တယ်လို့ တိုင်ကြားလွှာမှာ ဖော်ပြထားပါတယ်။

စစ်တပ်နဲ့ရဲတွေက အဲဒီအကြမ်းဖက်မှုတွေ ရပ်သွားအောင် ဝင်မတားကြသလို တက်တက်ကြွကြွဝင်ပါ ခဲ့တယ်လို့လည်း ဆိုပါတယ်။

“လူမျိုးတုံးသုတ်သင်မှု စီမံချက်”

စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့က မျက်မြင်သက်သေတွေရဲ့ အဆိုအရ လူအုပ်က မီးရှို့တာကို ငြှိမ်းဖို့ကြိုး စားသူတွေကို ရဲနဲ့စစ်သားတွေက တားခဲ့ကြတယ်လို့ ပြောပါတယ်။ မောင်တောမြို့က မျက်မြင်သက် သေ တွေကလည်း ရဲနဲ့စစ်တပ်က ရိုဟင်ဂျာတွေကို သေနတ်နဲ့လက်လွတ်စပယ် ပစ်ခတ်ခဲ့ပြီးအစုလိုက် အပြုံလိုက် ဖမ်းဆီးခဲ့တယ်လို့ ထွက်ဆိုကြပါတယ်။

အဲဒီအဖြစ်အပျက်မှာ လူပေါင်း တစ်သိန်းလေးသောင်းလောက် ထွက်ပြေးရပြီး အများစုက ဘင်္ဂလား ဒေ့ရှ် နိုင်ငံကို ရောက်သွားကြပါတယ်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အရပ်သားအစိုးရ တက်လာချိန်မှာတော့ လူမျိုးတုံးသုတ်သင်မှု စီမံချက်ဟာ ပြီးပြည့်စုံသွားတယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး အတွက် တိုက်ပွဲဝင်ခဲ့သူတွေ အစိုးရဖြစ်လာချိန်မှာ အရက်စက် အကြမ်းကြုတ်ဆုံး ရာဇဝတ်မှုတွေ ကျူးလွန်ခံရဖို့ သမိုင်းရဲ့ ကံကြမ္မာအလှည့် အပြောင်း တစ်ခု ဖြစ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အနီးရှိ မီးရှို့ခံခဲ့ရသည့် ရိုဟင်ဂျာကျေးရွာကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။ Credit: Wa Lone/Reuters

၂၀၁၇ ခုနှစ် သြဂုတ်လမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးရဲကင်းစခန်းတစ်ခုကို "အာဆာ" ဆိုတဲ့ လက်နက်ကိုင်ရိုဟင်ဂျာအုပ်စုလေးတစ်စုက ဝင်တိုက်တဲ့အတွက် တပ်ဖွဲ့ဝင် ၁၂ ယောက် သေ ဆုံးသွားချိန်မှာတော့ အကြမ်းဖက်မှုတွေ ပိုပြီး အရှိန်မြင့်တက်လာပါတယ်။

ဒီဖြစ်ရပ်အတွက် စစ်တပ်က နာရီပိုင်းအတွင်းမှာပဲ အင်အားအလုံးအရင်းနဲ့ တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ နယ်မြေရှင်းလင်းရေးစီမံချက် ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရာနဲ့ချီတဲ့ ရိုဟင်ဂျာကျေးရွာတွေ ကို ဝိုင်းဝန်းပိတ်ဆို့ ရှင်းလင်းခဲ့ပါတယ်။ တစ်နှစ်အတွင်းမှာ ရိုဟင်ဂျာ ခုနစ်သိန်း နှစ်သောင်းခွဲလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပြီး လူပေါင်းတစ်သောင်းလောက် အသတ်ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။

မုဒိမ်းကျင့်တာအပါအဝင် နည်းမျိုးစုံနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ အများအပြား ဖြစ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်က ကျေးရွာဆယ်ရွာထက်မနည်းမှာ တပ်မတော်သားတွေက အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေ အများအပြား ဖြစ်ပွားခဲ့တယ်လို့ တိုင်ကြားလွှာမှာ ဖော်ပြထားပါတယ်။

“အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ”

အရပ်သားတွေကို စစ်သားတွေက လက်လွတ်စပယ် ပစ်သတ်ခဲ့သလို၊ တချို့ကို နေအိမ်တွေထဲမှာတင် မီးရှို့သတ်ဖြတ်ခဲ့ကြပါတယ်။ အဲဒီလုပ်ရပ်တွေမှာ မီးတုတ်တွေ၊ ဓားရှည်တွေကိုင်ထားတဲ့ ရခိုင်အမျိုး သားတချို့လည်း ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။

မိန်းကလေးငယ်တွေနဲ့ အမျိုးသမီး အယောက်‌လေးဆယ်လောက်ကို မုဒိမ်းကျင့်တာတွေ ရှိခဲ့သလို၊ အများအားဖြင့် မိသားစုတွေရှေ့မှာ၊ ဒါမှမဟုတ် လူမြင်ကွင်းမှာတင် ကျင့်ကြံပြီး အရှက်ရအောင် လုပ် ခဲ့ကြကြောင်း၊ အမျိုးသားတွေကိုလည်း မဖွယ်မရာ ညှဉ်းပန်းနှိပ်စက်တာ၊ လိင်အင်္ဂါ ဖြတ်တောက် တာ တွေ ရှိခဲ့တယ်လို့ တိုင်ကြားလွှာမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာကလေးငယ် ငါးသိန်းလောက်ရှိနေပြီး၊ အများစုဟာ မိဘ တွေ အသတ်ခံလိုက်ရပြီးနောက် ထွက်ပြေးလာသူတွေ၊ မိသားစုနဲ့ ကွဲကွာသွားသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဦးခေါင်းကို သေနတ်ဒင်ဖြင့်ရိုက်၊ ဓားဖြင့်လှီးခံခဲ့ရကြောင်း ပြသနေသည့် ရိုဟင်ဂျာဒုက္ခသည် နူရ်ကာမာလ် (၁၇ နှစ်) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင် ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ Credit: Jorge Silva/Reuters

၂၀၁၇ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က ဖြစ်ရပ်မှာတော့ စစ်သားတွေနဲ့ လက်နက်ကိုင်ရခိုင်တွေကမင်း ကြီးရွာကို ဝင်ရောက်စီးနင်းပြီး ရွာမှာပုန်းအောင်းနေကြတဲ့ ရိုဟင်ဂျာတွေကို တိုက်ခိုက်ခဲ့ကြပါတယ်။

ထွက်ပြေးဖို့ ကြိုးစားသူတွေကို သေနတ်နဲ့ပစ်၊ အဖမ်းခံတဲ့ ရွာသားတွေကို ချုပ်နှာင်ထားပြီးနောက် အမျိုးသမီးနဲ့ ကလေးတွေကို သတ်သတ်စီ ခွဲထုတ်ခဲ့ကြပါတယ်။

အမျိုးသားတွေကို အစုလိုက်သတ်ဖြတ်ပြီး အလောင်းတွေကို ကျင်းသုံးကျင်းထဲထည့်ပြီး ဓာတ်ဆီ လောင်း မီးရှို့လိုက်တယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေကိုတော့ အခန်းတွေထဲခေါ်သွားပြီး ပစ္စည်းယူ၊ မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြသလို၊ နို့စို အရွယ် အပါအဝင် ကလေးတွေကိုလည်း ဓားနဲ့ထိုးပြီး သတ်ကြတယ်လို့ ဆိုပါတယ်။

"တွေ့ဆုံမေးမြန်းခဲ့သူတွေရဲ့‌ ပြောပြချက်အရ ဒီလုပ်ရပ်တွေကို တပ်မတော်သားတွေက အဓိက ကျူး လွန်ကြတယ်"လို့ တိုင်ကြားလွှာမှာ ဖော်ပြထားပါတယ်။ အဲဒီမှာ ရခိုင်လူမျိုးတချို့နဲ့ "တခြားလူမျိုးတွေ လည်း ပါတယ်" လို့ ဆိုပါတယ်။

မင်းကြီးရွာသတ်ဖြတ်မှုမှာ အနည်းဆုံး လူ ၇၅၀ လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“မှိန်ပစ်ခြင်း”

ဒီအကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်း စု ကြည်က… ဒါတွေဟာ သတင်းတု သတင်းမှားတွေ ဖြစ်တယ်ဆိုပြီး လျှော့ပေါ့ပြောခဲ့တယ်လို့ ဆိုပါ တယ်။

မြန်မာအာဏာပိုင်တွေကို အရေးယူနိုင်ဖို့အတွက်နိုင်ငံတကာတရားရုံးမှာတိုင်ကြားထားတဲ့နောက်ထပ် အမှု နှစ်မှု ရှိနေပါသေးတယ်။

၂၀၁၉ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (International Criminal Court) မှာ ဘင်္ဂ လားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာတွေ အရေးကိစ္စကို ကြားနာခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ICC ရောမစာချုပ် အဖွဲ့ဝင်ဖြစ်ပေမယ့် မြန်မာနိုင်ငံက အဖွဲ့ဝင် မဟုတ်တဲ့အတွက် ကြားနာစစ်ဆေးမှု အ ကန့်အသတ်တွေ ရှိနေပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအတွက် အရေးယူပေး ဖို့ ဂမ်ဘီယာနိုင်ငံက တရားလိုလုပ်ပြီး ကုလသမဂ္ဂရဲ့ အမြင့်ဆုံးခုံရုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ တရား ရုံး (International Court od Justice) ကို တင်သွင်းခဲ့ပါတယ်။

အာဂျင်တီးနားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဖက်ခြမ်းမှာ ရှိနေပေမဲ့ မြန်မာစစ်တပ်အနေနဲ့ဒီတရား စီရင်မှုကနေ ပြေးလွတ်မှာ မဟုတ်ပါဘူးလို့ တရားလို ဦးထွန်းခင်က ပြောဆိုသွားပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */