Tuesday, January 21, 2020

မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန် ကြီး ဦးကျော်တင့်ဆွေက ဦးဆောင်


B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.21
 မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဦးဆောင်

အိုင်စီဂျေအဆုံးအဖြတ်ကို သိရဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ နယ်သာလန်နိုင်ငံကို ဒီကနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ထွက်ခွာသွားပါပြီ။ မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော် တင့် ဆွေ က ဦးဆောင်ပြီး ဥပဒေအကြံ ပေးတွေနဲ့ နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေ လိုက်ပါသွား တယ် လို့ နိုင်ငံခြားရေး ဌာနအဆင့်မြင့် အရာရှိတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။
မြန်မာဘက်က လိုက်ပါဆောင်ရွက်တဲ့ ပါမောက္ခ မစ္စတာ ဝီလျှံရှေးဘတ်အပါအဝင် ဥပဒေပညာရှင်အဖွဲ့တွေ လည်း အိုင်စီဂျေကိုလာရောက်မယ်လို့ ဦးကျော်တင့်ဆွေ ကပြောကြားထားပါတယ်။

မြန်မာကို ဂမ်ဘီယာက စွဲဆိုထားတဲ့ အမှုကို လာမယ့်ကြာသပတေးနေ့ ဇန်နဝါရီ ၂၃ ရက်မှာ အဆုံးအဖြတ် ပေးတော့မှာဖြစ်ပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေး ဆိုင်ရာ ကုလသမဂ္ဂ ပဋိဉာဉ်ကို မြန်မာက ချိုးဖောက်တဲ့ အတွက် ဆိုပြီး အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး OIC အဖွဲ့ရဲ့ ကိုယ်စား ဂမ်ဘီယာက အမှုဖွင့် တာ ဖြစ်ပါတယ်။
အိုင်စီဂျေတရားသူကြီးအဖွဲ့

ဂမ်ဘီယာက ကုလ အချက်အလက် ရှာဖွေရေးအဖွဲ့အစီရင်ခံစာနဲ့ မြန်မာ့လူ့အခွင့်အရေး ဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် မစ်ရန်ဟီးလီရဲ့ အချက်အလက်တွေကို ကိုးကားတောင်းဆိုတာဖြစ်ပါတယ်။

မြန်မာက ဂမ်ဘီယာဟာ အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီ ကိုယ်စား တင်တာဖြစ်တယ်၊ အိုအိုင်စီက ခုလို စွဲဆိုခွင့်မရှိဘူးလို့ ချေပခဲ့သလို လုံခြုံရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးမှာ အင်အား အလွန်အကျွံ သုံးကောင်းသုံးမှာဖြစ်နိုင်ပေမယ့် ဒါဟာ ဂျီနိုဆိုက်လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က လျှောက်လဲခဲ့ပါတယ်။

နှစ်ဖက်တောင်းဆိုချက်တွေက ဘာတွေလဲ

ဂမ်ဘီယာတောင်းဆိုတဲ့ ကြားဖြတ်အစီအစဉ် ၆ ချက်ကတော့

(၁) လူမျိုးတုံးသတ်ဖြတ်မှု ဂျီနိုဆိုက်လို့ ယူဆနိုင်တဲ့၊ ဂျီနိုဆိုက်လို့ ဦးတည်သွားစေနိုင်တဲ့ အရာအားလုံးကို မြန်မာ အစိုးရက ရပ်တန့်ပေးဖို့နဲ့ ရိုဟင်ဂျာတွေ ကို ဥပဒေမဲ့သတ်ဖြတ်တာ၊ ရုပ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ် စက် တာ၊ အဓမ္မပြုကျင့်တာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ၊ အိုးအိမ်တွေ နဲ့ရပ် ရွာတွေကို မီးရှို့တာ၊ တိရစ္ဆာန် တွေနဲ့ မြေယာတွေကို မီးရှို့ဖျက်ဆီးတာ၊ အသက်ရှင်နေထိုင်ရေး အတွက် လို အပ်တဲ့အရာတွေကိုဖျက် ဆီး တာကို မလုပ်ဖို့

(၂) မြန်မာစစ်တပ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ တခြား လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကမဆို ဂျနိုဆိုက်ကို ထပ်မကျူးလွန်ဖို့၊ ဂျီနိုဆိုက်ကျူးလွန်ဖို့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဖို့၊ ဂျီနိုဆိုက်ဖြစ်ရန်လှုံ့ဆော်တာ၊ ဂျီနိုဆိုက်မှာ ပါဝင်ပတ် သက်ခြင်းမရှိဖို့၊ ဥပဒေမဲ့စီရင်ခြင်းမပြုလုပ်ဖို့၊

(၃) မြန်မာက သက်သေအထောက်အထားတွေကို မဖျက်ဆီးဖို့၊ သက်သေခံပစ္စည်းတွေကို တခြားသူများ ကြည့်ရှုခွင့်၊ လေ့လာခွင့်မရအောင် မပြုလုပ်ဖို့

(၄) မြန်မာနဲ့ဂမ်ဘီယာတို့အနေနဲ့ ဘယ်လိုလက်တုံ့ပြန်တဲ့ဆောင်ရွက်ချက်တွေကိုမှမပြုလုပ်ဖို့နဲ့ အခြေအနေ ကို ပိုဆိုးလာမယ့်ကိစ္စရပ်တွေကိုတွေ မပြုမလုပ်ဖို့

(၅) ကြားဖြတ်စီမံချက်တွေကို ချမှတ်ခဲ့လို့ရှိရင် လေးလအတွင်း နှစ်ဖက်နိုင်ငံက လုပ်ဆောင်ချက်တွေကို အစီရင်ခံ စာတင်ပြဖို့

(၆) မြန်မာဟာ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင် Fact-finding Mission နဲ့ တခြားကုလ အဖွဲ့အစည်းတွေအားလုံးရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့

မြန်မာ၂ ချက်ကတော့
 ရခိုင်အရေးလွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာကို သမ္မတနဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဆီ ဇန်နဝါရီ ၂၀ ရက်က တင်သွင်းခဲ့


(၁) အမှုကို စာရင်းကနေ လုံးဝပယ်ဖျက်ဖို့နဲ့

(၂) မပယ်ဖျက်ပေးနိုင်ရင် ဂမ်ဘီယာဘက်က တောင်းဆိုထားတဲ့ ကြားဖြတ်စီမံချက်တွေ ဆောင်ရွက်ဖို့အမိန့် ကို မထုတ်ပေးဖို့

စတဲ့နှစ်ချက်ဖြစ်ပါတယ်။

အိုင်စီဂျေကို မြန်မာကိုယ်စားလှယ်အဖွဲ့ ဒီကနေ့မသွားရောက်ခင်ရခိုင်အရေးလွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာကို သမ္မတနဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဆီ ဇန်နဝါရီ ၂၀ ရက်က တင်သွင်းခဲ့ပါတယ်။

အပြစ်မဲ့အရပ်သားတွေကို သတ်ဖြတ်တာ၊ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာတွေကိုတော့ မြန်မာလုံခြုံ ရေး တပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါ တယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်များနဲ့ အခြားလူမှုအသိုင်းအဝန်းတွေ ရွှေ့ပြောင်းခံရမှုနဲ့ သတ် ဖြတ်ခံရမှုတွေက လူမျိုးတခု၊ ဘာသာတခုအပေါ် ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ကျူးလွန်ခဲ့တဲ့ သက်သေမျိုးကို မတွေ့ခဲ့ရဘူးလို့လည်း ဖော်ပြပါတယ်။

ဒါကလည်း လက်နက်ကိုင် အဖွဲ့နှစ်ခု တိုက်ခိုက်မှုတွေအကြားမှာ ဖြစ်ခဲ့တာမျိုး ဖြစ်တယ်လို့ ထုတ်ပြန်ပါ တယ်။

ICOE က ရခိုင်ပြည်နယ်၊ ရန်ကုန်၊ နေပြည်တော်တို့မှရရှိတဲ့ အချက်အလက်တွေကို စုဆောင်းတာ အပြင်၊ ရခိုင်အရေးနဲ့ ပတ်သက်ပြီး သက်သေပေါင်း ၁၅၀၀ ကို အဖွဲ့စည်းပေါင်းစုံကနေ ရရှိခဲ့ပါတယ်။ အဲဒီထဲမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းသာမက မူဆလင်၊ ရခိုင်၊ မြို၊ ဒိုင်းနက်အပြင် တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ စတဲ့အဖွဲ့ အစည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အခုထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အဓိကအချက်တွေကို အကျဉ်းချုပ်ထုတ်ပြန်တာဖြစ်ပြီး၊ အစီ ရင် ခံစာအပြည့်အစုံမှာတော့ ရခိုင်အရေးနဲ့ပတ်သက်ပြီး အကြံပြုချက် ၂၂ ခု အပါအဝင်၊ တာဝန်ယူ တာဝန်ခံ လုပ် ဆောင်ရမယ့် အရာတွေ၊ တွေ့ရှိချက်တွေကို ဖော်ပြထားပါတယ်။

စာမျက်နှာ ၄၅၁ မျက်နှာ ပါရှိတဲ့ အစီရင်ခံစာ အပြည့်အစုံမှာတော့ ၁၉၇၁ ကနေ ၁၉၉၂ ခုနှစ်အထိ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့တဲ့ လူတွေအကြောင်း အပါအဝင် ၂၀၁၂ခုနှစ်ကတည်းက ဖြစ်ခဲ့တဲ့အကြောင်းအရာ တွေ ကိုး ကားချက်တွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ နိုင်ငံတကာအဖွဲ့အစည်းတချို့တော့ ဝေဖန်ထားပါတယ်။

တရားရုံး ဆုံးဖြတ်ချက်ကနေ ဘာဖြစ်လာနိုင်လဲ

ကြားဖြတ်စီမံချက်တွေချမှတ်ဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ရင်


အမှုရှုံးသွားတာမဟုတ်ဘဲ မြန်မာအနေနဲ့ ပင်မအမှုကြီးဖြစ်တဲ့ စွပ်စွဲချက်ကို ဆက်လက်ရင်ဆိုင်ရမှာဖြစ် ဒီပင် မ အမှုကြီးက နှစ်နဲ့ချီပြီး ကြာနိုင်တယ်လို့ မြန်မာအစိုးရဘက်ကပြောကြားထားပါတယ်။

နိုင်ငံတကာမျက်နှာစာမှာ မြန်မာပုံရိပ်အကြီးအကျယ်ထိခိုက်နိုင်ပြီး သံတမန် ဆက်ဆံရေး၊ ပြည်ပရင်းနှီးမြှုပ်နှံ မှု၊ ပြည်ပရောက်မြန်မာတွေနဲ့ မြန်မာနိုင်ငံသားတွေပြည်ပသွားတဲ့အခါ အခက်ကြုံနိုင် တယ်လို့ သုံးသပ်မှုတွေရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်က တောင်းဆိုထားတဲ့ အမှုကို လုံးဝပယ်ဖျက်ပေးဖို့နဲ့ တကယ်လို့ မပယ်ဖျက် နိုင်ရင် ကြားဖြတ်ဆောင်ရွက်ချက်တွေမချမှတ်ဖို့ ဆိုတာကို တရားရုံးက ဘယ်လိုဆုံးဖြတ်မလဲဆိုတာလည်း မကြာခင် အဖြေထွက်လာမှာ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */