" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, September 19, 2019

အထူးအစီရင်ခံစာတင်သွင်းသူနှင့် အချက်အလက်ရှာဖွေရေး အဖွဲ့တို့နှင့် အပြန်အလှန်ဆွေးနွေးပွဲများ၌ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က ပြန်လည်တုံ့ပြန်ပြောကြား

မြန်မာ့အလင်း
နေပြည်တော် စက်တင်ဘာ ၁၉
ဂျီနီဗာမြို့ ကုလသမဂ္ဂအဆောက်အဦ၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၄၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အထူးအစီ ရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုနှင့် လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေ ရေးအဖွဲ့ (FFM) ၏ မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲတို့ကို ၁၆-၉-၂၀၁၉ ရက်နှင့် ၁၇-၉-၂၀၁၉ ရက်တွင် ပြုလုပ်ခဲ့ရာ၌ မြန်မာနိုင်ငံအပေါ် အထူးအစီရင်ခံစာတင်သွင်းသူ၏ အပြု သဘောမဆောင်သည့် ဝေဖန်သုံးသပ်ပြောကြားမှုများနှင့် အချက်အလက်ရှာဖွေရေးအဖွဲ့၏ မျှတမှုမရှိသည့် အစီရင် ခံစာတို့နှင့်ပတ်သက်၍ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တုံ့ပြန်ပြောကြားခဲ့သည်။

အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန် ဆွေးနွေးပွဲ၌ အမြဲတမ်းကိုယ်စားလှယ်က ဒီမိုကရေစီခိုင် မာရေး၊ ဝေးလံခေါင်ဖျားဒေသများရှိ လူနည်းစုတိုင်းရင်းသားများ အပါအဝင် အားလုံး၏ လှူအခွင့်အေ ရး မြှင့်တင်ရေး၊ ညီမျှသည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိဘဲ တာဝန်ခံမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ဘာသာ ပေါင်းစုံချစ်ကြည်ရင်းနှီးမှုနှင့် သဟဇာတဖြစ်ရေး၊ လွတ်လပ်စွာ ထုတ် ဖော်ခွင့်နှင့် အင်တာနက်အသုံးပြုနိုင်မှု၊ အဓမ္မစေခိုင်း မှုများ အဆုံးသတ်ရေး၊ အမျိုးသမီးများနှင့် ကလေးသူ ငယ် များအပါအဝင် မည်သှူအပေါ် ကျူးလွန်သည့် မည်သည့် အကြမ်းဖက်မှုမျိုးကိုမဆို ကာကွယ်ရေးတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို လှူအခွင့်အရေး ကောင်စီသို့ အသိပေးပြောကြား ခဲ့သည်။ အမြဲတမ်ကိုယ်စားလှယ် က လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှု တွင် ကလေးသူငယ်များ၏ အခွင့်အရေး ဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်သို့ မြန်မာနိုင်ငံမှ အတည် ပြု ပါဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ကောင်စီသို့ အသိပေးပြောကြားခဲ့သည်။

လှူအခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ မြန်မာ အစိုးရ၏ ခိုင်မာသောမူဝါဒမှာ ပြစ်မှုကျူး လွန်သူများ ကို ဥပဒေနှင့်အညီ အရေးယူကြောင်း၊ ကျား-မ၊ အသက်အရွယ်၊ လိင်ကွဲပြားမှု၊ အဆင့်အတန်း၊ တိုင်းရင်း သားဖြစ်မှုနှင့် ဘာသာရေးတို့ကို အခြေခံ၍ ခွဲခြားဆက်ဆံမှုမရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးများ၊ လူငယ်များနှင့် မသန်စွမ်းသူများပါဝင်နေခြင်းကြောင့် “]]အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်}} ဖြစ်သည်ကို ပြ သနေကြောင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ မြန်မာအစိုးရ သည် အားလုံးပါဝင်သည့် အလုံးစုံချဉ်းကပ်မှုပုံစံမျိုးဖြင့် ဆောင်ရွက်နေကြောင်း၊ နေရပ်စွန့်ခွာမှု ဖြစ်ပွားရသည့် အဓိက အကြောင်းရင်းမှာ နယ်ခြားစောင့်ရဲစခန်း ၃၀ ကို အာဆာ အကြမ်းဖက်များ တိုက်ခိုက်မှုနှင့် အပြစ်မဲ့ပြည်သူများအပေါ် ရက်ရက်စက်စက် ကျူးလွန်မှုများနှင့် ခြိမ်း ခြောက်မှုများ ကြောင့်ဖြစ်ကြောင်း၊ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကော့ခ်ဘဇားသို့ သုံးကြိမ် သွားရောက်ခဲ့ပြီး၊ နေရပ်စွန့်ခွာသူ များ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်စတင်နိုင်ရေး သုံးကြိမ် တိုင်တိုင် ကြိုးပမ်းခဲ့ကြောင်း၊ စခန်းများ၌ အာဆာ၏ ခြိမ်းခြောက်မှုများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းအချို့တို့၏ ဟန့်တားမှုတို့က ပြန် လည်လက်ခံရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေကြောင်း၊ နေရပ်စွန့်ခွာသူများ၏ အတိ ဒုက္ခကို နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချနေကြောင်း၊ သို့ဖြစ်၍ နေရပ်စွန့်ခွာသူများ ကြောက်ရွံ့ မှု၊ လွှမ်းမိုးချုပ်ကိုင်မှု ကင်းစွာဖြင့် အမှန်တရားကို ထုတ်ဖော်ပြောကြားနိုင်ရေး အတွက် စခန်းများ၌လည်း သင့်လျော်သည့်ပတ်ဝန်း ကျင် ဖန်တီးပေးရေးသည် အရေးကြီးကြောင်း အလေးအနက် ပြောကြားခဲ့သည်။

နိုင်ငံတကာတရားစီရင်မှုခံယူရေးအတွက် ကြိုးပမ်းနေ

မြန်မာနိုင်ငံသည် တာဝန်ယူမှု၊ တာဝန်ခံမှုအတွက် ]]ကိုင်တွယ်ဖြေရှင်းရန်ဆန္ဒ}}ရှိသကဲ့သို့ ]]ကိုင်တွယ်ဖြေ ရှင်း နိုင်စွမ်း}} လည်းရှိကြောင်း၊ နိုင်ငံတကာတရားစီရင်မှုခံယူရေး အတွက် ကြိုးပမ်းနေခြင်းနှင့် မည်သည့် ယန္တရားမျိုးကိုမဆို ကန့်ကွက်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

မစ္စယန်ဟီးလီ၏ သမာသမတ်မကျမှု၊ ဓမ္မဓိဋ္ဌာန်မကျမှုနှင့် ကောင်းမွန်သော စိတ်ရင်းစေတနာမရှိမှု တို့ကြောင့် သူမအား လွှတ်တော်၌ တညီတညွတ်တည်း ရှုတ်ချခဲ့ကြောင်း ပြောကြား ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် သင့်လျော်သည့် ကုလသမဂ္ဂ ယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ပြောကြား ခဲ့သည်။ လူ့အခွင့် အရေးခေါင်းစဉ်တပ်၍ အပြုသဘော မဆောင်သည့် ချဉ်းကပ်မှုများ၊ ခွဲခြားပြုမှုများ၊ ဒဏ်ခတ် အရေးယူမှု များနှင့် လွန်ကဲသည့် ဖိအားပေးမှုများသည် မြန်မာနိုင်ငံတွင် ကောင်းမွန်သည့် ပြောင်းလဲမှုများကို လှုံ့ဆော် ပေးနိုင်ရန် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ကြောင်း ပြောကြား ခဲ့ပြီး လှူအခွင့်အရေးမြှင့်တင်ရေးအတွက် ကြိုး ပမ်းမှုများတွင် မြန်မာဒီမိုက ရေစီအစိုးရအား အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးမှု များ ပေးရန် နိုင်ငံတကာ အသိုက် အဝန်းကို မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပြောကြားခဲ့သည်။

အမြဲတမ်းကိုယ်စားလှယ်က FFM ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ တုံ့ပြန်ပြောကြားရာတွင် မြန်မာအစိုးရ၊ ကုန် သည် ကြီးများအသင်း၊ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ UEHRD နှင့် ပုဂ္ဂလိကကုမ္ပဏီများအပါအဝင် မြန်မာတစ်နိုင်ငံလုံးက FFM ၏အစီရင်ခံစာနှင့် ၎င်း၏ အခြေအမြစ်မရှိသည့် စွပ်စွဲချက်များအား ကန့်ကွက် ကြောင်းနှင့် ယင်းအစီရင်ခံစာ အား ဒါရူစမန်အစီရင်ခံစာဟု အလွယ်တကူခေါ်ဝေါ်ကြောင်း ပြောကြားခဲ့ သည်။

မြန်မာနိုင်ငံအနေဖြင့် FFM စတင်ဖွဲ့စည်းစဉ်ကတည်းက ပြင်းထန်စွာကန့်ကွက်ကြောင်း၊ ၎င်း၏ ဓမ္မဓိဋ္ဌာန်မကျသည့် အစီရင်ခံစာ၊ မမှန်ကန်သည့် ကောက်ချက်ချမှုများနှင့် အကြံ ပြုချက်များကိုလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ FFM ၏ ဆင့်ပွားဖြစ်သည့် IIM ဖွဲ့စည်းဆောင်ရွက်မှုကို ပြင်းထန် စွာ ကန့်ကွက်ကြောင်း၊ ယင်းမှာ မြန် မာ နိုင်ငံအပေါ် သီးသန့် ခွဲခြားဆက်ဆံ စောင့်ကြည့်စစ်ဆေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဓမ္မဓိဋ္ဌာန်မကျသည့် ရပ်တည်ချက်

ဒီမိုကရေစီနှင့် လှူအခွင့်အရေးအတွက် ကာလကြာရှည် ရုန်းကန်ခဲ့ရချိန်များတွင် ကုလသမဂ္ဂဘက်မှ တစိုက် မတ်မတ် ရပ်တည်ခဲ့သည့် မြန်မာပြည်သူများသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် ဓမ္မဓိဋ္ဌာန်မကျသည့် ရပ် တည်ချက်ကြောင့် စိတ်ပျက်လျက်ရှိကြောင်း၊ FFM ၏ လုပ်ငန်းများသည် လှူအခွင့်အရေးကောင်စီနှင့် ကုလသမ ဂ္ဂစနစ်တစ်ခုလုံးကို မကောင်းသည့်ပုံရိပ် ထင်ဟပ်မှုမဖြစ်စေသင့်ကြောင်း အလေး အနက် ပြောကြားခဲ့သည်။

ထို့ပြင် FFM က မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အထီးကျန်စေရန် (economic isolation) တိုက်တွန်းနေမှုများ သည် အပြစ်မဲ့ပြည်သူသန်းပေါင်းများစွာအား စီးပွားရေး ကျပ်တည်းမှုဖြစ်ပေါ်စေရာ ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက် ခွင့် (right to development) အပါအဝင် လှူအခွင့်အရေးကို ထိခိုက်စေကြောင်း ပြောကြားခဲ့သည်။

FFM အစီရင်ခံစာတွင် လူသားချင်းစာနာမှုအဖွဲ့ဖြစ်သည့် UEHRD ၏ ပုံရိပ်ကို လိုရာဆွဲ၍ မမှန်မကန်ပြော ကြားမှု များကိုလည်း ထောက်ပြခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် လုံခြုံ ရေးနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော် မှုများကို ကာကွယ်ရန် နယ်နိမိတ်မျဉ်းတစ်လျှောက် ခြံစည်းရိုးတည်ဆောက်ရန် အချုပ်အခြာအာဏာ လုပ် ပိုင်ခွင့်ရှိသဖြင့် နယ်စပ်ခြံစည်းရိုး တည်ဆောက်မှုနှင့်စပ်လျဉ်း၍ စွပ်စွဲပြောဆိုမှုများကို တုံ့ပြန် ပြောကြားခဲ့ သည်။

ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထား

အမြဲတမ်းကိုယ်စားလှယ်က FFM သည် ၎င်းတို့ အသား ပေးလိုသည့်အရာကိုသာ အာရုံစိုက်ပြီး အာဆာ အကြမ်း ဖက် အဖွဲ့က အပြစ်မဲ့တိုင်းရင်းသားလူနည်းစု ရာပေါင်းများစွာအပေါ် ရက်စက်ကြမ်းကြုတ်မှု၊ အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုတို့ကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားကြောင်း ထောက်ပြခဲ့သည်။

၎င်းက မြန်မာနိုင်ငံတွင် လိင်အကြမ်းဖက်မှုတားဆီးရေးနှင့် ကျူးလွန်သူများအား အရေးယူ ကိုင်တွယ်ဖြေ ရှင်းနေ မှုများကို ကောင်စီထံသို့ ပြောကြားခဲ့သည်။ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးခြင်း ကို မူဝါဒမရှိကြောင်းနှင့် အစဉ်အလာလည်း မရှိကြောင်း၊ ထို့ပြင် နယ်မြေရှင်းလင်း သုတ်သင်ခြင်းဆိုသည်မှာလည်း သောင်းကျန်း သူများကို တန်ပြန်တိုက်စစ်ဆင်ခြင်းကိုဆိုလိုပြီး နယ်မြေတစ်ခုလုံးကို ရှင်းလင်းခြင်းမဟုတ်ကြောင်း၊ ]]Clearance Operation}} ဆိုသည့် အသုံးအနှုန်းကို FFM မှ မှားယွင်းစွာ နားလည် အဓိပ္ပာယ်ဖွင့် ဆို ထားခြင်းကို ထောက်ပြခဲ့သည်။

အမြဲတမ်းကိုယ်စားလှယ်က နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် မြန်မာနိုင်ငံ၏ လူမှု-စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ ဒီမိုကရေစီလုပ်ငန်းစဉ်ပိုမိုခိုင်မာမှု၊ နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုတို့ကို အထောက်အကူပြုစေမည့် အပြသဘော ဆောင်သော ကူညီပံ့ပိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပေးအပ်ရန် တောင်းဆိုပါကြောင်း နိဂုံးချုပ်ပြောကြားခဲ့သည်ဟု နိုင်ငံခြား ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */