Showing posts with label မြန်မာကိုယ်စားလှယ်. Show all posts
Showing posts with label မြန်မာကိုယ်စားလှယ်. Show all posts

Wednesday, March 15, 2023

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဆွေးနွေးဖို့ မြန်မာကိုယ်စား လှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ရောက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၅ မတ်လ ၂၀၂၃

 

၂၀၁ရခုနှစ် အောက်တိုဘာလ ၁၆ရက်နေ့က ရိုဟင်ဂျာဒုက္ခသည်များ မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံနေရပုံ

 
ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်အတွက်ဆွေးနွေးဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေကပြောပါတယ်။ Teknaf မြို့ကို အဖွဲ့ဝင် ၁၇ ယောက် ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ရောက်လာတာလို့လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ရေးရာ ကော် မရှင်နာရုံး တာ ဝန်ရှိသူတွေက သတင်းဌာနတွေကို ဒီကနေ့ပဲ ပြောခဲ့ကြတာပါ။ 

Saturday, February 29, 2020

ရခိုင်အရေးပိုရှုပ်ထွေးလာမှုမှာ တပ်မတော်နှင့် AA ပဋိပက္ခ ကြောင့်ဟု မြန်မာကိုယ်စားလှယ်ပြော

မြန်မာတိုင်းမ်နေ့စဉ်
စိုင်းဝဏ္ဏ 
29 FEB 2020

ရခိုင်ပြည်နယ်အတွင်း ပိုမိုရှုပ်ထွေးလာသည့် အခြေအနေမှာ တပ်မတော်နှင့် AA အဖွဲ့တို့၏ ပဋိပက္ခကြောင့် ဖြစ်ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင် ပြောသည်။

'ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် အခြားလူနည်းစုတို့နှင့် လူ့အ ခွင့်အရေးဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၇ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်ခဲ့ရာဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောသည်။

Tuesday, January 21, 2020

မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန် ကြီး ဦးကျော်တင့်ဆွေက ဦးဆောင်


B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.21
 မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဦးဆောင်

အိုင်စီဂျေအဆုံးအဖြတ်ကို သိရဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ နယ်သာလန်နိုင်ငံကို ဒီကနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ထွက်ခွာသွားပါပြီ။ မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော် တင့် ဆွေ က ဦးဆောင်ပြီး ဥပဒေအကြံ ပေးတွေနဲ့ နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေ လိုက်ပါသွား တယ် လို့ နိုင်ငံခြားရေး ဌာနအဆင့်မြင့် အရာရှိတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

Friday, December 20, 2019

မြန်မာကိုယ်စားလှယ်အဖွဲ့ ကမ်းလှမ်းချက် ရိုဟင်ဂျာဒုက္ခ သည် လက်မခံ

VOA  
ဗွီအိုအေ (မြန်မာဌာန)
20 ဒီဇင်ဘာ၊ 2019
မေခ
နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး
 
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး ခိုလှုံခဲ့တဲ့ မွတ်ဆလင်ဒုက္ခသည် တွေက သူတို့ နေရပ်ပြန်ရေးမှာ သူတို့အတွက် နိုင်ငံ တကာ လုံခြုံရေး တပ်ဖွဲ့တွေ တာဝန်ယူ ပေးဖို့ အပါအဝင် နိုင်ငံရေး တောင်းဆိုမှုတွေ လုပ်ခဲ့တယ်လို့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ မြန်မာအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။ နေရပ်ပြန်သူတွေ အဆင်ပြေစေဖို့ နိုင်ငံသားစီစစ်ရေး ကဒ်မှာ လူမျိုး- ဘာသာ ထည့်သွင်းမှုကို ဖယ်ရှားပေးတာ အပါအဝင် မြန်မာအစိုးရဘက်က လိုက်လျောမှုတွေ လုပ်ပေးနေကြောင်းလည်း ပြောပါတယ်။ဒီသတင်းကို ဗွီအိုအေသတင်းထောက်မေခကစုစည်းတင်ပြထားပါတယ်။

Thursday, December 19, 2019

ဘင်္ဂလားရောက် ဒုက္ခသည်များနှင့် မြန်မာကိုယ်စားလှယ် တွေ့ဆုံ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 ဒီဇင်ဘာ၊ 2019
ဘင်္ဂလားဒေရှ့် ကုတုပလောင် ဒုက္ခသည် စခန်းကို ရောက်ရှိလာတဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဦးချမ်းအေးကို ဘင်္ဂလားဒေရှ့် ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီး ကြိုဆို။
 
ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို ဘာ့ကြောင့် လက်မခံနိုင်တာလဲ ဆိုတာ ဒုက္ခသည်တွေကို ရှင်းပြခဲ့တယ်လို့ နိုင်ငံ ခြားရေးဝန်ကြီး ဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောပါတယ်။

Thursday, September 19, 2019

အထူးအစီရင်ခံစာတင်သွင်းသူနှင့် အချက်အလက်ရှာဖွေရေး အဖွဲ့တို့နှင့် အပြန်အလှန်ဆွေးနွေးပွဲများ၌ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က ပြန်လည်တုံ့ပြန်ပြောကြား

မြန်မာ့အလင်း
နေပြည်တော် စက်တင်ဘာ ၁၉
ဂျီနီဗာမြို့ ကုလသမဂ္ဂအဆောက်အဦ၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၄၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အထူးအစီ ရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုနှင့် လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေ ရေးအဖွဲ့ (FFM) ၏ မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲတို့ကို ၁၆-၉-၂၀၁၉ ရက်နှင့် ၁၇-၉-၂၀၁၉ ရက်တွင် ပြုလုပ်ခဲ့ရာ၌ မြန်မာနိုင်ငံအပေါ် အထူးအစီရင်ခံစာတင်သွင်းသူ၏ အပြု သဘောမဆောင်သည့် ဝေဖန်သုံးသပ်ပြောကြားမှုများနှင့် အချက်အလက်ရှာဖွေရေးအဖွဲ့၏ မျှတမှုမရှိသည့် အစီရင် ခံစာတို့နှင့်ပတ်သက်၍ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တုံ့ပြန်ပြောကြားခဲ့သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */