" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, April 6, 2019

ရခိုင်ပဋိပက္ခအတွင်း အရပ်သားတွေ ထိခိုက်သေကျေ တဲ့အပေါ် ကုလပြစ်တင်ရှုတ်ချ

VOA 
 ဗွီအိုအေ (မြန်မာပိုင်း)
05 ဧပြီ၊ 2019 
  ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Ravina Shamdasani (Photo: UN Multimedia)
လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား တွေ ထိခိုက်သေကျေခဲ့ရတဲ့အပေါ် ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ဘူးသီးတောင်မြို့နယ်တွင်းက ဖုန်ညိုလိပ် ကျေးရွာမှာ ဧပြီလ ၃ ရက်နေ့ ညနေခင်းမှာ စစ်ရဟတ်ယာဉ် ၂ စင်းရဲ့ ပစ်ခတ်မှုကြောင့် လယ်ကွင်းထဲမှာ နွားတွေနဲ့အတူ ရှိနေတဲ့ အရပ်သား ၇ ယောက်ထက်မနည်း သေဆုံးပြီး၊ ၁၈ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ နေရာဟာ မကြာသေးခင်ရက်တွေ တုန်းက ရိုဟင်ဂျာတွေ အကြီးအကျယ် ပြောင်းရွှေ့ထွက်ခွာခဲ့ကြရတဲ့ နယ်မြေတခု ဖြစ်ကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ကော်မရှင်နာမင်းကြီးရုံး ပြောခွင့်ရသူ Ravina Shamdasani က ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့က ကုလသ မဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ရရှိထားတဲ့ သတင်းတွေအရ တိုက်ပွဲတွေကြောင့် မတ်လ ၂၅ ရက်ကနေ ၃၀ ရက်နေ့အထိ ဘူးသီးတောင်နဲ့ ရသေ့တောင် ကားလမ်းတလျှောက်က ရွာတွေမှာရှိတဲ့ ရိုဟင်ဂျာ ၄၀၀၀ လောက် နေရပ်စွန့်ခွာခဲ့ရကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ (AA) တို့ကြား တိုက်ပွဲတွေကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက ဒေ သခံတွေအားလုံး ဒုက္ခရောက်နေတဲ့အတွက် တိုက်ခိုက်မှုတွေ အမြန်ဆုံး ရပ်ဆိုင်းဖို့လည်း တိုက်တွန်းခဲ့ တာပါ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဒီသတင်းပတ်ထဲ ထုတ်ပြန်ချက်မှာတော့ မြန်မာ့တပ်မတော်က အကြမ်း ဖက် သောင်းကျန်းသူအဖြစ် သုံးနှုန်းဖော်ပြထားတဲ့ AA လက်နက်ကိုင်အဖွဲ့ကို နှိမ်နင်းရာမှာအတူ ရှိနေတဲ့ ရွာသားတွေ သေဆုံးခဲ့တာဖြစ်ကြောင်း ဖော်ပြခဲ့တာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးရုံးရဲ့ ကြေညာချက်မှာတော့ လွန်ခဲ့တဲ့နှစ်တွေအ တွင်း အရပ်သားတွေအပေါ် ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှု ရှိစေရေး နိုင်ငံတကာ အသိုင်း အဝန်းက အရှိန်မြှင့် ကြိုးပမ်းနေချိန်မှာ မြန်မာစစ်တပ်က နောက်ထပ် တိုက်ခိုက်မှုတွေ ကျုးလွန်နေကြောင်း ဖော်ပြထားပါတယ်။

၂၀၁၇ သြဂုတ်လတုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက် အဖွဲ့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ အတွင်း လူ့အ ခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံ တကာ အသိုင်း အဝန်းက စွပ်စွဲထားတာပါ။

မြန်မာစစ်တပ်နဲ့ အစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို၊ နိုင် ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာမရှိကြောင်းလည်း ငြင်း ဆန်ထားပြီး၊ ကျုးလွန်သူတွေကို အရေးယူခဲ့တာတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */